loading...

loading...

loading...

မတ်လ ၁၅ ရက်နေ့အထိ ကျောင်းများနဲ့ တက္ကသိုလ်များအားလုံးကို ပိတ်ထားပါတယ်။
Ko John

COVID-19 ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ မြင့်တက်နေတဲ့ အီတလီနိုင်ငံမှာ မတ်လ ၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျောင်းများနဲ့ တက္ကသိုလ်များအားလုံးကို ပိတ်ထားကြောင်း သိရပါတယ်။

(Photo: Reuters)

အီတလီမှာ မတ်လ ၄ ရက် ညပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂,၅၀၂ ဦးနဲ့ သေဆုံးသူအရေအတွက် ၁၀၇ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ မတ်လ ၄ ရက်နေ့မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နောက်ထပ် ၂၈ ဦးရှိခဲ့ပြီး သေဆုံးမှုတွေ ရှိလာခဲ့ချိန်မှစပြီး တစ်ရက်အတွင်း အများဆုံးဖြစ်လာခဲ့ပါတယ်။

အီတလီအစိုးရ ဝန်ကြီးတွေက ဗိုင်းရပ်စ်တိုက်ဖျက်ရေး အခြား အစီအစဥ်တွေကိုလည်း ဆွေးနွေးနေကြောင်းနဲ့ ဘောလုံးပွဲစဥ်အားလုံးကို ပရိသတ်မပါဘဲ တစ်လကြာ ယှဥ်ပြိုင်ကစားစေရန်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ယခုရက်ပိုင်းအတွင်း COVID-19 ဗိုင်းရပ်စ် စတင်တွေ့ရှိရာ တရုတ်ပြည်မကြီးမှာ ကူးစက်မှုနှုန်း လျော့ကျလာခဲ့ပေမဲ့ တရုတ်ပြင်ပမှာ ကူးစက်မှုများ မြင့်တက်လာခဲ့ရာ တောင်ကိုရီးယား၊ အီတလီနဲ့ အီရန် နိုင်ငံတွေမှာ သိသာစွာ မြင့်တက်နေတာလည်း ဖြစ်ပါတယ်။



(Photo: AFP)


အစောပိုင်းမှာ အီတလီအစိုးရက နိုင်ငံမြောက်ပိုင်းရှိ မြို့ငယ် ၁၁ မြို့ကို အဝင်အထွက် ပိတ်ပင်ပြီး ဗိုင်းရပ်စ်ကူးစက်မှုကို ဟန့်တားရန်ကြိုးပမ်းခဲ့သေးပေမဲ့ မအောင်မြင်ဘဲ ကူးစက်မှုတွေ ဆက်လက် မြင့်တက်လာခဲ့ပါတယ်။ အီတလီမှာ COVID-19 ကြောင့် သေဆုံးခဲ့သူအများစုဟာ မီလန်မြို့ရဲ့ Lombardy ဒေသနဲ့ ဘိုလော့ဂ်နာန့ ဗင်းနစ်မြို့ ပတ်ဝန်းကျင်ရှိ နယ်မြေများမှ ဖြစ်ပါတယ်။

ထိုအတောအတွင်း တောင်ကိုရီးယားနိုင်ငံမှာလည်း မတ်လ ၄ ရက် ညပိုင်းအထိ စာရင်းတွေအရ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅,၃၂၈ ဦးနဲ့ သေဆုံးသူ ၃၂ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ တရုတ်ပြည်မကြီးပြီးလျှင် ဗိုင်းရပ်စ်ကူးစက်မှု အများဆုံး တွေ့ရှိလာရတဲ့ တောင်ကိုရီးယားမှာ စာသင်ကျောင်းများ ပြန်ဖွင့်မယ့်ရက်ကို နှစ်ပတ်ရွှေ့ဆိုင်းထားပါတယ်။

(Photo: AFP)

တောင်ကိုရီးယားနဲ့ အီတလီကဲ့သို့ပင် အီရန်နိုင်ငံမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ မြင့်တက်နေပါတယ်။ မတ်လ ၄ ရက် ညပိုင်းအထိ အီရန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂,၉၂၂ ဦးရှိပြီး ၉၂ ဦး သေဆုံးခဲ့ပါတယ်။ မတ်လ ၄ ရက် ညပိုင်းအထိ နိုင်ငံအသီးသီးက တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးမှာ ၂,၉၈၁ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက် ၃,၂၄၆ ဦးအထိ မြင့်တက်လာပါတယ်။ မတ်လ ၄ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၈၀,၂၇၀ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၃,၇၂၇ ဦးရှိပြီး ပြန်လည်သက်သာလာသူ ၅၁,၁၇၁ ဦးရှိခဲ့ကြောင်း သိရပါတယ်။

Source: AFP


loading...

က္က