စံတော်ချိန် ကွာဟာမှုအရ နှစ်သစ်တစ်ခုကို စောပြီးရောက်လေ့ရှိ မြို့တွေဖြစ်ပါတယ်။

စံတော်ချိန် ကွာဟာမှုအရ ကမ္ဘာတစ်ဝှမ်းရှိ အခြားနေရာတွေထက် နှစ်စဥ်နှစ်တိုင်း နှစ်သစ်တစ်ခုကို စောပြီးရောက်လေ့ရှိတဲ့ နယူးဇီလန်နိုင်ငံ အုတ်ကလန်မြို့နဲ့ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တို့မှာ ၂၀၂၀ ခုနှစ်ကို ကြိုဆိုရောက်ရှိခဲ့ကြပြီ ဖြစ်ပါတယ်။

အုတ်ကလန်မြို့ဟာ ၂၀၂၀ ခုနှစ်ကို ပထမဆုံး ရောက်ရှိခဲ့တဲ့ မြို့ဖြစ်ပြီး ဆစ်ဒနီမြို့ကတော့ ၂၀၂၀ ကို ဒုတိယ အစောဆုံးရောက်ရှိခဲ့တဲ့ မြို့ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ည ၇ နာရီခွဲကျော်မျှသာရှိသေးပေမဲ့ အုတ်ကလန်မြို့မှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက် မနက် ၂ နာရီကျော်ပြီဖြစ်ပြီး ဆစ်ဒနီမြို့မှာတော့ ဒီဇင်ဘာ ၃၁ ရက် ညသန်းခေါင်ကျော်ကာ နှစ်သစ်ရဲ့ ဇန်နဝါရီ ၁ ရက်ကို ကူးပြောင်းရောက်ရှိနေပါပြီ။



အုတ်ကလန်နဲ့ ဆစ်ဒနီမြို့များပြီးလျှင် ဩစတြေးလျနိုင်ငံ ဘရစ္စဘိန်းမြို့ဟာလည်း ၂၀၂၀ ခုနှစ်ကို ကြိုတင်ရောက်ရှိနေမယ့် မြို့တစ်မြို့ဖြစ်ကြောင်းလည်း သိရပါတယ်။ အုတ်ကလန်မြို့နဲ့ ဆစ်ဒနီမြို့တို့မှာ ၂၀၂၀ နှစ်သစ်ကို မီးရှူးမီးပန်းများ ပစ်ဖောက်ကြိုဆိုခဲ့ကြတဲ့ မြင်ကွင်းအချို့ကို စုစုည်းဖော်ပြထားပါတယ်။

အုတ်ကလန်မြို့မှာ နှစ်သစ်ကို ကြိုဆိုမှု

(Photo: Getty Images)

(Photo: Getty Images)

(Photo: Getty Images)

(Photo: Getty Images)

ဆစ်ဒနီမြို့မှာ နှစ်သစ်ကို ကြိုဆိုမှု

(Photo: EPA)

(Photo: AAP Image)

(Photo: AAP Image)

(Photo: Getty Images)

(Photo: Getty Images)

(Photo: Getty Images)

(Photo: Getty Images)

(Photo: Getty Images)

Source: CNA, Daily Mail

Share

Loading Next Article...
က္က