သားပိုက်ကောင်တွေကို ကားဖြင့်တိုက်သတ်မှုဟာ တစ်နာရီကြာခဲ့တယ်လို့ ဆိုပါတယ်။

သြစတြေးလျမှာ သားပိုက်ကောင် အကောင်ရေ ၂၀ ကို ၎င်းရဲ့ကားဖြင့် တမင်ရည်ရွယ် တိုက်သတ်ခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးစွဲချက်တင်ခဲ့ကြောင်း သိရပါတယ်။

(Photo: Janine Green)

ကားဖြင့်တိုက်သတ်ခံထားရတဲ့ အကောင်ငယ်လေးများ အပါအဝင် သားပိုက်ကောင်တွေကို ဆစ်ဒနီမြို့တောင်ဘက် မိုင် ၂၈၀ အကွာ Merimbula မြို့ငယ် ဆင်ဖြေဖုံးရှိ Tura ကမ်းခြေအနီး လမ်းမတစ်လျှောက် တနင်္ဂနွေနေ့ (စက်တင်ဘာ ၂၉ ရက်) က တွေ့ခဲ့ရပါတယ်။



စက်တင်ဘာ ၂၈ ရက် ညပိုင်းက သားပိုက်ကောင်တွေကို ကားဖြင့် တမင်တိုက်သတ်ခဲ့တာဖြစ်ပြီး အချိန်တစ်နာရီကျော်ကြာခဲ့တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။ သားပိုက်ကောင်တွေကို ကားဖြင့်တိုက်သတ်ခဲ့တဲ့ ဆယ်ကျော်သက်ကို ယမန်နေ့ (အောက်တိုဘာ ၁ ရက်) နှောင်းပိုင်းမှာ ဖမ်းဆီးခဲ့ပြီး တိရိစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှု ပြစ်မှုများဖြင့် စွဲချက်တင်ထားကြောင်း သိရပါတယ်။

(Photo: SMH)

သြစတြေးလျနိုင်ငံ New South Wales ပြည်နယ် ဥပဒေအရ တိရိစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်းသူဟာ ထောင်ဒဏ်ငါးနှစ်အထိနဲ့ ငွေဒဏ်အဖြစ် သြစတြေးလျဒေါ်လာ ၂၂,၀၀၀ ချမှတ်ခံရနိုင်ပါတယ်။ တောရိုင်းတိရိစ္ဆာန် ကယ်ဆယ်ရေးသမားတွေက ယခုဖြစ်ရပ်ဟာ ဝမ်းနည်းဖွယ်ရာ အဖြစ်ဆိုးတစ်ခုဖြစ်ကြောင်း ပြောကြပါတယ်။

ဒေသခံတွေ အနေနဲ့ ၎င်းတို့ခြံဝင်းတွေမှာ သားပိုက်ကောင်များ သေဆုံးနေခြင်းရှိ မရှိ ရှာဖွေစစ်ဆေးကြည့်ရန်လည်း တောရိုင်းတိရိစ္ဆာန် ကယ်ဆယ်ရေးသမားတွေက တိုက်တွန်းခဲ့ပါတယ်။ "ဒါက အသိတရားမဲ့တဲ့ သတ်ဖြတ်မှုပါပဲ" လို့ တောရိုင်းတိရိစ္ဆာန် ကယ်ဆယ်ရေးအဖွဲ့မှ Janine Green က ABC သတင်းဌာနကို ပြောပါတယ်။

(Photo: Rob Evans)

ကားဖြင့်တိုက်သတ်ခံရတဲ့ မိခင် သားပိုက်ကောင်တွေရဲ့ သားပေါက်သယ်ဆောင်တဲ့ ဗိုက်ကပ်အိတ်ထဲမှ အကောင်ငယ်လေး သုံးကောင်ကို ကယ်တင်နိုင်ခဲ့ပြီး ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း Wildlife Information, Rescue and Education Service (RSPCA) က ပြောခဲ့ပါတယ်။

သားပိုက်ကောင်တွေကို ကားဖြင့် တမင်တိုက်သတ်ခဲ့တဲ့ ဆယ်ကျော်သက်ကို လာမယ့် နိုဝင်ဘာလမှာ တရားရုံးထုတ် စစ်ဆေးကြားနာသွားမယ်လို့ သိရပါတယ်။ RSPCA က စုံစမ်းစစ်ဆေးမှုတွေအရ သြစတြေးလျမှာ ၂၀၁၇-၁၈ ကာလအတွင်း တိရိစ္ဆာန်ညှဥန်းပန်းနှိပ်စက်မှု ၅၇,၀၀၀ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က