ကိုယ်ပူအချိန် ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီးနောက် မိခင်နဲ့အတူ အိမ်ပြန်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အီတလီနိုင်ငံရဲ့ အသက်အငယ်ဆုံး COVID-19 လူနာကလေးငယ် နေပြန်ကောင်းသွားပြီး ဆေးရုံမှ ပြန်နိုင်ခဲ့ပြီလို့ မီဒီယာတွေက ယနေ့ (ဧပြီ ၉ ရက်) သတင်းဖော်ပြပါတယ်။

(Photo: Reuters)

အသက် ၂ လအရွယ် ကလေးငယ်ဟာ အီတလီနိုင်ငံရဲ့ အသက်အငယ်ဆုံး COVID-19 ရောဂါဖြစ်ပွားသူ ကလေးငယ်ဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးငယ်ဟာ ကိုယ်ပူအချိန် ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီးနောက် မိခင်နဲ့အတူ အိမ်ပြန်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ထိုကလေးငယ်ဟာ COVID-19 ကြောင့် အဆုတ်ရောင်ရောဂါကို အန်တုရင်ဆိုင်ခဲ့ပြီး ပြန်လည်ကောင်းမွန်းသွားခဲ့ကြောင်း သတင်းတွေက ပြောပါတယ်။



၎င်းတို့သားအမိဟာ မတ်လ ၁၈ ရက်နေ့ကတည်းက အီတလီတောင်ပိုင်းရှ ဘာရီမြို့မှာ ဆေးရုံတက်နေခဲ့ရတာလည်း ဖြစ်ပါတယ်။ အီတလီဟာ COVID-19 ကြောင့် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပြီး ယနေ့ မွန်းလွဲပိုင်းအထိ သေဆုံးသူ ၁၇,၆၆၉ ဦးရှိခဲ့ပါတယ်။ အီတလီမှာ COVID-19 ကူးစက်ခံရသူ ၁၃၉,၄၂၂ ဦးနဲ့ ပြန်လည်သာသာသူ ၂၆,၄၉၁ ဦးရှိကြောင်းလည်း သိရပါတယ်။

(Photo: Reuters)

အီတလီပြီးပါက အမေရိကန်မှာ သေဆုံးသူ ၁၄,၇၉၇ ဦး၊ စပိန်မှာ သေဆုံးသူ ၁၄,၇၉၂ ဦးနဲ့ သေဆုံးမှုအများဆုံး နိုင်ငံများဖြစ်နေပါတယ်။ အမေရိကန်မှာ COVID-19 ကူးစက်မှုအများဆုံးဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၄၃၅,၁၆၀ ကူးစက်ခံရခဲ့ရပါတယ်။

အီတလီနိုင်ငံမှာ လတ်တလော ရက်ပိုင်းအတွင်း COVID-19 ကြောင့် နေ့စဥ် သေဆုံးသူဦးရေ ယခင်ကထက် လျော့ကျလာခဲ့တယ်လို့ ဆိုပါတယ်။ အီတလီဝန်ကြီးချုပ် ကွန်တီကတော့ ကပ်ရောဂါတိုက်ဖျက်ရေး စီမံဆောင်ရွက်မှုအရ ပိတ်ပင်ကန့်သတ်မှုတွေကို ဧပြီလကုန်မှစပြီး ဖြေးဖြေးချင်း လျှော့ချသွားနိုင်ဖွယ်ရှိကြောင်း BBC သတင်းဌာနကို ယနေ့ ပြောခဲ့ပါတယ်။

(Photo: Reuters)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က မတ်လ ၁၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ယနေ့ မွန်းလွဲပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ တစ်သန်းခွဲကျော် (၁,၅၂၃,၈၃၃ ဦး) ရှိနေပြီး ၈၈,၉၆၅ ဦး သေဆုံးခဲ့ကြောင်းနဲ့ ပြန်လည်သက်သာသူ ၃၃၂,၉၈၉ ဦးဖြစ်ကြောင်း သိရါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က