ခရီးသည်ဝင်ရောက်မှုဟာ ယမန်နှစ်ကထက် အများဆုံးအနေနဲ့ ၂၅.၈ သန်းအထိ ထိုးကျသွားနိုင်တယ်လို့ ဆိုပါတယ်။

ခရီးသွားလုပ်ငန်းကနေ အဓိကဝင်ငွေ ရရှိနေတဲ့ ထိုင်းနိုင်ငံမှာ COVID-19 ဂယက်ကြောင့် ခရီးသည်ဝင်ရောက်မှုဟာ ယမန်နှစ်ကထက် အများဆုံးအနေနဲ့ ၂၅.၈ သန်းအထိ ထိုးကျသွားနိုင်ကြောင်း ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ Tourism Authority of Thailand (TAT) က မေ ၁၁ ရက်နေ့မှာ ပြောပါတယ်။

(Photo: AFP)

TAT ရဲ့ ခန့်မှန်းချက်အရ ၂၀၂၀ ခုနှစ်မှာ ထိုင်းနိုင်ငံကို ခရီးသည် ၁၄ သန်းမှ ၁၆ သန်း လာရောက်မယ်လို့ သိရပြီး ထိုအရေအတွက်ဟာ ပြီးခဲ့တဲ့ မတ်လမှာ ခန့်မှန်းထားတဲ့ ခရီးသည်ဝင်ရောက်မှု ၃၃.၈ သန်းထက် သိသာစွာ လျော့နည်းသွားခဲ့တာ ဖြစ်ပါတယ်။ ယခုကဲ့သို့ ခရီးသည်ဝင်ရောက်မှု ကျဆင်းသွားခြင်းက ၁၄ နှစ်အတွင်း အနည်းဆုံး ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။



ယမန်နှစ်မှာတော့ ထိုင်းနိုင်ငံကို ခရီးသည် ၃၉.၈ သန်းအထိ စံချိန်တင် ဝင်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ နေ့စဥ် COVID-19 အတည်ပြုလူနာအသစ် တွေ့ရှိရမှုဟာ ဂဏန်းတစ်လုံး အရေအတွက်သို့ လျော့နည်းနေခဲ့ရာ အစိုးရက စီးပွားရေးလုပ်ငန်းအချို့ကို ယခုအပတ်အတွင်း သတိထားပြီး ပြန်ဖွင့်ခွင့်ပြုခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

(Photo: Reuters)

ထိုင်းအစိုးရက ကူးစက်မှုထိန်းချုပ်ရန် နေရာအမျိုးအစား ၈ ခုကို ယာယီ ပိတ်ထားမှုကာလ ဧပြီ ၃၀ ရက်နေ့မှာ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။ ထိုင်းအစိုးရက စတိုးဆိုင်နဲ့ စူပါမတ်ကက်များ အပြင်ဘက်ရှိ စားသောက်ဆိုင်များ၊ အစိုးရနဲ့ ပုဂ္ဂလိက ပန်းခြံများ၊ ဆံပင်ညှပ်ဆိုင်များ၊ ဂေါက်ကွင်းများ၊ ကားမောင်းကွင်းများ၊ အပြေး၊ တင်းနစ်နဲ့ ကြက်တောင်ရိုက် အားကစားနေရာများကို ပြန်ဖွင့်ပေးခဲ့ပါတယ်။ ယနေ့ (မေ ၁၂ ရက်) မနက်ပိုင်းအထိ စာရင်းတွေအရ ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်လူနာ ၃,၀၁၅ ဦး၊ သေဆုံးသူ ၅၆ ဦးနဲ့ ပြန်လည်သက်သာသူ ၂,၇၉၆ ဦးရှိခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က