loading...

loading...

loading...

ဂျာမန်အဓိပတိ အန်ဂျလာ မာကယ်လ်ဟာ မတ်လ ၂၂ ရက်နေ့မှာ ရောဂါခြေချုပ်ဖြင့် စတင်နေထိုင်ခဲ့ပါတယ်။
Ko John

COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ဆရာဝန်တစ်ဦးနဲ့ ထိတွေ့မှုရှိခဲ့ပြီးနောက် ဂျာမန်အဓိပတိ အန်ဂျလာမာကယ်လ်ဟာ မတ်လ ၂၂ ရက်နေ့မှစပြီး ရောဂါခြေချုပ်ဖြင့် သီးသန့်ခွဲခြား နေထိုင်ခဲ့ကြောင်း သိရပါတယ်။

မာကယ်လ်က ဂျာမနီမှာ ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ဟန့်တားရေး လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေကြရန် နောက်ထပ် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပြီး မကြာမီမှာ ရောဂါခြေချုပ်ဖြင့် စတင်နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၆၅ နှစ်အရွယ် ဂျာမန်အဓိပတိ မာကယ်လ်ဟာ နေအိမ်ကနေ အလုပ်လုပ်သွားမှာဖြစ်ပြီး လာမယ့် ရက်အနည်းငယ်အတွင်း စစ်ဆေးမှုတွေ အထပ်ထပ် လုပ်ဆောင်သွားမယ်လို့ သူမရဲ့ ပြောခွင့်ရအမျိုးသားက ထုတ်ပြန်ချက်တစ်ခုမှာ ပြောထားပါတယ်။

လက်ရှိအချိန်အထိ အပြီးသတ် စစ်ဆေးမှုရလဒ်အတွက် စောလွန်းနေသေးကြောင်းလည်း ၎င်းကဆိုပါတယ်။ မာကယ်လ်ဟာ သောကြာနေ့ (မတ်လ ၂၀ ရက်) နေ့က အဆုတ်ရောင်ရောဂါ ဘက်တီးရီးယား ကာကွယ်ဆေးထိုးခဲ့ပါတယ်။ သူမကို ကာကွယ်ဆေးထိုးပေးခဲ့တဲ့ ဆရာဝန်ဟာ နောက်ပိုင်းမှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

(Photo: EPA)

မာကယ်လ်ဟာ ဗိုင်းရပ်စ်သံသယကြောင့် ရောဂါခြေချုပ်ဖြင့် နေထိုင်ခြင်းမပြုမီ ဂျာမနီမှာ ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်နိုင်ရန် လူနှစ်ဦးထက်ပိုတဲ့ လူစုလူဝေးမပြုလုပ်ရန် ပိတ်ပင်တားမြစ်ချက်ကို ရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်ပြန်ခဲ့ပါသေးတယ်။ ဂျာမန်လူဦးရေ ၇၀ ရာခိုင်နှုန်းအထိ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရနိုင်ကြောင်း မာကယ်လ်က ဂျာမနီမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ စတင်တွေ့ရှိလာရပြီးနောက် ပြောကြားခဲ့ဖူးပါတယ်။

မတ်လ ၂၂ ရက် ညပိုင်းအထိ စာရင်းတွေအရ ဂျာမနီမှာ COVID-19 ကူးစက်ခံရသူ ၁၈,၆၁၀ ဦး စစ်ဆေးတွေ့ရှိထားပြီး ၅၅ ဦး သေဆုံးခဲ့ပါတယ်။ ကူးစက်ခံရသူတွေအနက် ၂၆၆ ဦး ပြန်လည်သက်သာခဲ့ကြောင်း သိရပါတယ်။ မတ်လ ၂၂ ရက် ညပိုင်းအထိ ကမ္ဘာတစ်ဝှမ်းမှာ ၃၁၆,၅၃၉ ဦးရှိပြီး ၁၄,၃၆၅ ဦး သေဆုံးခဲ့ကြောင်းနဲ့ ၉၇,၇၄၆ ဦး ပြန်လည်သက်သာလာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က