ညွှန့်ပေါင်းအစိုးရဖွဲ့စည်းရန် လုပ်ဆောင်မှု မအောင်မြင်ခဲ့ပါဘူး

အစ္စရေးနိုင်ငံမှာ ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟူက ညွှန့်ပေါင်းအစိုးရဖွဲ့စည်းရန် လုပ်ဆောင်မှု မအောင်မြင်ခဲ့ပြီးနောက် လွှတ်တော်အမတ်တွေက လွှတ်တော်ကိုဖျက်သိမ်းရန် မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

(လွှတ်တော်ဖျက်သိမ်းရေး မေ ၂၉ ရက်မှာ အမတ်များ ဆွေးနွေးကြစဉ်) (Photo: Hadas Parush/Flash90)

ဗုဒ္ဓဟူးနေ့ (မေ ၂၉ ရက်) ညသန်ခေါင်းမှာ လွှတ်တော်အမတ်တွေရဲ့ မဲခွဲဆုံးဖြတ်မှုအရ လွှတ်တော်ကို ဖျက်သိမ်းမှာဖြစ်တာကြောင့် အစ္စရေးမှာ ရွေးကောက်ပွဲအသစ် ပြန်လုပ်ရမှာလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲအသစ်ကို လာမယ့် စက်တင်ဘာ ၁၇ ရက်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။



ဝန်ကြီးချုပ်နက်တန်ယာဟူ (Benjamin Netanyahu) ဟာ ပြီးခဲ့တဲလ ရွေးကောက်ပွဲအပြီးမှာ လက်ယာစွန်းဝါဒီ ညွှန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေး ဆွေးနွေညှိနှိုင်းရာမှာ သဘောတူညီ မရနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရေး ညှိနှိုင်းမှုတွေမှာ သဘောတူညီမှုမရနိုင်ခဲ့တဲ့ အဓိက အကြောင်းရင်းကတော့ ultra-Orthodox Jewish ကျမ်းစာသင်ကျောင်းမှာ ကျောင်းသားတွေအတွက် လွတ်ငြိမ်းခွင့်ပေးထားတဲ့ စစ်မှုမထမ်းမနေရ ဥပဒေမူကြမ်းကိစ္စ ဖြစ်ခဲ့ပါတယ်။

(အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူ) (Photo: Sebastian Scheiner/AP)

ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေး မအောင်မြင်ခဲ့ပြီးနောက် လွှတ်တော်ကိုဖျက်သိမ်းရန် ဗုဒ္ဓဟူးနေ့ညမှာ မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၇၄ မဲနဲ့ ကန့်ကွက်မဲ ၄၅ မဲ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလရွေးကောက်ပွဲမှာ နက်တန်ယာဟူရဲ့ Likud ပါတီက အစ္စရေးလွှတ်တော် (Knesset) ရဲ့ အမတ်နေရာ ၁၂၀ အနက် ၃၅ နေရာ အနိုင်ရခဲ့ပြီး ၎င်းအတွက် ငါးကြိမ်မြောက် ဝန်ကြီးချုပ်သက်တမ်းကို ဆက်လက် ရယူနိုင်မယ့် အခြေအနေရှိခဲ့ပါတယ်။

(အဗစ်ဒေါ လီဘာမန်းနှင့် နက်တန်ယာဟူတို့ကို ၂၀၁၈ ခုနှစ်အတွင်း တွေ့ရစဉ်) (Photo: Haim Hornstein)

သို့သော် နက်တန်ယာဟူဟာ ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေး ညှိနှိုင်းမှုတွေလုပ်ဆောင်ခဲ့ရာမှာ ကာကွယ်ရေးဝန်ကြီးဟောင်း အဗစ်ဒေါ လီဘာမန်း (Avigdor Lieberman) နဲ့ သဘောတူညီမှု မရခဲ့ကြောင်းသိရပါတယ်။ ကာကွယ်ရေးဝန်ကြီးဟောင်းရဲ့ ထောက်ခံမှုဟာ အစိုးရဖွဲ့စည်းနိုင်ရန် အလွန်အရေးပါတယ်လို့ ဆိုပါတယ်။ လွှတ်တော်ကိုဖျက်သိမ်းရန် မဲခွဲဆုံးဖြတ်ပြီးနောက် သတင်းထောက်တွေနဲ့တွေ့ဆုံခဲ့ရာမှာ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူက "ရွေးကောက်ပွဲအောင်နိုင်ရေး တရားဝင် မဲဆွယ်စည်းရုံးမှု လုပ်သွားမှာ၊ ကျွန်တော်တို့ နိုင်မှာပါ၊ ပြည်သူတွေ နိုင်မှာပါ" လို့ ပြောသွားခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က