loading...

loading...

loading...

မိမိကိုယ်တိုင် နေအိမ်မှာ သီးခြားခွဲနေခဲ့ကြောင်း ကျန်းမာရေး အငယ်တန်းဝန်ကြီးက ဆိုပါတယ်။
Ko John

ဗြိတိန်နိုင်ငံ ကျန်းမာရေး အငယ်တန်းဝန်ကြီးနဲ့ ကွန်ဆာဗေးတစ် လွှတ်တော်အမတ် နာဒင်းဒိုရီစ်က သူမထံမှာ COVID-19 ဗိုင်းရပ်စ် တွေ့ရှိခဲ့ရကြောင်း ပြောကြားပါတယ်။

(ဗြိတိန် ကျန်းမာရေး အငယ်တန်းဝန်ကြီး နာဒင်းဒိုရီစ်) (Photo: Jonathan Hordel/REX)

ဗိုင်းရပ်စစ်ဆေးတွေ့ရှိရတယ်လို့ မတ်လ ၁၀ ရက် ညပိုင်းမှာ အကြောင်းကြားခဲ့ပြီးနောက် အကြံပြုထားတဲ့ ကြိုတင်ကာကွယ်မှု အားလုံးကို အမြန်ဆုံး လုပ်ဆောင်ခဲ့ပြီး မိမိကိုယ်တိုင် နေအိမ်မှာ သီးခြားခွဲနေခဲ့ကြောင်း ထုတ်ပြန်ချက်မှာ အသက် ၆၂ နှစ်အရွယ် ဒိုရီစ်က ပြောထားပါတယ်။ ဗြိတိန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၈၂ ဦးနဲ့ သေဆုံးသူ ၆ ဦးအထိရှိလာခဲ့စဥ်မှာ ကျန်းမာရေး အငယ်တန်းဝန်ကြီးလည်း ဗိုင်းရပ်စ်ကူးစက်ခံရတာ ဖြစ်ပါတယ်။

ဗြိတိန်မှာ ခြောက်ဦးမြောက် သေဆုံးသွားသူဟာ အသက် ၈၀ ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ယခင်ကတည်းက ကျန်းမာရေးမကောင်းသူလို့ ဆိုပါတယ်။ ဒိုရီစ်ရဲ့သတင်းကို ကြားသိရပြီးနောက် ကျန်းမာရေးဝန်ကြီး မတ်ဟန်ကွတ်ခ်က ၎င်းရဲ့ Twitter မှာ "သူမက နေအိမ်မှာ မိမိကိုယ်တိုင် သီးခြားခွဲနေခြင်းဖြင့် မှန်ကန်တဲ့အရာကို လုပ်ဆောင်ခဲ့ကြောင်းနဲ့ ပြန်လည်သက်သာပြီး နေကောင်းပါစေလို့ ဆုတောင်းပါကြောင်း" ရေးသားခဲ့ပါတယ်။



(ဗြိတိန် ကျန်းမာရေးဝန်ကြီး မတ်ဟန်ကွတ်ခ်) (Photo: Stefan Rousseau/PA)


"ပြည်သူလူထုက ဒီရောဂါနဲ့ ပတ်သက်ပြီး ဘာကြောင့် စိုးရိမ်ပူပန်ကြလဲဆိုတာ ကျွန်တော် နားလည်ပါတယ်၊ အကောင်းဆုံး ဖြစ်နိုင်ခြေရှိတဲ့ သိပ္ပံပညာပေါ်အခြေခံပြီး ပြည်သူလူထုကို ဘေးကင်းစေဖို့ ကျွန်တော်တို့ လုပ်ဆောင်နိုင်တာ အားလုံးကို လုပ်ဆောင်သွားမှာပါ" လို့လည်း ကျန်းမာရေးဝန်ကြီး မတ်ဟန်ကွတ်ခ်က ပြောထားပါတယ်။

ဗြိတိန်ကဲ့သို့ပင် အီရန်၊ အမေရိကန်နဲ့ ပြင်သစ်တို့မှာလည်း နိုင်ငံရေးသမားများ ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။ အီရန်နိုင်ငံမှာ အမျိုးသမီးများနဲ့ မိသားစုရေးရာ ဒုသမ္မတနဲ့ ကျန်းမာရေး ဒုဝန်ကြီးတို့ ဗိုင်းရပ်စ်ကူးစက်ခံရပြီး လွှတ်တော်အမတ်တစ်ဦးကတော့ ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ပါတယ်။ ပြင်သစ်မှာလည်း လွှတ်တော်အမတ်လေးဦးနဲ့ ဝန်ကြီးတစ်ဦး COVID-19 ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။


(Photo: AP)


အမေရိကန်မှာတော့ ဗိုင်းရပ်စ်ကူးစက်ခံထားရသူနဲ့ ထိတွေ့မှုရှိခဲ့ကြတဲ့ ရီပတ်ဘလစ်ကင် လွှတ်တော်အမတ်ငါးဦးဟာ ကိုယ်တိုင် သီးခြားခွဲနေထိုင်နေကြကြောင်း သိရပါတယ်။ ယ

ေ့ (မတ်လ ၁၁ ရက်) မနက်အစောပိုင်းအထိ ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၁၇,၀၀၂ ဦးရှိပြီး ၄,၂၅၇ ဦး သေဆုံးခဲ့ကြောင်းနဲ့ ပြန်လည်သက်သာလာသူ ၆၄,၄၀၄ ဦးရှိခဲ့တယ်။


မန်နှစ် ဒီဇင်ဘာလကုန်ပိုင်း တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်မှုတွေဟာ တရုတ်ပြည်မကြီးမှာ လျော့ကျလာခဲ့ပေမဲ့ တရုတ်ပြင်ပနိုင်ငံတွေမှာ သိသာစွာ မြင့်တက်လာခဲ့ရာ ထိုနိုင်ငံများအနက် ဗြိတိန်လည်း အပါအဝင် ဖြစ်ပါတယ်။

Source: BBC


loading...

က္က