ဥရောပသမဂ္ဂမှနုတ်ထွက်မယ့် ဝန်ကြီးချုပ်ထရီဆာမေရဲ့ Brexit အစီအစဉ်နဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲခဲ့ပါတယ်။
Ko John

ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ်မှ ဗြိတိန်နိုင်ငံ နှုတ်ထွက်မယ့် ဝန်ကြီးချုပ်ထရီဆာမေရဲ့ Brexit အစီအစဉ်နဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုကြောင့် နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ဇူလိုင် ၉ ရက်မှာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်သွားသည့် ဘောရစ်ဂျွန်ဆင် (Photo: Reuters)



ဥရောပသမဂ္ဂမှ နုတ်ထွက်မယ့်လုပ်ငန်းစဉ်ကို ဦးဆောင်ရန်ခန့်အပ်ထားတဲ့ Brexit ဝန်ကြီး ဒေးဗစ်ဒါဗီးစ်က ဝန်ကြီးချုပ်ထရီဆာမေရဲ့ အစီအစဉ်တွေကို ကန့်ကွက်မှုအဖြစ် ရာထူးမှနုတ်ထွက်ပြီးနောက် နာရီပိုင်းမျှအကြာမှာ နိုင်ငံခြားရေးဝန်ကြီးဂျွန်ဆင်ကလည်း နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

အရေးပါတဲ့ ဝန်ကြီးနှစ်ဦး နုတ်ထွက်သွားမှုက ဝန်ကြီးချုပ်ထရီဆာမေအတွက် အကျပ်အတည်းဖြစ်စေပြီး အစိုးရအနေနဲ့ ရာစုနှစ်ဝက်အတွင်း ဗြိတိန်ရဲ့ အကြီးမားဆုံး နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲကို ညီညီညွတ်ညွတ် လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း ထင်ရှားစေခဲ့တယ်လို့လည်း ဆိုပါတယ်။

ဝန်ကြီးချုပ်ထရီဆာမေနှင့် ဘောရစ်ဂျွန်ဆင် (Photo: Getty Images)



ယခုလက်ရှိ အခြေအနေအရ ဝန်ကြီးချုပ်ထရီဆာမေ အနေနဲ့ အကျပ်အတည်းကို ဖြေရှင်းရန်ကြိုးပမ်းပြီး သူမရဲ့ ကတိအတိုင်း Brexit အစီအစဉ်ကို ဆက်လက် အကောင်အထည်ဖော်မည်လား သို့မဟုတ် သူမကို ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရန်တောင်းဆိုမှုတွေ ရင်ဆိုင်လာရမည်လား မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာမည့် ဂျရီမီဟန့် (Photo: The Indepedent)



"ဒီနေ့မွန်းလွဲပိုင်းမှာ ဝန်ကြီးချုပ်က ဘောရစ်ဂျွန်ဆင်က နိုင်ငံခြားရေးဝန်ကြီးအဖြစ်ကနေ နုတ်ထွက်မှုကို လက်ခံခဲ့ပါတယ်၊ သူ့နေရာကို အစားထိုးခန့်အပ်တာကို မကြာခင် ကြေညာသွားမှာပါ၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အလုပ်တွေလုပ်ခဲ့တဲ့အတွက် ဘောရစ်ဂျွန်ဆင်ကို ဝန်ကြီးချုပ်က ကျေးဇူးတင်ပါတယ်" လို့ ထရီဆာမေရဲ့ ပြောခွင့်ရအမျိုးသားက ပြောခဲ့ပါတယ်။

ထပ်မံသိရတဲ့ သတင်းအရ ဝန်ကြီးချုပ်ထရီဆာမေက နိုင်ငံခြားရေးဝန်ကြီးနေရာကို ကျန်းမာရေးဝန်ကြီး ဂျရီမီဟန့်အား ခန့်အပ်ရအတွက် အမည်စာရင်တင်သွင်းလိုက်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က