COVID-19 ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို သိသာစွာ တားဆီးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

ဩစတြေးလျနိုင်ငံမှ သုတေသီတွေက COVID-19 ကူးစက်ဖြစ်ပွားမှုကို တားဆီးပေးနိုင်တဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ဆေး အသစ်တစ်မျိုးနဲ့ ပတ်သတ်ပြီး ကမ္ဘာနဲ့ချီ အောင်မြင်မှုတစ်ခု ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

(Photo: Scott Barbour/AAP)

Monash တက္ကသိုလ်မှ သုတေသီတွေက COVID-19 ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို သိသာစွာ တားဆီးနိုင်စွမ်းရှိတဲ့ ဆေးတစ်မျိုးကို တွေရှိခဲ့ကြကြောင်း The Australian သတင်းက ဖော်ပြပါတယ်။ အဆိုပါဆေးကို ရှူဆေးဘူးတစ်ခုဖြင့် အသုံးပြုနိုင်ရန်လည်း သုတေသီတွေက မျှော်လင့်ထားပြီး အစောဆုံးအနေနဲ့ ယခုနှစ်ကုန်မှာ ရရှိနိုင်မယ်လို့ သိရပါတယ်။



Monash တက္ကသိုလ်မှ အကြီးတန်း သုတေသီ Tom Karagiannis ရဲ့ အဆိုအရ ၎င်းနဲ့အဖွဲ့က a-ketoamide ခေါ် မော်လီကျူး (molecule) တစ်မျိုးက COVID-19 ဖြစ်စေတဲ့ ဗိုင်းရပ်စ်များ ပွားများလာစေရန် လိုအပ်တဲ့ ပရိုတိန်းတွေအနက် တစ်မျိုးကို တားဆီးနိုင်မှုနဲ့ ပတ်သက်ပြီး စမ်းသပ်ခဲ့ကြတာ ဖြစ်ပါတယ်။

(Photo: News.CN/Xinhua)

ပြီးခဲ့တဲ့လအတွင်းမှာလည်း ဂျာမန်သုတေသီတွေက ပိုမိုတိုးတက်စေရန် မွမ်းမံထားတဲ့ a-ketoamide ဟာ လူတွေမှာ ပိုပြီး ထိရောက်စွာ အလုပ်လုပ်ကြောင်း အချက်အလက်အသစ်တွေ ထုတ်ပြန်ထားခဲ့ပါတယ်။ ဩစတြေလျးသုတေသီ Tom Karagiannis အဖွဲ့က စူပါကွန်ပျူတာတစ်လုံးကို အသုံးပြုပြီး မွမ်းမံထားတဲ့ a-ketoamide က COVID-19 ဖြစ်စေတဲ့ ဗိုင်းရပ်စ် ပွားများလာခြင်းကို တားဆီးတဲ့နည်းလမ်းအား လေ့လာခဲ့ကြပါတယ်။ ထိုသို့ လေ့လာမှုအရ မွမ်းမံထားတဲ့ a-ketoamide မော်လီကျူးက ဗိုင်းရပ်စ်ရဲ့ ပွားများနိုင်စွမ်းကို တားဆီးနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

(Image: Anadolu Agency)

"ဒီမော်လီကျူးက ဗိုင်းရပ်စ်ကို ပွားများခြင်းမရှိအောင် ဟန့်တားတယ်၊ ဒီလို ဟန့်တားလိုက်ခြင်းဖြင့် ဗိုင်းရပ်စ်အမှုန်သစ်တွေ ထွက်လာပြီး ခန္ဓာကိုယ်မှာရှိတဲ့ အခြား ဆဲလ်တွေထံ ကူးစက်မှုကို ရပ်တန့်စေပါတယ်" လို့ Tom Karagiannis က The Australian ကို ပြောပါတယ်။

ဩစတြေးလျနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၇,၄၀၀ ကျော်၊ သေဆုံးသူ ၁၀၂ ဦးနဲ့ ပြန်လည်သက်သာသူ ၆,၉၀၃ ဦးရှိခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံရဲ့ ဗစ်တိုးရီးယားပြည်နယ်မှာတော့ လတ်တလော ရက်ပိုင်းအတွင်း ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် အရေးပေါ်အခြေအနေကို ဇူလိုင် ၁၉ ရက်အထိ တိုးချဲ့ထုတ်ပြန်ထားကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က