loading...

loading...

loading...

တာလီဘန်က အစွန်းရောက်အုပ်စုတစ်ခုခုကို ၎င်းတို့ ထိန်းချုပ်နယ်မြေများအတွင်း လက်မခံရန် သဘောတူခဲ့ပါတယ်။
Ko John

အမေရိကန်နဲ့ တာလီဘန်စစ်သွေးကြွအုပ်စုတို့က သမိုင်းဝင် ငြိမ်းချမ်းရေးသဘောတူညီမှုကို လက်မှတ်ရေးထိုးလိုက်ပြီလို့ သိရပါတယ်။

(Photo: Reuters)

ဖေဖေါ်ဝါရီ ၂၉ ရက်နေ့က အမေရိကန်နဲ့ တာလီဘန်တို့ လက်မှတ်ရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုက အာဖဂန်နစ္စတန်နိုင်ငံမှာ ၁၈ နှစ်ကျော်ကြာ ဖြစ်ပွားနေခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်ရန်ဦးတည်တဲ့ ခြေလှမ်းတစ်ရပ်လည်း ဖြစ်လာပါတယ်။ စစ်သွေးကြွတွေက သဘောတူညီချက်ကို လိုက်နာထိန်းသိမ်းပါက အမေရိကန်နဲ့ NATO မဟာမိတ်တို့က၁၄ လအတွင်း အာဖဂန်မှ တပ်ဖွဲ့များအားလုံးကို ရုပ်သိမ်းသွားမယ်လို့ ဆိုပါတယ်။

အာဖဂန်မှာ ဆင်နွှဲနေခဲ့တဲ့ စစ်ပွဲဟာ အမေရိကန်ရဲ့ အရှည်ကြာဆုံး စစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။ သမ္မတဒေါ်နယ်ထရန့်က အမေရိကရဲ့ အရှည်ကြားဆုံးစစ်ပွဲကို နောက်ဆုံးမှာ အဆုံးသတ်ရန်နဲ့ မိမိတို့ရဲ့ တပ်ဖွဲ့တွေကို အိမ်ကိုပြန်ခေါ်ရန် လုပ်ဆောင်နေကြောင်း ပြောခဲ့ပါတယ်။


(Photo: Hussein Sayed/AP)

အမေရိကန်နဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီမှုအရ တာလီဘန်အုပ်စုက အယ်လ်ကေဒါ သို့မဟုတ် အခြား အစွန်းရောက်အုပ်စုတစ်ခုခုကို ၎င်းတို့ ထိန်းချုပ်နယ်မြေများအတွင်း လက်မခံရန် သဘောတူခဲ့ပါတယ်။ တာလီဘန်အုပ်စုမှ တိုက်ခိုက်ရေးသမား ၅,၀၀၀ ကို ကာတာနိုင်ငံ ဒိုဟာမြို့မှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးတဲ့ အခမ်းအနားကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွမ်ပီအိုနဲ့ တာလီဘန်အုပ်စုခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါတယ်။

ယခု သဘောတူညီမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းခဲ့ရာမှာ တာလီဘန်အုပ်စုက အာဖဂန်အစိုးရလက်အောက်ရှိ အကျဥ်းထောင်များမှာ ဖမ်းဆီးထားတဲ့ ၎င်းတို့ရဲ့ တိုက်ခိုက်ရေးသမား ၅,၀၀၀ ကို ပြန်လွှတ်ပေးရန် တောင်းဆိုထားပါတယ်။

(Photo: AP)

အာဖဂန်အစိုးရဘက်ကတော့ ထိုတောင်းဆိုချက်ကို သဘောတူသွားမည်ဟုတ် မဟုတ် အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။ အမေရိကန်နဲ့ တာလီဘန်တို့ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီမှုအရ တာလီဘန်တိုက်ခိုက်ရေးသမာ ၅,၀၀၀ နဲ့ အာဖဂန်တပ်ဖွဲ့ဝင် ၁,၀၀၀ ကို မတ်လ ၁၀ ရက်နေ့မှာ ပြန်လွှတ်ပေးမယ်လို့ ပြောထားပါတယ်။ အာဖဂန်အစိုးရနဲ့ တာလီဘန်အုပ်စုကြား ဆွေနွေးညှိနှိုင်းမှုတွေ ဆက်လုပ်သွားမယ်လို့လည်း သိရပါတယ်။

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှာ အာဖဂန်နစ္စတန်အခြေစိုက် အယ်လ်ကေဒါအကြမ်းဖက်အုပ်စုက နယူးယော့ခ်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အပါအဝင် နေရာလေးခုကို အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီးနောက် သီတင်းပတ်အကြာမှာ အမေရိကန်က အာဖဂန်နစ္စတန်နိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်ခဲ့ပြီး စစ်ပွဲဆင်နွှဲခဲ့ပါတယ်။

(Photo: ABC News)

အာဖဂန်စစ်ပွဲအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၂,၄၀၀ ကျော် သေဆုံးခဲ့ပြီး လက်ရှိအချိန်အထိ အာဖဂန်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၁၃,၀၀၀ တပ်စွဲထားဆဲလည်း ဖြစ်ပါတယ်။ သဘောတူညီမှုအရ လာမယ့် သုံးလမှ လေးလအတွင်း အာဖဂန်မှာတပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ကို ၁၂,၀၀၀ မှ ၈,၆၀၀ သို့ လျှော့ချရုပ်သိမ်းသွားမယ်လို့ AP သတင်းက ဖော်ပြထားပါတယ်။ ကျန်ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေကိုတော့ ၁၄ လအတွင်း ရုပ်သိမ်းသွားရန် သဘောတူညီထားပါတယ်။ အမေရိကန်သမ္မထရန့်က အာဖဂန်စစ်ပွဲကို အဆုံးသတ်မယ်လို့ ကတိပြုထားခဲ့ကြောင်း သိရပါတယ်။


loading...

က္က