loading...

loading...

loading...

ဗိုင်းရပ်စ် စတင်တွေ့ရှိရာ တရုတ်ပြည်မကြီးပြီးပါက တောင်ကိုရီးယားမှာ ကူးစက်ခံရမှု အများဆုံးတွေ့ရှိလာခဲ့ပါတယ်။
Ko John

တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ် ကူးစက်မှုတွေ စတင်ဖြစ်ပွားခဲ့ရာအဖြစ် အာဏာပိုင်တွေက သတ်မှတ်ထားတဲ့ ဘာသာရေးဂိုဏ်းရဲ့ခေါင်းဆောင်ဟာ လူသတ်မှုဖြင့် စုံစမ်းစစ်ဆေးခံရနိုင်ကြောင်း BBC သတင်းက ဖော်ပြပါတယ်။

(Shincheonji ဘာသာရေးဂိုဏ်းတည်ထောင်သူ လီမန်ဟီး) (Photo: AFP)

ဆိုးလ်မြို့အုပ်ချုပ်ရေးအဖွဲ့က Shincheonji Church ဘာသာရေးဂိုဏ်းတည်ထောင်သူ လီမန်ဟီးနဲ့ အခြား ၁၁ ဦးကို စွဲချက်တင်ရန် အစိုးရရှေ့နေတွေကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားမှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားမီ တာဝန်ရှိသူတွေက သံသယရှိလူနာတွေကို ခွဲခြားသိရှိနိုင်ရန် ဆောင်ရွက်ခဲ့စဥ် ဘာသာရေးဂိုဏ်းခေါင်ဆောင်နဲ့ အခြား ၁၁ ဦးဟာ အဖွဲ့ဝင်အချို့ရဲ့ အမည်တွေကို ထိမ်ချန်ထားခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

တောင်ကိုရီးယား အာဏာပိုင်တွေရဲ့ အဆိုအရ ပြီးခဲ့တဲ့လအတွင်း တောင်ပိုင်းဒေသရှိ ဒေဂူးမြို့မှာ Shincheonji ဂိုဏ်းဝင်များကြား တစ်ဦးမှတစ်ဦး ကူးစက်မှုတွေဖြစ်ပြီးနောက် နိုင်ငံတစ်ဝှမ်း ဆက်လက် ကူးစက်ပျံ့နှံ့နေပါတယ်။ တောင်ကိုရီးယားမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ ရက်ပိုင်းအတွင်း သိသာစွာ မြင့်တက်လာခဲ့ပါတယ်။


(Photo: Yonhap/AP)

ဗိုင်းရပ်စ် စတင်တွေ့ရှိရာ တရုတ်ပြည်မကြီးပြီးပါက တောင်ကိုရီးယားမှာ ကူးစက်ခံရမှု အများဆုံးတွေ့ရှိလာခဲ့ပါတယ်။ မေလ ၂ ရက် မွန်းလွဲပိုင်းအထိ စာရင်းတွေအရ တောင်ကိုရီးယားမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄,၂၁၂ ဦးအထိ မြင့်တက်လာပြီး ၂၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဆိုးလ်မြို့အုပ်ချုပ်ရေးအဖွဲ့က Shincheonji ဘာသာရေးဂိုဏ်းတည်ထောင်သူ အပါအဝင် ခေါင်းဆောင် ၁၂ ဦးကို လူသတ်မှု၊ ထိခိုက်နာကျင်စေမှုနဲ့ ကူးစက်မြန်ရောဂါနဲ့ ထိန်းချုပ်ရေးအက်ဥပဒေ ချိုးဖောက်မှုတို့ဖြင့် စွဲချက်တင်ရန် မေလ ၁ ရက်နေ့မှာ အစိုးရရှေ့နေများနဲ့ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ကျန်းမာရေးတာဝန်ရှိသူတွေက Shincheonji ဘာသာရေးဂိုဏ်းရဲ့ အဖွဲ့ဝင် ၂၃၀,၀၀၀ ကို တွေ့ဆုံမေးမြန်းခဲ့ရာ ၉,၀၀၀ နီးပါးက ၎င်းတို့ဟာ COVID-19 ဗိုင်းရပ်စ်လက္ခဏာများ ခံစားခဲ့ရတယ်လို့ ပြောပါတယ်။ အဆိုပါ ဘာသာရေးဂိုဏ်း အဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ပထမဆုံး ဗိုင်းရပ်စ်ကူးစက်ခံရသူလည်း ဖြစ်ပါတယ်။

