loading...

loading...

loading...

၁၅ ရက်မှ ရက် ၃၀ ကြာ ဗီဇာဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်။
Ko John

COVID-19 ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရန် ဗီယက်နမ်အစိုးရက နိုင်ငံခြားသားအားလုံးအတွက် ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမှုတွေကို ရပ်ဆိုင်းထားမယ်လို့ နိုင်ငံပိုင်မီဒီယာက ယနေ့ (မတ်လ ၁၇ ရက်) ပြောပါတယ်။

(Photo: Reuters)

လက်ရှိအချိန်အထိ ဗီယက်နမ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၁ ဦး စစ်ဆေးအတည်ပြုထားပြီး ၁၆ ဦး ပြန်လည်သက်သာလာကြောင်းနဲ့ သေဆုံးသူမရှိဘူးလို့ သိရပါတယ်။ "အစိုးရအနေနဲ့ ဗီဇာဆိုင်းငံ့ထားတာက ဗိုင်းရပ်စ်ကူးစက်မှု အလျင်အမြန် ဖြစ်ပွားနေတာကို ထိန်းချုပ်ဖို့အတွက် ထိရောက်တဲ့ ဆောင်ရွက်ချက်တစ်ခုအဖြစ် ယူဆပါတယ်၊ ဒါက ယာယီပါပဲ၊ ၁၅ ရက်ကနေ ရက် ၃၀ ကြာ ဗီဇာဆိုင်းငံ့ထားမှာပါ" လို့ နိုင်ငံပိုင်သတင်းစာ Nhan Dan က ဖော်ပြပါတယ်။

သို့သော် ဗီဇာဆိုင်းငံ့မှု စတင်သက်ရောက်မယ့် အချိန်ကာလကိုတော့ သတင်းစာက ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိပါဘူး။ ဗီယက်နမ်နိုင်ငံက ဥရောပ Schengen ဗီဇာကင်းလွတ်နယ်မြေဒေသနဲ့ ဗြိတိန်မှာ လာရောက်သူတွေကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (မတ်လ ၁၅ ရက်) မှစပြီး ပြည်ဝင်ခွင့်ပိတ်ထားပြီး COVID-19 ဗိုင်းရပ်စ်ကူးစက်မှုတွေ့ရှိရတဲ့ နေရာဒေသများမှ လာရောက်သူတွေကို သီးခြားခွဲစောင့်ကြည့်မှုနဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

(Photo: Reuters)

ဗီယက်နမ်မှာ ယနေ့အထိ တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများ ပိတ်ထားဆဲဖြစ်ပါတယ်။ ဒါ့အပြင် ရုပ်ရှင်ရုံများ၊ နိုက်ကလပ်များ၊ ဘားဆိုင်များ၊ အနှိပ်ခန်းများ၊ ကာရာအိုကေများနဲ့ အွန်လိုင်းဂိမ်းဆိုင်တွေကိုလည်း မတ်လကုန်အထိ ပိတ်ထားကြရန် ဗီယက်နမ်အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။ ဗီယက်နမ်အစိုးရက လူစုလူဝေး မပြုလုပ်ကြရန်နဲ့ အများပြည်သူနေရာတွေမှာ mask တပ်ဆင်သွားလာကြရန်လည်း ညွန်ကြားထားကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအနက် မလေးရှားကလည်း ၎င်းရဲ့နိုင်ငံသားများ ပြည်ပထွက်ခွာမှုနဲ့ နိုင်ငံခြားသားများ ပြည်တွင်းဝင်ရောက်မှုကို နှစ်ပတ်ကြာ ပိတ်ပင်ထားမယ်လို့ ကြေညာခဲ့ပါတယ်။ စင်ကာပူကလည်း နိုင်ငံအတွင်း ဝင်ရောက်လာသူတွေအနက် ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း မြန်မာအပါအဝင် အာဆီယံနိုင်ငံများ၊ ဂျပန်၊ ဆွစ်ဇာလန် သို့မဟုတ် ဗြိတိန်သို့ သွားရောက်ခဲ့ဖူးသူတွေဟာ ၁၄ ရက်ကြာ အိမ်မှာပဲနေရမယ်လို့ မတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


loading...

က္က