အမေရိကန်က တရုတ်လေယာဥ်တွေကို အဝင်အထွက် ပိတ်ပင်မှုဟာ ဇွန် ၁၆ ရက်မှာ သက်ရောက်မှာ ဖြစ်ပါတယ်။
Ko John

အမေရိကန်လေကြောင်းလိုင်းများ တရုတ်သို့ ခရီးစဥ်ပျံသန်းခွင့် ပြန်လည်စတင်ရန် တရုတ်အစိုးရက ခွင့်မပြုခဲ့ပြီးနောက် အမေရိကန်အစိုးရကလည်း တရုတ်လေကြောင်းလိုင်း ခရီးသည်တင်လေယာဥ်အားလုံးကို နိုင်ငံအဝင်အထွက် ပိတ်ပင်ထားရန် ဇွန် ၃ ရက်နေ့မှာ ညွှန်ကြားလိုက်ပါတယ်။

(Photo: Reuters)

ယခု လုပ်ဆောင်မှုတွေဟာ COVID-19 အကျပ်အတည်း နောက်ဆက်တွဲကာလအတွင်း ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးတွေဖြစ်ကြတဲ့ တရုတ်နဲ့အမေရိကန်တို့ကြား တင်းမားမှု ပိုမိုမြင့်တက်လာစေနိုင်ပါတယ်။ အမေရိကန်က တရုတ်လေယာဥ်တွေကို အဝင်အထွက် ပိတ်ပင်မှုဟာ ဇွန် ၁၆ ရက်မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။

သို့သော် သမ္မတဒေါ်နယ်ထရန့်က ညွှန်ကြားလာပါက ပိတ်ပင်မှု ပိုစောနိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန်အစိုးရက Air China နဲ့ China Eastern Airlines အပါအဝင် တရုတ်လေကြောင်းလိုင်း လေးခုကို အဝင်အထွက် ပိတ်ပင်ထားမယ်လို့ ပို့ဆောင်ရေးဌာက ပြောပါတယ်။

(Photo: Getty Images)

"အမေရိကန်လေကြောင်းလိုင်းတွေက ဇွန် ၁ ရက်နေ့ကစပြီး တရုတ်ကို ခရီးသည်တင်လေယာဥ် ပျံသန်းမှု ပြန်လည်စတင်ရန်အတွက် ခွင့်ပြုချက်တောင်းခဲ့ပါတယ်၊ တရုတ်အစိုးရက သူတို့ကို ခွင့်ပြုချက်မပေးခဲ့ပါဘူး၊ ဒါက ကျွန်တော်တို့ရဲ့ လေကြောင်းပို့ဆောင်ရေး သဘောတူညီချက် (Air Transport Agreement) ကို ချိုးဖောက်မှုတစ်ခု ဖြစ်ပါတယ်" လို့ ပို့ဆောင်ရေးဌာနက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ အမေရိကန်လေကြောင်းလိုင်းတွေက COVID-19 ကပ်ရောဂါ အခြေအနေဆိုးနေတဲ့ ကာလအတွင်း တရုတ်သို့ ပျံသန်းမှုတွေကို သိသာစွာ လျှော့ချခဲ့ သို့မဟုတ် ရပ်ဆိုင်းထားခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

(Photo: dinalipi)

သို့သော် United နဲ့ Delta လေကြောင်းလိုင်းတို့ကတော့ လေကြောင်းခရီးစဥ်တွေ ပြန်လည်ပြေးဆွဲရန် မေလဆန်းမှာ ခွင့်ပြုချက်တောင်းခဲ့ရာ တရုတ်မြို့ပြလေကြောင်းပျံသန်းမှု အာဏာပိုင်အဖွဲ့ (Civil Aviation Authority of China - CAAC) က ခွင့်မပြုခဲ့ကြောင်း အမေရိကန် ပို့ဆောင်ရေးဌာနက ပြောပါတယ်။ အမေရိကန်နဲ့ တရုတ်တို့ဟာ COVID-19 ကပ်ရောဂါနဲ့ ဟောင်ကောင်အရေး အပါအဝင် ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဆက်ဆံရေး တင်းမာနေခဲ့ပါတယ်။


က္က