ဘာသာရေးဂိုဏ်းတည်ထောင်သူ အသက် ၈၈ နှစ်အရွယ် လီမန်ဟီးကိုယ်တိုင်လည်း ဗိုင်းရပ်စ်ကူးစက်ခံထားရပါတယ်။ Shincheonji ဘာသာရေးဂိုဏ်းမှ အဖွဲ့ဝင်အချို့ဟာ ယခုနှစ် ဇန်နဝါရီလအတွင်းက ဗိုင်းရပ်စ်ကူးစက်မှု စတင်တွေ့ရှိရာ တရုတ်အလယ်ပိုင်း ဝူဟန်မြို့သို့သွားရောက်ခဲ့ဖူးကြောင်း တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာနက မေလ ၁ ရက်နေ့မှာ ပြောခဲ့ပါတယ်။

(Photo: Reuters)

Shincheonji ဘာသာရေးဂိုဏ်းကို ၁၉၈၄ ခုနှစ်မှာ လီမန်ဟီးက စတင်တည်ထောင်ခဲ့ပါတယ်။ ဘာသာရေးဂိုဏ်းအဖွဲ့ဝင်တွေက လီမန်ဟီးဟာ လူ ၁၄၄,၀၀၀ ကို ကောင်းကင်ဘုံသို့ ၎င်းနဲ့အတူ ခေါ်ဆောင်သွားမယ်လို့ ယုံကြည်ကြပါတယ်။ ဘာသာရေးဂိုဏ်းရဲ့ အဆိုအရ တောင်ကိုရီးယားအပြင် တရုတ်၊ ဂျပန်နဲ့ အရှေ့တောင်အာရှမှာလည်း အဖွဲ့ဝင် ၂၀၀,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

မတ်လ ၂ ရက် မွန်းလွဲပိုင်းအထိ နိုင်ငံအသီးအသီးက ထုတ်ပြန်ထားတဲ့ တရားဝင် စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈

၉,၀၆၆ ဦးရှိလာပြီး သေဆုံးသူအရေအတွက် ၃,၀၄၃ ဦးအထိ မြင့်တက်လာပါတယ်။ မတ်လ ၂ ရက် မွန်းလွဲပိုင်းအထိ ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်သက်သာလာသူ အရေအတွက် ၄၅,၀၉၅ ဦးရှိခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တစ်ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်သတိပေးချက်ကို အမြင့်ဆုံးအဆင့်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ယမန်နေ့ (ဖေဖေါ်ဝါရီ ၂၈ ရက်) မှာ တိုးမြှင့်သတ်မှတ်ထားပါတယ်။ ယခုရက်ပိုင်းအတွင်း COVID-19 ဗိုင်းရပ်စ်ကူးစက်မှုတွေဟာ စတင်တွေ့ခဲ့ရာ တရုတ်ပြည်မကြီးမှာထက် တောင်ကိုရီးယား၊ အီတလီ၊ အီရန်ကဲ့သို့ တရုတ်ပြင်ပ နေရာဒေသတွေမှာ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

(Photo: AFP)

ဆက်စပ်သတင်းတစ်ရပ်အရ တောင်ကိုရီးယားမှာ တွေ့ရှိရတဲ့ COVID-19 ဗိုင်းရပ်စ်ကူးစက်မှု ၄,၀၀၀ ကျော်အနက် ထက်ဝက်ခန့်နဲ့ ဆက်နွယ်နေတဲ့ Shincheonji ဘာသာရေးဂိုဏ်းရဲ့ ခေါင်းဆောင် လီမန်ဟီးက ရောဂါကူးစက်ပျံ့နှံ့မှုအတွက် တောင်းပန်ခဲ့ပြီး ယခုဖြစ်ရပ်ကို ကြီးမားတဲ့ကပ်ဘေးတစ်အဖြစ် ညွှန်းဆိုခဲ့တယ်လို့ ဆိုပါတယ်။


loading...

က္က