ဗြိတိန်သမိုင်းတစ်လျှောက် အစိုးရတစ်ရပ်က လွှတ်တော်မှာ အကြီးမားဆုံး ရှုံးနိမ့်မှုဖြစ်ပါတယ်။

ဝန်ကြီးချုပ်ထရီဆာမေရဲ့ Brexit သဘောတူညီမှုကို ဗြိတိန်လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး ပယ်ချလိုက်ပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ်မှ ဗြိတိန်နိုင်ငံ နုတ်ထွက်မှု Brexit အစီအစဉ်ကို ဗြိတိန်အစိုးရနဲ့ ဥရောပသမဂ္ဂတို့ သဘောတူညီထားခဲ့ ဖြစ်ပါတယ်။

(လွှတ်တော်မှာ ရှင်းလင်းပြောကြားနေသည့် ဝန်ကြီးချုပ်ထရီဆာမေ) (Photo: AFP/Mark Duffy/UK Parliament)

သို့သော် Brexit သဘောတူညီမှုကို ဗြိတိန်လွှတ်တော်မှာ ဇန်နဝါရီ ၁၅ ရက်နေ့က မဲခွဲဆုံးခဲ့ရာမှာတော့ ကန့်ကွက်မဲ ၄၃၂ မဲ၊ ထောက်ခံမဲ ၂၀၂ ရလဒ်ထွက်ပေါ်ခဲ့ပြီး ကန့်ကွက်မဲအရေအတွက် ၂၃၀ အသာဖြင့် ပယ်ချလိုက်ပါတယ်။ ယခု မဲခွဲဆုံးဖြတ်မှုရလဒ်ဟာ ဗြိတိန် နိုင်ငံရေးသမိုင်းတစ်လျှောက် လက်ရှိ အစိုးရတစ်ရပ်က လွှတ်တော်မဲခွဲဆုံးဖြတ်မှုမှာ အကြီးမားဆုံး ရှုံးနိမ့်မှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။



(ဗြိတိန်လွှတ်တော်အမတ်များ) (Photo: Daily Mail)

အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဂျရီမီကော်ဘိုင်းက အစိုးရအပေါ် အယုံအကြည်မရှိကြောင်း မဲခွဲဆုံးဖြတ်ရန် စီစဉ်နေပြီး ထိုအခြေအနေက ဗြိတိန်မှာ အထွေထွေရွေးကောက်ပွဲ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဗြိတိန်အစိုးရကို အယုံအကြည်မရှိကြောင်း မဲခွဲဆုံးဖြတ်မှုကို ယနေ့ (ဇန်နဝါရီ ၁၆ ရက်) ပြုလုပ်သွားမယ်လို့လည်း မျှော်လင့်ရတယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။

Brexit နဲ့ပတ်သက်ပြီး လွှတ်တော်မဲခွဲမှုမှာ ရှုံးနိမ့်ခဲ့ခြင်းက ဝန်ကြီးချုပ်ထရီဆာမေအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာပါတယ်။ ထရီဆာမေဟာ ဥရောပသမဂ္ဂကနေ ဗြိတန်နုတ်ထွက်ရေး Brexit သဘောတူညီမှုရရှိရန် ဥရောပသမဂ္ဂနဲ့ ၂ နှစ်ကျော်ကြာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

(ဗြိတိန်လွှတ်တော်ရင်ပြင်မှာ Brexit ကို ကန့်ကွက်ဆန္ဒပြသူများ) (Photo: AP)

Brexit အစီအစဉ်အရ ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ်မှ ဗြိတိန်နုတ်ထွက်မှုကို လာမယ့် မတ်လ ၂၉ ရက်မှာ စတင်ဆောင်ရွက်မှာဖြစ်ပြီး အကူးအပြောင်းကာလ ၂၁ လအတွင်း လွတ်လပ်တဲ့ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းမှုတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Brexit သဘောတူညီမှုကို ဗြိတိန်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုအား ယခင်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာပြုလုပ်ရန် စီစဉ်ထားခဲ့ပေမဲ့ ဝန်ကြီးချုပ်ထရီဆာမေက ရွှေ့ဆိုင်းခဲ့ပြီး ၎င်းရဲ့အစီအစဉ်ကို လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုပိုမိုရရှိအောင် ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။ Brexit သဘောတူညီမှုနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုနဲ့ ထောက်ခံဆန္ဒပြမှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က