အထက်တန်းကျောင်းပြီးဆုံးမှု နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ခရီးထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ အထက်တန်းကျောင်းနေဘက်များ ပြန်လည်ဆုံတွေ့မှု ခရီးစဥ်တစ်ခုအတွင်း ကျောင်းသူကျောင်းသားဟောင်းများ တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီး အဝေးပြေးလမ်းမှာ တိမ်းမှောက်ခဲ့ရာ လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: VietReader)

ဇူလိုင် ၂၆ ရက်နေ့က တိမ်းမှောက်ခဲ့တဲ့ ဘတ်စ်ကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် ၄၀ နီးပါးဟာ Dong Hoi အထက်တန်းကျောင်းမှ ကျောင်းနေဘက် အတန်းဖော်သူငယ်ချင်းတွေဖြစ်ပြီး ၎င်းတို့ရဲ့ အထက်တန်းကျောင်းပြီးဆုံးမှု နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ဗီယက်နမ်အလယ်ပိုင်း Quang Binh ပြည်နယ်ကို ခရီးထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။



ခရီးစဥ်အတွင်း ဘတ်စ်ကားယာဥ်မောင်းဟာ အဝေးပြေးလမ်း အကွေ့နေရာတစ်ခုမှာ အရှိန်မထိန်းနိုင်ဖြစ်ပြီး တိမ်းမှောက်သွားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။ ဘတ်စ်ကားတိမ်းမှောက်မှုအတွင်း လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

ဘတ်စ်ကားပေါ်မှာ လိုက်ပါလာသူတွေရဲ့ ပြောကြားမှုအရ ကုန်းဆင်းအတိုင်း မောင်းနှင်သွားစဥ် ဘရိတ်ပေါက်သွားတဲ့လက္ခဏာရှိခဲ့တယ်လို့ Tuoi Tre က ဖော်ပြပါတယ်။ သတင်းဝက်ဘ်ဆိုက်တွေမှာ ဖော်ပြထားမှုအရ အဝေးပြေးလမ်းဘေးမှာ တိမ်းမှောက်နေတဲ့ ဘတ်စ်ကားကို တွေ့ရပါတယ်။

ဗီယက်နမ်လမ်းမတွေမှာ ခရီးသွားလာမှုဟာ အန္တရာယ်ရှိနိုင်တဲ့ အရေးကိစ္စတစ်ခု ဖြစ်နိုင်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ အဆိုအရ ယာဥ်မတော်တဆမှုတွေက အသက် ၁၅ နှစ်မှ ၂၉ နှစ်အရွယ်တွေ သေဆုံးမှုဖြစ်စေကြောင်း သိရပါတယ်။ ယခုနှစ် ပထမခြောက်လအတွင်း ဗီယက်နမ်မှာ ယာဥ်မတော်တဆမှုတွေကြောင့် လူ ၃,၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က