loading...

loading...

loading...

စစ်တမ်းတစ်ခုအရ ဗြိတန်စားသုံးသူ ၁၀ ဦးမှာ တစ်ဦးက ကုန်ပစ္စည်းများ ဝယ်ယူစုဆောင်းနေကြတယ်လို့ ဆိုပါတယ်။
Ko John

ဗြိတိန်မှာ COVID-19 ဗိုင်းရပ်စ်ဂယက်ကြောင့် ကုန်ပစ္စည်းဝယ်ယူသိုလှောင်မှုတွေ မြင့်တက်လာခဲ့ရာ နိုင်ငံရဲ့ အကြီးဆုံး ကုန်ပစ္စည်းမျိုးစုံ လက်လီအရောင်းဆိုင်ကြီး Tesco က ခွဲတမ်းဖြင့်ရောင်းချမှုစနစ်ကို စတင်ခဲ့ပါတယ်။

(Photo: Ian Vince)

Tesco က အစားအစာနဲ့ အိမ်သုံးပစ္စည်းတွေကို လူတစ်ဦးစီအတွက် သတ်မှတ်ခွဲတမ်း အရေအတွက်သာ ရောင်းချပေးနေတာ ဖြစ်ပါတယ်။ Tesco က စတင်ကျင့်သုံးလိုက်တဲ့ စည်မျဥ်းအရ ပိုးသတ်ဂျယ်လ်၊ အဝတ်စနဲ့ စပရေးများ၊ ခေါက်ဆွဲခြောက်၊ ကျိုချက်ပြီး အသင့်သောက်နိုဘူးများနဲ့ ဟင်းသီးဟင်းရွက် စည်သွပ်ဘူးအချို့ကို လူတစ်ဦးလျှင် ငါးခုထက်ပိုပြီး ဝယ်ယူခွင့်မပြုတော့ကြောင်း သိရပါတယ်။

Tesco က စတင်ကျင့်သုံးနေတဲ့ ယခုစည်းမျဥ်းဟာ အွန်လိုင်းမှဝယ်ယူရာမှာလည်း အကျုံးဝင်ပါတယ်။ Retail Economics ရဲ့ စစ်တမ်းအရ လက်ရှိမှာ COVID-19 ဗိုင်းရပ်စ် စိုးရိမ်ပူပန်မှုဖြင့် ဗြိတန်စားသုံးသူ ၁၀ ဦးမှာ တစ်ဦးက ကုန်ပစ္စည်းများ ဝယ်ယူစုဆောင်းနေကြတယ်လို့ ဆိုပါတယ်။ Retail Economics က ဗြိတိန်ဈေးဝယ်သူ ၂,၀၀၀ ကို စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။၏

(Photo: MJ-Pictures.com)

သို့သော် Cardiff Business School မှ Logistics and Transport ဌာန ပါမောက္ခ ဒေါက်တာအန်ဒရူးပေါ့တာကတော့ "လောလောဆယ်တော့ ဆိုင်တွေက ကုန်ပစ္စည်းစင်တွေမှာ အလွတ်ဖြစ်နေနိုင်ပါတယ်၊ ဒါပေမဲ့ လာမယ့် သီတင်းပတ်အတွင်းမှာ ကုန်ပစ္စည်းတွေ ပြန်ပြည့်နေတာ ကျွန်တော်တို့ တွေ့ရပါလိမ့်မယ်" လို့ BBC ကို ပြောပါတယ်။

ကုန်ပစ္စည်းပေးသွင်းတဲ့ ကုမ္ပဏီတွေက စတိုးဆိုင်တွေကို ကုန်ပစ္စည်းတွေ တင်ပို့လာကြမှာဖြစ်ပြီး ယခုကြုံတွေ့ရတဲ့ ပြတ်လပ်မှုဟာ ကာလတိုမျှသာဖြစ်ပြီး ပုံမှန်ပြန်ဖြစ်လာမယ်လို့ ၎င်းက သုံးသပ်ထားပါတယ်။ လတ်တလော ရက်ပိုင်းအတွင်း ဗြိတိန်နိုင်ငံမှာလည်း COVID-19 ဗိုင်းရပ်စ်မှုတွေ မြင့်တက်လာပြီး မတ်လ ၈ ရက် ညပိုင်းအထိ စာရင်းတွေအရ ကူးစက်ခံရသူ ၂၇၃ ဦးနဲ့ သေဆုံးသူ ၂ ဦးရှိလာကြောင်း သိရပါတယ်။

Source: BBC, Daily Mail


loading...

က္က