သေနတ်သမားနှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။

ဘရာဇီးအရှေ့တောင်ပိုင်းရှိ ကျောင်းတစ်ကျောင်းမှာ သေနတ်သမားနှစ်ဦးက ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၁၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: Reuters)

ယနေ့ (မတ်လ ၁၃ ရက်) ဒေသစံေတော်ချိန် မနက် ၉ နာရီ ၃၀ မိနစ်ခန့်က စာသင်ကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ဆော်ပေါလိုမြို့ ၃၁ မိုင်အကွာ ဆူဇန်နိုမြို့ မြို့လယ်နေရာရှိ Raul Brasil ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း ကလေးငယ်အများစု အပါအဝင် ၁၇ ဦးလည်း သေနတ်ဒဏ်ရာရခဲ့ကြောင်း Reuters သတင်းက ဖော်ပြထားပါတယ်။



သေဆုံးခဲ့သူတွေဟာ ကလေးခြောက်ဦး၊ ကျောင်းဝန်ထမ်းတစ်ဦး၊ ကျောင်းအပြင်ဘက်မှာ ရပ်နေသူတစ်ဦးနဲ့ ပစ်ခတ်မှုကျူးလွန်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ သေနတ်သမားနှစ်ဦးတို့ ဖြစ်ကြောင်း သိရပါတယ်။ သေနတ်ဒဏ်ရာရခဲ့သူတွေရဲ့ အခြေအနေကို လတ်တလော မသိရသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: Reuters)

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်းမှာ အသက်ခြောက်နှစ်မှ ၁၈ နှစ်အရွယ် ကျောင်းသူကျောင်းသား ၁,၀၀၀ ခန့် တက်ရောက်နေကြတယ်လို့ သိရပါတယ်။ မျက်နှာဖုံးတပ်ထားတဲ့ သေနတ်သမားနှစ်ဦးက ကျောင်းအဆောက်အအုံအတွင်း ဝင်ရောက်လာခဲ့ပြီး ပစ်ခတ်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

စာသင်ကျောင်းမှာ ဝင်ရောက်ပစ်ခတ်ခဲ့သူ သေနတ်သမားနှစ်ဦးဟာ အဆိုပါကျောင်းမှ ကျောင်းသားဟောင်းတွေဖြစ်ပြီး အသက် ၂၀ နဲ့ ၂၅ နှစ်ကြားအရွယ်တွေ ဖြစ်တယ်လို့ သိရပေမဲ့ ၎င်းတို့ရဲ့ အချက်အလက်တွေကိုတော့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

(Photo: Mauricio Sumiya/AP)

ဘရာဇီးဟာ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေ အဖြစ်အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ပေမဲ့ ယခုကဲ့သို့ စာသင်ကျောင်းပစ်ခတ်မှုမှာ ရှားပါးတဲ့ဖြစ်စဉ်လို့ ဆိုပါတယ်။ နောက်ဆုံး ဖြစ်ပွားခဲ့ဖူးတဲ့ စာသင်ကျောင်းပစ်ခတ်မှုမှာ ၂၀၁၁ ခုနှစ်အတွင်း ကလေး ၁၂ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ ထိုစဉ်က ရီယိုဒီဂျနေရိုမြို့ရှိ စာသင်ကျောင်းတစ်ကျောင်းမှာ ကျောင်းသားဟောင်းတစ်ဦးက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က