ဗိုင်းရပ်စ်ကူးစက်ခံရမှုဟာ သေဆုံးရတဲ့ အကြောင်းရင်းမဟုတ်ဘူးလို့ ဆိုပါတယ်။

အမေရိကန်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့စဥ် ရဲအရာရှိတစ်ဦးက ဒူးခေါင်းဖြင့် ဖိနင်းထားမှုကြောင့် သေဆုံးခဲ့တဲ့ လူမည်းအမျိုးသားရဲ့ အလောင်းစစ်ဆေးမှုရလဒ်အရ ၎င်းထံမှာ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရပါတယ်။

(Photo: TheDenverChannel)

သို့သော် ဗိုင်းရပ်စ်ကူးစက်ခံရမှုဟာ ၎င်းသေဆုံးရတဲ့ အကြောင်းရင်းမဟုတ်ဘူးလို့ ဆိုပါတယ်။ မေ ၂၅ ရက်နေ့က အသက် ၄၆ နှစ်အရွယ် လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက်ဒ် သေဆုံးရတဲ့ တရားဝင် အကြောင်းရင်းဟာ ရဲအရာရှိကို ၎င်းရဲ့လည်ပင်းကို ဖိနင်းပြီး ထိန်းချုပ်ထားခဲ့ရာမှ နှလုံးထိခိုက်မှုကြောင့် ဖြစ်တယ်လို့ အလောင်းစစ်ဆေးမှုရလဒ်က ဖော်ပြထားပါတယ်။



စာမျက်နှာ ၂၀ ပါရှိတဲ့ ဂျော့ဂျ်ရဲ့အလောင်းစစ်ဆေးမှုရလဒ် အစီရင်ခံစာကို Hennepin County Medical Examiner's Office က ဇွန် ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ သေမှုသေခင်း စစ်ဆေးမှုအရ ဂျော့ဂျ် သေဆုံးမှုဖြစ်ရပ်ကို လူသတ်မှုဖြစ်ကြောင်း သတ်မှတ်ခဲ့ပါတယ်။

(Photo: Hennepin County Medical Examiner's Office)

မင်နီဆိုးတားပြည်နယ် မင်နီယာပိုလစ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ထိုဖြစ်ရပ်မှာ ပါဝင်ခဲ့သူ ရဲအရာရှိ လေးဦးကို အလုပ်ထုတ်ပယ်ပြီး ဖမ်းဆီးစွဲချက်တင်ထားကြောင်း သိရပါတယ်။ ဂျော့ဂျ်ရဲ့လည်ပင်းကို ဖိနင်းထားခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် ရဲအရာရှိ Derek Chauvin ကို ဒုတိယဒီဂရီ လူသတ်မှုနဲ့ လူသေစေမှုတို့ဖြင့် စွဲချက်တင်ထားပါတယ်။

ထို့အတူ အခင်းဖြစ်နေရာမှာ အတူရှိနေခဲ့တဲ့ နောက်ထပ် ရဲအရာရှိ သုံးဦးကိုလည်း လူသတ်မှုမှာ အားပေးကူညီမှုဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ရဲအရာရှိ သုံးဦးဟာ Thomas Lane, Tou Thao နဲ့ J Alexander Kueng တို့ဖြစ်ကြောင်း မင်နီယာပိုလစ်မြို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

(Photo: (Photo: Paul Ellis/AFP)

ဂျော့ဂျ်ဖြစ်ရပ်ဟာ လတ်တလောအတွင်း ဂျော်ဂျီယာမှာ Amhaud Arbery နဲ့ ကင်တက်ကီမှာ Breonna Taylor အမည်ရှိ လူမည်းများ အပါအဝင် ရဲတပ်ဖွဲ့ကြောင့် လူအမည်းအမေရိကန်များ သေဆုံးရမှုအပေါ် ကာလရှည်ကြာ ဒေါသဖြစ်နေကြမှုကို ပိုမိုဆိုးရွားလာစေခဲ့ပါတယ်။ အမေရိကန်နိုင်ငံတစ်ဝှမ်းမှာလည်း ထိုဖြစ်ရပ်အပေါ် မကျေနပ်ကြဘဲ ဆန္ဒပြမှု ဆူပူအုံကြွမှုတွေ ပေါ်ပေါက်လာခဲ့ပြီး မြို့အများအပြားမှာ ညမထွက်ရအမိန့်များ ထုတ်ပြန်ထားခဲ့ရပါတယ်။

Source: AP

Share

Loading Next Article...
က္က