loading...

loading...

loading...

ဗြိတိန်မှာ လူ ၁၀,၀၀၀ အထိ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ကြောင်း သိပ္ပံဆိုင်ရာ အကြံပေးအရာရှိချုပ်က ပြောထားပါတယ်။
Ko John

ဗြိတိန်မှာ နောက်ထပ် မိသားစုအများအပြားဟာ COVID-19 ဗိုင်းရပ်စ်ကြောင့် ၎င်းတို့ရဲ့ ချစ်ခင်သူတွေ သေဆုံးတာကို တွေ့ကြုံရလိမ့်မယ်လို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က မတ်လ ၁၂ ရက်နေ့မှာ သတိပေးခဲ့ပါတယ်။

(ဗြိတိန်ဝန်ကြီးချုပ် သတင်းစာရှင်းလင်းပွဲပြုလုပ်စဥ်) (Photo: Sky News)

ဗြိတိန်နိုင်ငံမှာ လူ ၁၀,၀၀၀ အထိ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ကြောင်း အစိုးရရဲ့ သိပ္ပံဆိုင်ရာ အကြံပေးအရာရှိချုပ်က ပြောထားပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် လာမယ့် သီတင်းပတ်အတွင်း လန်ဒန်မှာပြုလုပ်ရန် စီစဥ်ထားတဲ့ ဗြိတိန်နဲ့ ဥရောပသမဂ္ဂတို့ကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုကိုလည်း ဖျက်သိမ်းခဲ့ကြောင်း သိရပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ယခု ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ကူးစက်မှုဟာ မျိုးဆက်တစ်ခုမှာ အဆိုးရွားဆုံး ကျန်းမာရေးအကျပ်အတည်းဖြစ်ကြောင်း ပြောပါတယ်။ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး ဗြိတိန်အစိုးရရဲ့ အရေးပေါ်ဆိုင်ရာကော်မတီ အစည်းအဝေးကို မတ်လ ၁၂ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

(အသွားအလာ ရှင်းလင်းနေသည့် မန်ချက်စတာမြို့လယ်) (Photo: Reuters)

"ဗိုင်းရပ်စ်က နောက်ထပ် ကူးစက်ပျံ့နှံ့နေအုံးမယ်၊ ကျွန်တော် ခင်ဗျားတို့နဲ့ တစ်သားတည်းရှိပါတယ်၊ ဗြိတိန်ပြည်သူတွေနဲ့ တစ်သားတည်းရှိပါတယ်၊ ပိုများတဲ့ မိသားစုတွေ၊ အများကြီး ပိုများတဲ့ မိသားစုတွေဟာ သူတို့ ချစ်ခင်တဲ့သူတွေကို အချိန်မတန်ခင် ဆုံးရှုံးကြရပါတော့မယ်" လို့ ဝန်ကြီးချပ်ဘောရစ်ဂျွန်ဆင်က အစိုးရရဲ့ သိပ္ပံနဲ့ ဆေးဘက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များနဲ့အတူ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

ယနေ့ (မတ်လ ၁၃ ရက်) မနက်အစောပိုင်းအထိ စာရင်းတွေအရ ဗြိတိန်နိုင်ငံမှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၉၀ ဦးရှိလာပြီး ၁၀ ဦး သေဆုံးခဲ့ပါတယ်။ ဗြိတိန်တစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ၂၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ 


loading...

က္က