၂၀၁၆ မှ ၂၀၁၈ ခုနှစ်အထိ ဘရာဇီးသမ္မတအဖြစ် တာဝန်ယူခဲ့ပါတယ်။

ဘရာဇီးသမ္မတဟောင်း မိုက်ကယ်တီမာကို အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးအရ မတ်လ ၂၁ ရက် ဒေသစံတော်ချိန် မနက်ပိုင်းက ဆော်ပေါလိုမြို့မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရပါတယ်။

(ဖမ်းဆီးခံရသည့် ဘရာဇီးသမ္မတဟောင်း မိုက်ကယ်တီမာ) (Photo: Fernando Bizerra Jr/EPA)

အသက် ၇၈ နှစ်အရွယ် ရှေ့နေတစ်ဦးလည်းဖြစ်သူ တီမာက ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အထိ ဘရာဇီးသမ္မတအဖြစ် တာဝန်ယူခဲ့ပြီး အဂတိလိုက်စားမှုတွေမှာ စုံစမ်းစစ်ဆေးခံနေရပါတယ်။ ထို့နောက် သမ္မတဟောင်းတီမာကို ရီယိုဒီဂျနေရိုမြို့သို့ ခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းကာ စွဲချက်တင်သွားမယ်လို့ ယူဆရပါတယ်။



၎င်းကတော့ မည်သည့်အမှားမျှ ကျူးလွန်ထားခြင်းမရှိဘူးလို့ အခိုင်အမာ ငြင်းဆိုထားပါတယ်။

တီမာ အဖမ်းခံရမှုဟာ သမ္မတရာထူးမှ အနားယူခဲ့ပြီးနောက် ၎င်းအနေနဲ့ ဥပဒေအရ အကာအကွယ်ရရှိမှု လက်လွှတ်ဆုံးရှုံးရပြီလို့လည်း ဆိုနိုင်ပါတယ်။ ဒေသခံမီဒီယာတွေရဲ့ ဖော်ပြမှုအရ ရဲတပ်ဖွဲ့က တီမာကို ဗုဒ္ဓဟူးနေ့ (မတ်လ ၂၀ ရက်) ကတည်းက ခြေရာခံစောင့်ကြည့်နေခဲ့တယ်လို့လည်း သိရပါတယ်။

(ထောင်ဒဏ်ကျခံနေရသည့် သမ္မတဟောင်း လူလာဒါဆေးလ်ဗား) (Photo: AFP)

တီမာကဲ့သို့ပင် ၎င်းလက်ထက်က သတ္တုတွင်းနဲ့စွမ်းအင် ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ မိုရီယာဖရန်ကိုလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ဘရာဇီးနိုင်ငံမှာ Operation Car Wash လို့ သတ်မှတ်ခေါ်ဝေါ်တဲ့ ငွေကြေးခဝါချမှုနဲ့ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေး ဆောင်ရွက်မှုအရ နိုင်ငံရေးသမားနဲ့ စီးပွားရေးလုပ်ငန်းရှင် အများအပြားဟာ ပြစ်ဒဏ်ချမှတ်ခံရ သို့မဟုတ် တရားစွဲဆိုခံထားရပါတယ်။

လက်ဝဲဝါဒီ သမ္မတဒီလ်မာ ရူဆက်ဖ်ကို စွပ်စွဲပြစ်တင်ကာ ရာထူးမှဖယ်ရှားခဲ့ပြီးနောက်၂၀၁၆ ခုနှစ် သြဂုတ်လမှာ ဗဟိုလက်ယာပါတီ MDB မှ တီမာက ဘရာဇီးသမ္မတဖြစ်လာခဲ့ပါတယ်။ အမျိုးသမီးသမ္မတ ဒီလ်မာကို စွပ်စွဲပြစ်တင်ကာ ရာထူးမှဖယ်ရှားခဲ့တဲ့ လုပ်ငန်းစဉ်မှာ တီမာက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

(လက်ရှိ ဘရာဇီးသမ္မတ ဘိုလ်ဆွန်နာရို) (Photo: Alan Santos/PR)

သမ္မတအဖြစ် တာဝန်ယူခဲ့စဉ် တီမာကို အဂတိလိုက်စားမှု စွဲချက်များရှိခဲ့ပေမဲ့ လွှတ်တော်မှာ ၎င်းရဲ့ မဟာမိတ်တွေက ဟန့်တားခဲ့ကြပါတယ်။ ထို့နောက်မှာတော့ လူကြိုက်များမှု သိသိသာသာ နည်းသွားခဲ့တဲ့ တီမာက ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့ပါဘူး။

၂၀၁၈ ခုနှစ် ဘရာဇီးရွေးကောက်ပွဲမှာ လက်ယာစွန်းဝါဒီ ဂျာရေး ဘိုလ်ဆွန်နာရိုက အနိုင်ရရှိပြီး သမ္မတဖြစ်လာခဲ့ပါတယ်။ နောက်ထပ် ဘရာဇီးသမ၁မတဟောင်းဖြစ်တဲ့ လက်ဝဲဝါဒီ လူလာဒါဆေးလ်ဗားကတော့ အဂတိလိုက်စားမှုဖြင့် လက်ရှိမှာ ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ကျခံနေရပါတယ်။ သမ္မတဟောင်း လူလာဒါဆေးလ်ဗားကိုလည်း Operation Car Wash အစီအစဉ်ဖြင့် စုံစမ်းစစ်ဆေးပြီး တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်တယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က