ချင်နိုင်းမှာ မရှိမဖြစ် လုပ်ငန်းတွေနဲ့ ကုန်စုံဆိုင်များကလွဲပြီး အားလုံးကို ပိတ်ပတ်စေကာ lockdown လုပ်ထားပါတယ်။

အိန္ဒိယတောင်ပိုင်း ချင်နိုင်းမြို့ (ယခင် မဒရက်စ်မြို့) နဲ့ အနီးအနားရှိ ခရိုင်သုံးခုကို COVID-19 ကူးစက်ဖြစ်ပွာမှုးများ မြင့်တက်လာမှုကြောင့် အာဏာပိုင်တွေက အသွားအလာ ပိတ်ပင်ကန့်သတ်ပြီး lockdown ပြန်သတ်မှတ်ထားပါတယ်။

(Photo: Getty Images)

ချင်နိုင်းမြို့ (Chennai) မြို့မှာ မရှိမဖြစ် လုပ်ငန်းတွေနဲ့ ကုန်စုံဆိုင်များကလွဲပြီး အားလုံးကို ပိတ်ပတ်စေကာ ၁၂ ရက်ကြာ lockdown လုပ်ထားကြောင်းနဲ့ ဇွန်လ ၃၀ ရက်နေ့အထိဖြစ်ကြောင်း သိရပါတယ်။ COVID-19 ကူးစက်မှုတွေ မြင့်တက်ဖြစ်ပွားနေတဲ့ ချင်နိုင်းမြို့ဟာ တမီလ်နာဒူပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး အိန္ဒိယမှာ ဆဌမမြောက် အကြီးဆုံးမြို့လည်း ဖြစ်ပါတယ်။



တမီလ်နာဒူပြည်နယ်မှာ COVD-19 အတည်ပြုလူနာ ၅၀,၀၀၀ စစ်ဆေးတွေ့ရှိထားရာ ၃၇,၀၀၀ ကျော်က ချင်နိုင်းမှဖြစ်ပါတယ်။ ချင်နိုင်းမြို့ဟာ အိန္ဒိယမှာ ကူးစက်ဖြစ်ပွားမှု အများဆုံးနေရာတွေအနက် တစ်ခုအပါအဝင် ဖြစ်နေပါတယ်။ တမီလ်နာဒူပြည်နယ်မှာ COVID-19 ကြောင့် သေဆုံးသူ ၆၀၀ ကျော်ရှိခဲ့ရာ ကူးစက်မှုနဲ့နှိုင်းယှဥ်ပါက သေဆုံးမှုနှုန်းနည်းခဲ့ပါတယ်။

(Photo: Indranil Mukherjeee/AFP via Getty Images)

သို့သော် တရားဝင် ထုတ်ပြန်ထားတဲ့ ထိုစာရင်းမှာ ချင်နိုင်းမြို့မှာ သေဆုံးခဲ့သူ အနည်းဆုံး ၂၀၀ မပါဝင်ခဲ့ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် လတ်တလောမှာ ပြန်လည်သုံးသပ်နေပါတယ်။ ချင်နိုင်းဟာ အိန္ဒိယမှာ COVID-19 ထိန်းချုပ်ကာကွယ်ရေး lockdown ပြန်သတ်မှတ်ရတဲ့ တစ်ခုတည်းသော မြို့ဖြစ်လာပါတယ်။

ချင်နိုင်းမှာ lockdown မစတင်မီ ရက်ပိုင်းက ထောင်နဲ့ချီတဲ့ မြို့ခံများ ထွက်ခွာသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒေသခံ သတင်းတွေရဲ့ အဆိုအရ မြို့မှအထွက် စစ်ဆေးရေးဂိတ်တွေမှာ ကားများပိတ်ဆို့နေခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ချင်နိုင်းလေဆိပ်မှာ ပုံမှန်ထက် လူအုပ်စု နှစ်ဆပိုများနေခဲ့ကြောင်း တွေ့ခဲ့ရတယ်လို့ The Hindu သတင်းစာက ဖော်ပြပါတယ်။

(Photo: (Arun Sankar/AFP)

အိန္ဒိယဟာ လက်ရှိမှာ ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်ဖြစ်ပွားမှု စတုတ္တအများဆုံး နိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၃၅၀,၀၀၀ ကျော် စစ်ဆေးတွေ့ရှိထားခဲတယ်။ နေ့စဥ် ကူးစက်မှုများလည်း ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး တမီလ်နာဒူဟာ အိန္ဒိယမှာ COVID-19 အဆိုးဆုံးဖြစ်ပွားတဲ့ ပြည်နယ်များအနက် ပါဝင်ပါတယ်။

ကူးစက်မှုတွေ ဆက်လက်တိုးလာနေပေမဲ့ ယခုလအစောပိုင်းမှာတော့ အိန္ဒိယအာဏာပိုင်တွေက ကမ္ဘာ့အပြင်းထန်ဆုံး lockdown စီမံဆောင်ရွက်မှုတွေကို စတင်ဖြေလျှော့ပေးခဲ့ပါတယ်။ အိန္ဒိယမှာ ယနေ့ (ဇွန် ၁၉ ရက်) အထိ စာရင်းတွေအရ COVID-19 ကြောင့် သေဆုံးသူ ၉,၉၀၀ ကျော်ရှိခဲ့ပြီး အတည်ပြုလူနာ ၁၈၀,၀၀၀ ကျော် ပြန်လည်သက်သာလာခဲ့ပါတယ်။ အိန္ဒိယအစိုးရရဲ့ အချက်အလက်တွေအရ မတ်လ ၂၅ ရက်နေ့မှာ လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ တစ်နိုင်ငံလုံးကို lockdown လုပ်ခဲ့မှုဖြင့် သေဆုံးမှု ၃၇,၀၀၀ နဲ့ ၇၈,၀၀၀ ကို ကာကွယ်တားဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က