ဥရောပမှာ COVID-19 ကူးစက်ခံရတဲ့ ကလေးငယ်တွေကို လေ့လာခဲ့တာ ဖြစ်ပါတယ်။

ဥရောပမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ကလေးတွေမှာ COVID-19 ကူးစက်ခံရပါက ရောဂါလက္ခဏာ ပြင်းထန်လေ့မရှိဘဲ သေဆုံးမှု အလွန်ရှားကြောင်း သိရှိရပါတယ်။

(Photo: Getty Images)

COVID-19 ကူးစက်ဖြစ်ပွားတဲ့ ကလေး ၅၈၂ ဦးမှာ လေးဦးသာ သေဆုံးပြီး ၎င်းတို့အနက် နှစ်ဦးက ယခင်ကတည်းက ကျန်းမာရေးပြဿာနာရှိသူတွေလို့ ဆိုပါတယ်။ ကလေးတွေမှာ COVID-19 ကူးစက်ခံရပါက ယေဘုယျအားဖြင့် မပြင်းထန်တဲ့ ရောဂါလက္ခဏာ ပြသလေ့ရှိပြီး အချို့မှာတော့ ကူးစက်ခံရပေမဲ့ ရောဂါလက္ခဏာ မပြသပါဘူး။ သို့သော် ရောဂါကူးစက်ခံတဲ့ ကလေး ၁၀ ဦးအနက် တစ်ဦးဟာ အထူးကြပ်မတ်ကုသမှု လိုအပ်တယ်လို့ လေ့လာမှုရလဒ်က ဖော်ြပပါတယ်။



ယခု လေ့လာမှုဟာ စိတ်ချရကြောင်း၊ သို့သော် ရောဂါပြင်းထန်တဲ့ ကလေးတွေအတွက် အကောင်းဆုံး ကုသမှုနဲ့ပတ်သက် လိုအပ်ချက်တွေကို ပိုမို ရှာဖွေသွားရမယ်လို့လည်း ဆရာဝန်တွေက ပြောပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ Great Ormond Street ဆေးရုံမှ အဖွဲ့တစ်ဖွဲ့က ဦးဆောင်တဲ့ သုတေသီတွေက ဥရောပနိုင်ငံ ၂၅ ခုမှာ အသက် ၃ ရက်မှ ၁၈ နှစ်အထိ ကလေးငယ် ၅၈၂ ဦးကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ ၎င်းတို့ အားလုံးဟာ ဧပြီလက ဥရောပမှာ COVID-19 ကူးစက်မှု အထွတ်အထိပ် ဖြစ်ပွားခဲ့စဥ်အတွင်း ကူးစက်ခံခဲ့ကြရပါတယ်။

(Photo: AP)

သုတေသီတွေ လေ့လာခဲ့ကြတဲ့ COVID-19 လူနာ ကလေးငယ်တွေရဲ့ လေးပုံတစ်ပုံဟာ ယခင်ကတည်းက ကျန်းမာရေးပြဿနာများ ရှိနေသူတွေလို့ ဆိုပါတယ်။ လေ့လာမှုအတွင်း သေဆုံးခဲ့တဲ့ ကလေးငယ်လေးဦး (၀.၆၉ ရာခိုင်နှုန်း) မှာ အသက် ၁၀ နှစ်အောက်အရွယ်တွေ မပါဝင်ခဲ့ကြောင်းနဲ့ ထိုသေဆုံးသူတွေအနက် နှစ်ဦးဟာ ယခင်ကတည်းက ကျန်းမာရေးပြဿနာများ ရှိနေခဲ့ကြကြောင်း တွေ့ခဲ့ရပါတယ်။

သုတေသီတွေရဲ့ လေ့လာမှုအရ COVID-19 ကူးစက်ခံရတဲ့ ကလေးတွေမှာ ၆၅ ရာခိုင်နှုန်းဟာ ကိုယ်ပူလေ့ရှိပြီး ၅၄ ရာခိုင်နှုန်းက အသက်ရှူလမ်းကြောင်းအပေါ်ဘက်ပိုင်းမှာ ဗိုင်းရပ်စ်ကူးစက်မှု တွေ့ရှိရတယ်လို့ ဆိုပါတယ်။ COVID-19 ကူးစက်ခံရတဲ့ ကလေးငယ် ၂၅ ရာခိုင်နှုန်းမှာ အဆုတ်ရောင်ရောဂါဖြစ်ပြီး ၂၂ ရာခိုင်နှုန်းကတော့ အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ ပြသလေ့ရှိကြောင်းလည်း BBC သတင်းမှာ ဖော်ပြပါတယ်။

(Photo: AP)

လေ့လာမှုအရ ကလေးငယ် ၁၆ ရာခိုင်နှုန်းကတော့ ရောဂါလက္ခဏာ မပြသကြောင်းနဲ့ ၎င်းတို့အနက် အများစုဟာ COVID-19 လူနာတစ်ဦးနဲ့ အနီးကပ် ထိတွေ့မှုကြောင့် ကူးစက်ခံရသူတွေဖြစ်ကြောင်း သိရပါတယ်။ ကလေးတွေအတွက် အကောင်းဆုံး ကုထုံးတစ်ရပ်နဲ့ ပတ်သက်ပြီး ဆရာဝန်တွေကို ကူညီရန် နောက်ထပ် လေ့လာမှုအချက်အလက်များ လိုအပ်နေသေးကြောင်း သုတေသီတွေက ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါအဖြစ် သတ်မှတ်ကေညာထားတဲ့ COVID-19 ကို ယမန်နှစ် ဒီဇင်ဘာလအတွင်း တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရပြီး လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်ခံရသူ ၉.၇ သန်းကျော်၊ သေဆုံးသူ ၄၉၁,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာလာသူ ၅.၂ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က