ခွေးလေးကို ကလေးငယ်တစ်ဦးကဲ့သို့ ကျောပိုးသယ်ပြီး လမ်းတွေမှာ တံမြက်စည်းလှည်းသူပါ။

ဘန်ကောက်မြို့ လမ်းမတွေပေါ် တံမြက်စည်းလှည်းကျင်းတဲ့ သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက သူမရဲ့ ခွေးလေးကို ကလေးငယ်တစ်ဦးကဲ့သို့ ကျောပိုးသယ်ဆောင်ပြီး အလုပ်လုပ်တဲ့အကြောင်း အင်တာနက်မှာ သတင်းကြီးနေပါတယ်။

(Photo: Reuters)

မာဇဒါ (Mazda) လို့ အမည်ပေးထားတဲ့ ခွေးလေးနဲ့ ပိုင်ရှင်အမျိုးသမီးတို့ရဲ့ အကြောင်းက ထိုင်းမှာ လုပ်ငန်းခွင်ကို အိမ်မွေးတိရိစ္ဆာန်ခေါ်ဆောင်လာမှု ပိုမိုခေတ်စားလာစေမယ်လို့ ဆိုကြပါတယ်။ မာဇဒါကို ကျောပိုးထားပြီး ဘန်ကောက်လမ်းမတွေမှာ တံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်နေတဲ့ အမျိုးသမီးရဲ့ ဓာတ်ပုံတွေ အင်တာနက်မှာ စတင်ပျံ့နှံ့လာခဲ့ပြီးနောက် သူမတို့အကြောင်းက သတင်းကြီးလာခဲ့ပါတယ်။



(Photo: Reuters)

တစ်နှစ်သားအရွယ် Poodle-Shih Tzu မျိုးစပ် ခွေးလေးက သခင်ဖြစ်သူ သန့်ရှင်းရေးဝန်ထမ်းရဲ့ နောက်ကျောမှာလွယ်ထားတဲ့ ကျောပိုးအိတ်ကဲ့သို့ အိတ်ထဲမှာ တည်တည်ငြိမ်ငြိမ်ပင် လိုက်ပါနေလေ့ရှိပြီး ယာဉ်အသွားအလာနဲ့ လမ်းလျှောက်သွားသူတွေကလည်း သူ့ကို အနှောင့်အယှက် မဖြစ်စေဘူးလို့ ဆိုပါတယ်။

(Photo: Reuters)

"ကျွန်မက ချစ်သူကို ကျွန်မနဲ့အဖော်ပြုလို့ရအောင် ခွေးလေးတစ်ကောင်ဝယ်ပေးဖို့ ပြောခဲ့တယ်လေ၊ သူ ဝယ်ပေးတဲ့ခွေးကို အလုပ်ကိုခေါ်သွားဖို့ ကျွန်မနဲ့ ကျွန်မချစ်သူတို့ ကတိပြု သဘောတူထားခဲ့တယ်" လို့ မာဇဒါရဲ့ပိုင်ရှင် အသက် ၂၈ နှစ်အရွယ် Thitirat Kewoa-ram က ပြောပါတယ်။ Thitirat က သူမရဲ့ကတိအတိုင်း ခွေးဖြူလေး မာဇဒါကို နေ့စဉ် အလုပ်သွားတိုင်း ကျောပိုးသယ်ဆောင်လာခဲ့တာ ယခုအချိန်မှာ တစ်နှစ်ကြာပြီလို့ သိရပါတယ်။

(Photo: Reuters)

၂၂ ပေါင်နီးပါး အလေးချိန်ရှိတဲ့ မာဇဒါကို ကျောပိုးသယ်ဆောင်သွားရတာက သူမအတွက် အခက်အခဲ မဖြစ်စေဘူးလို့လည်း ဆိုပါတယ်။ လတ်တလော နှစ်များအတွင်း ထိုင်းနိုင်ငံမှာ ပုံမှန်မဟုတ်တဲ့ အလုပ်ချိန်နဲ့ အလုပ်လုပ်ရတဲ့ ကုမ္ပဏီတွေမှာ ဝန်ထမ်းတွေက ၎င်းတို့ရဲ့ အိမ်မွေးခွေးကို လုပ်ငန်းခွင်သို့ ခေါ်ဆောင်လာမှု ရေပန်းစားလာကြောင်းလည်း Reuters သတင်းက ပြောပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က