loading...

loading...

loading...

တင်နက်ဆီရဲ့ အကြီးဆုံးမြို့ နက်ရှ်ဗီလီ အပါအဝင် အလယ်ပိုင်းဒေသတစ်လျှောက် လေဆင်နှာမောင်းတိုက်ခဲ့ပါတယ်။
Ko John

အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ နက်ရှ်ဗီလီမြို့ အပါအဝင် အလယ်ပိုင်းဒေသတစ်လျှောက် လေဆင်နှာမောင်းနှစ်ခု ဖြတ်သန်းတိုက်ခတ်ခဲ့ရာ လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

(Photo: AP)

ဒေသစံတော်ချိန် အင်္ဂါနေ့ (မတ်လ ၃ ရက်) မနက်အစောပိုင်းမှာ လေဆင်နှာမောင်းများ တိုက်ခတ်မှုကြောင့် အဆောက်အအုံ ၅၀ ထက်မနည်း ပျက်စီးခဲပြီး လူဦးရေ ၄၄,၀၀၀ နီးပါး လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ရပါတယ်။ နက်ရှ်ဗီလီမြို့မှာ အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့ကြောင်းနဲ့ အိမ်နီးနားချင်းများ အချင်းချင်း ကူညီကြရန် မြို့တော်ဝန် ဂျွန်ကူးပါးက တိုက်တွန်းခဲ့ပါတယ်။ လေဆင်နှာမောင်းကြောင့် လျှပ်စစ်ဓာတ်အားပေးရေး အခြေခံအဆောက်အဦ ပျက်စီးမှုတွေဖြစ်ခဲ့ပြီး နက်ရှ်ဗီလီမြို့တစ်လျှောက် နေရာများမှာ ဓာတ်အားပြတ်တောက်ကာ အမှောင်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: SIPA USA/PA Images)

"ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေတုန်းပဲ" လို့ တင်နက်ဆီပြည်နယ် အရေးပေါ်ဌာနမှ အရာရှိ မက်ဂီဟန်နန်က BBC သတင်းဌာနကို ပြောပါတယ်။ လေဆင်နှာမောင်းများ တိုက်ခတ်မှုအတွင်း နက်ရှ်ဗီလီမြို့လယ်မှ ရှစ်မိုင်ခန့်အကွာရှိ John C Tune လေဆိပ်မှာလည်း ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

"ဂက်စ်ပိုက်လိုင်းတွေ ယိုစိမ့်နေတယ်၊ လျှပ်စစ်ဓာတ်အားလိုင်းတွေလည်း ပြုတ်ကျနေတယ်၊ ဒဏ်ရာရသူအချို့ကို ကူညီပေးနေပါတယ်" လို့ နက်ရှ်ဗီလီမြို့အရှေ့ဘက်ရှိ Mt uliet ဆင်ခြေဖုံးအရပ်ရှိ ရဲတပ်ဖွဲ့က ပြောပါတယ်။ လေဆင်နှာမောင်းကြောင့် နေအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူတွေ နေထိုင်ရန်အတွက် ယာယီခိုလှုံရေးစခန်းတစ်ခု ဖွင့်လှစ်ထားကြောင်း နက်ရှ်ဗီလီ Emergency Operations Centre က ထုတ်ပြန်ပါတယ်။

(Photo: AP)

လေဆင်နှာမောင်းများ ဖြတ်သန်းတိုက်ခတ်ပြီးနောက် နက်ရှ်ဗီလီမြို့မှာ အပျက်အစီးဖြစ်ပေါ်မှုကြောင့် ကျောင်းများ၊ တရားရုံးများန့ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေကို မတ်လ ၃ ရက်နေ့မှာ ပိတ်ထားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပွားတဲ့နေရာဟာ နက်ရှ်ဗီလီအရှေ့ဘက် မိုင် ၈၀ အကွာရှိ Putnam County ဖြစ်ပြီး ထိုနေရာမှာ လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ လေဆင်နှာမောင်းနှစ်ခု ဖြတ်သန်တိုက်ခတ်ခဲ့တဲ့ တင်နက်ဆီပြည်နယ်ဟာ မတ်လ ၃ ရက်နေ့မှာ ဒီမိုကရက်တစ် သမ္မတလောင်း မဲပေးရွေးချယ်ပွဲပြုလုပ်တဲ့ ပြည်နယ် ၁၄ ခုအနက် တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။

.


ဆက်စပ်အကြောင်းအရာများ


loading...

က္က