ဇွန်လ ၇ ရက်နေ့မှာ နှုတ်ထွက်တော့မယ်လို့ ကြေညာပါတယ်။

ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ထရီဆာမေက ရာထူးမှနှုတ်ထွက်တော့မယ်လို့ ယနေ့ (မေ ၂၄ ရက်) ကြေညာလိုက်ပါတယ်။

(ကြေညာချက်ထုတ်ပြန်စဉ် ငိုကြွေးခဲ့သည့် ထရီဆာမေ) (Photo: Getty Images)

ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်ရေး Brexit သဘာတူညီမှုကို လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပြီးနောက် ဝန်ကြီးချုပ်ရာထူးမှ လာမယ့် ဇွန်လ ၇ ရက်နေ့မှာ နှုတ်ထွက်တော့မယ်လို့ ထရီဆာမေက ကြေညာလိုက်တာဖြစ်ပါတယ်။ ထရီဆာမေရဲ့ ဝန်ကြီးချုပ်နေရာကို ဆက်ခံရန်အတွက် ယှဉ်ပြိုင်ရွေးချယ်မှုကိုတော့ သူမ နှုတ်ထွက်သွားပြီး နောက်တစ်ပတ်မှာ ပြုလုပ်သွားမယ်လို့ဆိုပါတယ်။



(ထရီဆာမေနှင့် ခင်ပွန်းဖြစ်သူ ဖိလစ်) (Photo: Getty Images)

Brexit သဘောတူညီမှုကို အပြီးသတ် မလုပ်ဆောင်နိုင်ခဲ့ခြင်းက သူမအတွက် အလွန်စိတ်မကောင်းစရာ ကိစ္စအဖြစ်ရှိနေမယ်လို့လည်း ထရီဆာမေက ဖွင့်ဟပြောခဲ့ပါတယ်။ ဒေါင်းနင်းလမ်းမှာ ယနေ့ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အတွင်း ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ် ဗြိတိန် ဆက်ရှိနေရေး သို့မဟုတ် နုတ်ထွက်ရေးအတွက် ၂၀၁၆ ခုနှစ် လူထုဆန္ဒခံယူပွဲ ရလဒ်နဲ့ပတ်သက်ပြီး သူမအနေနဲ့ အကောင်းဆုံး လုပ်ဆောင်ခဲ့ကြောင်း ထရီမေက ထည့်သွင်းပြောကြားခဲ့ပါတယ်။

(ဒေါင်းနင်းလမ်းမှာ ကြေညာချတ်ထုတ်ပြန်စဉ်) (Photo: AP)

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေဟာ သူမရဲ့ Brexit အစီအစဉ် နောက်ဆုံးတစ်ကြိမ် တင်ပြခဲ့ရာမှာ လွှတ်တော်အမတ်တွေ မနှစ်သက်တဲ့ တုံ့ပြန်မှုကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဗြိတိန်လွှတ်တော်ကို တတိယအကြိမ် တင်ပြခဲ့တဲ့ Brexit အစီအစဉ်မှာ နိုင်ငံရေးပါတီတွေကို ဆွဲဆောင်ရန်ရည်ရွယ်ထားတဲ့ အလျှော့ပေးမှုတွေ ပါဝင်ခဲ့တယ်လို့ BBC သတင်းက ဖော်ပြပါတယ်။

(ဝန်ကြီးချုပ်ဖြစ်ပြီးနောက် ထရီဆာမေကို လူကြိုက်များမှုနှုန်း ကျဆင်းလာခဲ့မှု)

Brexit သဘောတူညီမှုကိစ္စ အပြီးသတ်နိုင်ရေးအတွက် နောက်ဖြစ်မယ့် ဝန်ကြီးချုပ်သစ်ဟာ လွှတ်တော်မှာ သဘောတူညီမှုရအောင် လုပ်ဆောင်သွားရမယ်လို့ ထရီဆာမေက ယနေ့ ကြေညာချက်မှာ ပြောထားပါတယ်။ "ဆွေးနွေးမှုမှာ ပါဝင်သူအားလုံးက ညှိနှိုင်းမှုအတွက် ဆန္ဒရှိနေမှသာ ဒီလို သဘောတူညီမှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်" လို့ ထရီဆာမေက ဆိုပါတယ်။ အသက် ၆၂ နှစ်အရွယ် ကွန်ဆာဗေးတစ်ပါတီခေါင်းဆာင် ထရီဆာမေဟာ ဗြိတိန်ဝန်ကြီးအဖြစ် သုံးနှစ်နီးပါး (၂ နှစ်နဲ့ ၃၁၅ ရက်) ကြာ တာဝန်ယူခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က