အသက် ၁၃ နှစ်အရွယ်မှာ ပယောဂဆရာက ခေါ်ဆောင်သွားခဲ့ပါတယ်။
Ko John

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းပေါ်ရှိ ကျေးရွာတစ်ရွာမှာ ပယောဂဆရာက လိင်ကျေးကျွန်သဖွယ် ၁၅ နှစ်ကြာ ဖမ်းဆီးထားခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ကယ်တင်လွတ်မြောက်စေခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

DkAcPcQWsAAorNG.jpg

Photo: Indoensia Police Handout



ယခုအခါ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါ အမျိုးသမီးကို သူမရဲ့အသက် ၁၃ နှစ်အရွယ်မှာ ပယောဂဆရာက ခေါ်ဆောင်သွားခဲ့ပြီးနောက် ကာမလိမ်လည်ရယူခဲ့ကြောင်း သိရပါတယ်။

အသက် ၈၃ နှစ်အရွယ် ပယောဂဆရာက ထိုအမျိုးသမီးကို နေ့ပိုင်းအချိန်တွေမှာ လှိုဏ်ဂူတစ်ခုထဲမှာ နေထိုင်စေခဲ့ပြီး ညဘက်မှာတော့ ၎င်းရဲ့နေအိမ်အနီးရှိ တဲတစ်ခုအတွင်းသို့ ခေါ်ဆောင်ထားရှိကာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ကာမလိမ်လည်ရယူခဲ့တယ်လို့ ဆိုပါတယ်။

၂၀၀၃ ခုနှစ်ကတည်း ပျောက်ဆုံးသွားခဲ့တဲ့ အဆိုပါ အမျိုးသမီးကို တနင်္ဂနွေနေ့ (သြဂုတ် ၅ ရက်) မှာ ကယ်တင်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (သြဂုတ် ၇ ရက်) ပြောပါတယ်။ အမျိုးသမီးကို ဖမ်းဆီးထားခဲ့တဲ့ ပယောဂဆရာက သူမအား အမ်ရင်အမည်ရှိ ယောက်ျားလေးတစ်ဦးရဲ့ ဓာတ်ပုံကိုပြသခဲ့ပြီး သူမရဲ့ ချစ်သူအဖြစ် ယုံကြည်စေခဲ့ပါတယ်။

_102857850_d0e94f67-d3d5-4a61-b661-f6d5362ae399 (1).jpg

အမျိုးသမီးကို ၁၅ နှစ်ကြာ ဖမ်းထားခဲ့သည့် ပယောဂဆရာ (Photo: Indonesia Police Handout)



ပယောဂဆရာက အဆိုပါချစ်သူအမျိုးသားရဲ့ ဝိညာဉ်ဟာ ၎င်းရဲ့ခန္ဓာကိုယ်မှာ ပူးကပ်ဝင်ရောက်နေတယ်လို့ အမျိုးသမီးကို အယုံသွင်းပြောဆိုပြီး ကာမလိမ်လည်ရယူခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ထိုအမျိုးသမီးကို ၂၀၀၃ ခုနှစ်အတွင်း သူမရဲ့အသက် ၁၃ နှစ်အရွယ်မှာ မိသားစုက ပယောဂဆရာထံ ရောဂါကုသရန် ခေါ်ဆောင်အပ်နှံထားခဲ့တယ်လို့ သိရပါတယ်။ ထိုနှစ်အတွင်းမှာပင် အမျိုးသမီး ပျောက်ဆုံးသွားခဲ့ပါတယ်။

2018-08-07_232115.jpg

Map: Google



သူမဟာ အလုပ်အကိုင်ရှာဖွေရန် ဂျကာတာမြို့ကို ထွက်ခွာသွားခဲ့ကြောင်း ပယောဂဆရာက မိသားစုကို ပြောခဲ့တယ်လို့ ဒေသခံမီဒီယာမှာ ဖော်ပြပါတယ်။ မိဘဆွေမျိုးတွေက သူမကို နှစ်အတန်ကြာ ကြိုးစားရှာဖွေခဲ့ကြပေမဲ့ နောက်ဆုံးမှာတော့ ပျောက်ဆုံးနေကြောင်း ကြေညာခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အလယ်ပိုင်းဆူလာဝေစီပြည်နယ် Galumpang ဒေသရှိ ကျေးရွာတစ်ရွာကို သွားရောက်ခဲ့ပြီးနောက် လှိုဏ်ဂူထဲမှာ ထိုအမျိုးသမီးကို ရှာဖွေတွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ပယောဂဆရာကို လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်မှုနဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ဥပဒေများဖြင့် စွဲချက်တင်ထားပြီး ထောင်ဒဏ် ၁၅ နှစ် ကျခံရနိုင်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က