အမေရိကန်ဟာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုနဲ့သေဆုံးမှု အရေအတွက်အများဆုံး နိုင်ငံဖြစ်ပါတယ်။
Ko John

အမေရိကန်မှာ COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ဇူလိုင် ၂၃ ရက်နေ့မှာ ၄ သန်း ကျော်လွန်ပြီဖြစ်ကြောင်း Reuters သတင်းဌာနရဲ့စာရင်းနဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားမှုအရ သိရှိရပါတယ်။

(Image: Worldometers webpage screengrab)

အမေရိကန်ရဲ့ ပထမဆုံး COVID-19 အတည်ပြုလူနာကို ဇန်နဝါရီ ၂၁ ရက်နေ့မှာ စစ်ဆေးတွေ့ရှိခဲ့ရပြီးနောက် ကူးစက်မှုနှုန်း လျင်မြန်စွာ မြင့်တက်နေခဲ့ပါတယ်။ အမေရိကန်မှာ ၉၈ ရက်အတွင်း ကူးစက်ခံရသူ ၁ သန်းပြည့်သွားခဲ့တာလည်း ဖြစ်ပါတယ်။ နောက်ထပ် ၄၃ ရက်အကြာမှာတော့ ကူးစက်ခံရသူ ၂ သန်းဖြစ်လာခဲ့ကာ ဆက်လက်ပြီး နောက် ၂၇ ရက်အကြာမှာ ၃ သန်းပြည့်ခဲ့ကြောင်း သိရပါတယ်။ ထို့နောက် ၁၆ ရက်မျှအကြာမှာ ကူးစက်ခံရသူ စုစုပေါင်း ၄ သန်းပြည့်သွားခဲ့ပါတယ်။



အမေရိကန်မှာ တစ်နာရီလျှင် ပျမ်းမျှအားဖြင့် ကူးစက်ခံရသူ ၂,၆၀၀ ဦးနှုန်း တိုးလာခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာ အမြင့်ဆုံးနှုန်းလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အမေရိကန် ၈၂ ဦးလျှင် အနည်းဆုံးတစ်ဦးနှုန်း COVID-19 ကူးစက်ခံရတယ်လို့ ယူဆရပါတယ်။ အမေရိကန်မှာ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အုပ်ချုပ်ရေးမှူများနဲ့ မြို့တော်ဝန်များဟာလည်း COVID-19 ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး မကြာခဏ ထိပ်တိုက်တွေ့မှုတွေ ဖြစ်နေခဲ့ပြီး mask တပ်ရန် စည်းမျဥ်းထုတ်မှုနဲ့ စီးပွားရေးလုပ်ငန်းများ ပြန်ဖွင့်နိုင်မှုကဲ့သို့ ကိစ္စရပ်တွေအပေါ် သဘောကွဲလွဲခဲ့ကြပါတယ်။

(Photo: AP)

လတ်တလောမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကိုယ်တိုင် COVID-19 ကူးစက်ဖြစ်ပွားမှု အခြေအနေနဲ့ ပတ်သက်ပြီး လေသံပြောင်းသွားခဲ့ပါတယ်။ အစောပိုင်းက သမ္မတထရန့်ဟာ mask တပ်ရန် ဝန်လေးနေခဲ့ပေမဲ့ ယခုသီတင်းပတ်မှာတော့ အမေရိကန်တွေကို mask တပ်ရန် တိုက်တွန်းလိုက်ပြီး ကပ်ရောဂါအခြေအနေ ပိုးဆိုးလာနိုင်ကြောင်းလည်း အသိအမှတ်ပြု လက်ခံလာခဲ့ပါတယ်။

အမေရိကန်ဟာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၄ သန်းကျော်နဲ့ သေဆုံးသူ ၁၄၆,၀၀၀ ကျော်ရှိခဲ့ပါတယ်။ COVID-19 ကူးစက်ဖြစ်ပွားမှုဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ နှေကွေးသွားတဲ့ လက္ခဏာမရှိသေးဘဲ အမေရိကန်နဲ့ တောင်အမေရိကမှာ ကူးစက်မှုနှုန်း အမြန်ဆုံးဖြစ်နေကြောင်း တရားဝင် အချက်အလက်တွေကို အခြေခံထားတဲ့ Reuters စာရင်းက ဖော်ပြပါတယ်။

(Photo: Reuters)

အမေရိကန်ပြီးလျှင် ဘရာဇီးက ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။ ဘရာဇီးမှာ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၂ ရက်) က နေ့အလိုက် ကူးစက်မှုအသစ် တွေ့ရှိရမှု အများဆုံး စံချိန်သစ်တင်ခဲ့ပါတယ်။ ဘရာဇီးမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂.၂ သန်းကျော်နဲ့ သေဆုံးသူ ၈၃,၀၀၀ ကျော်ရှိခဲ့ပါတယ်။

ယခုအခါ လက်တင်အမေရိကမှာ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၄ သန်းကျော်လွန်လာခဲ့ပြီလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်နဲ့ ဘရာဇီးအပြင် ကူးစက်ခံရသူ သန်းနဲ့ချီ တွေ့ရှိရတဲ့ နိုင်ငံမှာ အိန္ဒိယဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁.၂ သန်းကျော် စစ်ဆေးအတည်ပြုထားပါတယ်။ ယခုအခါ လက်တင်အမေရိကမှာ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၄ သန်းကျော်လွန်လာခဲ့ပြီလည်း ဖြစ်ပါတယ်။

(Photo: AP)

ကမ္ဘာတစ်ဝန်းမှာ အမေရိကန်နဲ့ ဘရာဇီးအပြင် ကူးစက်ခံရသူ သန်းနဲ့ချီ တွေ့ရှိရတဲ့ နိုင်ငံမှာ အိန္ဒိယဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁.၂ သန်းကျော် စစ်ဆေးအတည်ပြုထားပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ဟာ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း လူဦးရေ ၁၅ သန်းကျော်ကို ကူးစက်သွားခဲ့ပြီး ၆၃၂,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ရောဂါကူးစက်ခံရပြီးနောက် ပြန်လည်သက်သာလာသူ ၉.၄ သန်းကျော်ရှိခဲ့ကြောင်းလည်း သိရပါတယ်။


Author

  • Ko John

    Editorial Advisor at Duwun


က္က