၂၀၂၁ ခုနှစ်မှာ ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံက အလွန်မြန်နှုန်းမြင့် သံလိုက်ရထားသစ် ရှေ့ပြေးပုံစံကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထုတ်ဖော်ပြသခဲ့ပါတယ်။

(Photo: news.cn/xinhua)

တရုတ်ရထားကုမ္ပဏီ China Railway Rolling Stock Coporation (CRRC) က အကောင်အထည်ဖော်ခဲ့ပြီး Qingdao မြို့မှာ ထုတ်ဖော်ပြသခဲ့တဲ့ မြန်နှုန်းမြှင့် သံလိုက်ရထားသစ်ဟာ အမြင့်ဆုံးအမြန်နှုန်း တစ်နာရီလျှင် ၃၇၂ မိုင်ခန့်အထိဖြင့် ခုတ်မောင်းနိုင်ကြောင်း သိရပါတယ်။



ကြာသပတေးနေ့ (မေ ၂၃ ရက်) မှာ ထုတ်ဖော်ပြသလိုက်တဲ့ သံလိုက်ရထား (maglev train) ရဲ့ အမြန်နှုန်းဟာ လက်ရှိမှာ တစ်နာရီလျှင် ၂၄၈ မိုင်အထိ ရောက်ရှိနိုင်တဲ့ သံလမ်းပြေးကျည်ဆန်ရထား (bullet train) ရဲ့ အမြန်နှုန်းထက် ပိုများပါတယ်။ ယခု သံလိုက်ရထားသစ်ကို စမ်းသပ်မှုတွေ ပြုလုပ်ပြီးနောက် လာမယ့် ၂၀၂၁ ခုနှစ်မှာ ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။

(Photo: news.cn/xinhua)

"ဥပမာအနေနဲ့ ဘေဂျင်းကနေ ရှန်ဟိုင်းကိုသွားတဲ့ခရီးကို နှိုင်းယှဉ်ကြည့်ပါမယ်၊ ဘေဂျင်းကနေ ရှန်ဟိုင်းကို လေယာဉ်နဲ့သွားရင် ၂ နာရီကျော်၊ လက်ရှိ မြန်နှုန်းမြင့် ရထားနဲ့သွားရင် ၅ နာရီကျော် ကြာနိုင်ပါတယ်၊ အခု သံလိုက်ရထားသစ်နဲ့ဆိုရင် ၃ နာရီကျော်ပဲ ကြာမှာဖြစ်ပါတယ်" လို့ သံလိုက်ရထားသစ် သုတေသနနဲ့ အကောင်အထည်ဖော်မှု အဖွဲ့ခေါင်းဆောင် CRRC လက်ထောက်အင်ဂျင်နီယာချုပ် Ding Sansan က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

(Photo: news.cn/xinhua)

လက်ရှိမှာ ဘေဂျင်း-ရှန်ဟိုင်း ပြေးဆွဲနေတဲ့ မြန်နှုန်းမြင့် ရထားတွေရဲ့ အမြင့်ဆုံး အမြန်နှုန်းဟာ တစ်နာရီလျှင် ၂၁၇ မိုင် ဖြစ်တယ်လို့ဆိုပါတယ်။ ခရီးသည်တင် လေယာဉ်တစ်စီးရဲ့ လက်ရှိ အမြန်နှုန်းကတော့ တစ်နာရီလျှင် ၄၉၇ မိုင်မှ ၅၅၉ မိုင် ဖြစ်ကြောင်းလည်းသိရပါတယ်။ ကမ္ဘာ့အမြန်ဆုံး သံလိုက်ရထားမှာ ဂျပန်နိုင်ငံမှဖြစ်ပြီး ၂၀၁၅ ခုနှစ် ဧပြီလအတွင်း တစ်နာရီလျှင် ၃၇၄ မိုင်ဖြင့် စံချိန်တင်ထားကြောင်း CNN သတင်းမှာ ဖော်ပြပါတယ်။

ဂျပန်နိုင်ငံက တစ်ချိန်မှာ ကမ္ဘာ့အမြန်ဆုံး ကျည်ဆန်ရထားဖြစ်လာမယ့်  နောက်ထပ်မျိုးဆက် ကျည်ဆန်ရထား ရှေ့ပြေးပုံစံတစ်ခုကို မေ ၁၆ ရက်နေ့က စမ်းသပ်ခုတ်မောင်းခဲ့သေးပြီး အမြန်နှုန်း တစ်နာရီလျှင် ၁၉၉ မိုင်နီးပါးအထိ ရောက်ရှိခဲ့ပါတယ်။ ဂျပန် ကျည်ဆန်ရထားသစ်ရဲ့ အမြင့်ဆုံးအမြန်နှုန်းဟာ တစ်နာရီလျှင် ၂၄၉ မိုင်အထိ ဖြစ်တယ်လို့လည်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က