ဝူဟန်ကို ၂ လကျော်ကြာ lockdown လုပ်ထားခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဆိုးကြီး စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ယခုအခါ ဆေးရုံတက်ရောက်နေရတဲ့ COVID-19 လူနာ မရှိတော့ကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ဧပြီ ၂၆ ရက်နေ့မှာ ပြောပါတယ်။

(Photo: AFP)

COVID-19 ရောဂါဖြစ်ပွားစေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ရှိ သားစိမ်းငါးစိမ်းရောင်းချတဲ့ ဈေးတစ်ခုကနေ စတင်ခဲ့ပြီး ယမန်နှစ် ဒီဇင်ဘာလကုန်မှာ ပထမဆုံး ဖြစ်ပွားခဲ့ကာ ကမ္ဘာတစ်ဝှမ်းသို့ လျှင်မြန်စွာ ကူးစက်ပျံ့နှံ့သွားခဲ့ပါတယ်။ ဧပြီ ၂၇ ရက် မနက်အစောပိုင်းအထိ ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ သုံးသန်းနီးပါး (၂,၉၇၂,၅၄၈ ဦး) နဲ့ သေဆုံးသူ ၂၀၅,၉၅၇ ဦးအထိ နေ့စဥ် တရိပ်ရိပ် တိုးလာနေဆဲဖြစ်ပါတယ်။



"ဧပြီ ၂၆ ရက်နေ့အထိ နောက်ဆုံးသတင်းအရ ဝူဟန်မှာ COVID-19 လူနာ မရှိတော့ပါဘူး၊ ဝူဟန်မြို့နဲ့ နိုင်ငံတစ်ဝှမ်းက ကျန်းမာရေးဝန်ထမ်းတွေရဲ့ ပူးပေါင်းအားထုတ်မှုကို ကျေးဇူးတင်ရမှာပါ" လို့ အမျိုးသားကျန်းမာရေးကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ် Mi Feng က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။


(Photo: Reuters)

ဝူဟန်မြို့မှာ COVID-19 ကူးစက်ခံရသူ ၄၆,၄၅၂ ဦးအထိရှိခဲ့ပြီး တရုတ်တစ်နိုင်ငံလုံး ကူးစက်မှုအားလုံးရဲ့ ၅၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဝူဟန်မြို့ဟာ တရုတ်မှာ COVID-19 ကြောင့် သေဆုံးမှုအများဆုံး နေရာလည်းဖြစ်ခဲ့ပြီး သေဆုံးသူ ၃,၈၆၉ ဦး သို့မဟုတ် တစ်နိုင်ငံလုံး စုစုပေါင်း သေဆုံးသူအရေအတွက်ရဲ့ ၈၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။

ဝူဟန်မြို့နဲ့ ထိုမြို့တည်ရှိတဲ့ ဟူဘေးပြည်နယ်တစ်ခုလုံးကို ဇန်နဝါရီကုန်ပိုင်းမှာ lcokdown လုပ်ခဲ့ပြီး ကားလမ်းများပိတ်ထားခြင်း၊ ရထားနဲ့ လေယာဥ်ခရီးစဥ်များ ဖျက်သိမ်းထားခြင်း၊ ဒေသခံတွေကို သွားလာလှုပ်ရှားမှု ပိတ်ပတ်ကန့်သတ်ထားခြင်း အစီအမံများ ၂ လကျော်ကြာ ဆောင်ရွက်ခဲ့ပါတယ်။

(Photo: Xinhua)

ဝူဟန်မြို့မှာ lockdown လုပ်ထားမှု ရုပ်သိမ်းပြီး ပိတ်ပင်ကန့်သတ်ချက်များ ပယ်ဖျက်ပေးခဲ့ပြီဖြစ်ပေမဲ့ လက်ရှိအချိန်အထိ မြို့ခံတွေကို ပုံမှန်စစ်ဆေးမှု လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ယခုအခါ တရုတ်နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုတွေကို အရှေ့မြောက်ပိုင်း ပြည်နယ်ဖြစ်တဲ့ Heilongjiang မှာ အဓိက တွေ့လာရတယ်လို့လည်း ဆိုပါတယ်။

ထိုပြည်နယ်အတွင်း ရုရှားနိုင်ငံမှ ဝင်ရောက်လာသူတွေထံမှာ ဗိုင်းရပ်စ်ကူးစက်မှု အများအပြား တွေ့ရှိရပါတယ်။ ဧပြီ ၂၅ ရက်နေ့မှာ တရုတ်ကျန်းမာရေးအာဏာပိုင်တွေရဲ့ ထုတ်ပြန်မှုအရ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာအသစ် ၁၁ ဦး စစ်ဆေးတွေ့ရှိရပြီး ယခင်ရက်မှာ ၁၂ ဦးတွေ့ရှိခဲ့ရမှုထက် လျော့ကျသွားခဲ့ကြောင်းနဲ့ သေဆုံးသူမရှိခဲ့ကြောင်း Reuters သတင်းက ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က