အသွားအလာ ပိတ်ပင်ကန့်သတ်ထားတဲ့ လူဦးရေဟာ ၂.၆ ဘီလီယံအထိ မြင့်တက်လာခဲ့ပါတယ်။

အိန္ဒိယအစိုးရက COVID-19 ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရေး တစ်နိုင်ငံလုံးကို အသွားအလာ ပိတ်ပင်ကန့်သတ်ကာ lockdown လုပ်လိုက်ပြီးနောက် ယခုအခါ ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံဟာ lockdown အခြေအနေအောက်မှာ နေထိုင်ကြရပါတယ်။


(အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့ရဲ့ မတ်လ ၂၅ ရက် မြင်ကွင်းတစ်ခု) (Photo: AFP)

အိန္ဒိယက နိုင်ငံရဲ့လူဦးရေ ၁.၃ ဘီလီယံကို မတ်လ ၂၅ ရက်မှစပြီး သီတင်းသုံးပတ်ကြာ အသွားအလာ ပိတ်ပင်ကန့်သတ်ထားလိုက်တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဒုတိယမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာ lockdown လုပ်လိုက်ခြင်းကြောင့် ဗိုင်းရပ်စ်တိုက်ဖျက်ရေး ကမ္ဘာတစ်ဝှမ်းမှာ အသွားအလာ ပိတ်ပင်ကန့်သတ်ထားတဲ့ လူဦးရေဟာ ၂.၆ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး ထိုပမာဏဟာ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံလည်း ဖြစ်ပါတယ်။



"အိန္ဒိယကို ကယ်တင်ဖို့၊ နိုင်ငံသားတိုင်း၊ သင်နဲ့ သင့်မိသားစုကို ကယ်တင်ဖို့ ... လမ်းတိုင်း၊ ရပ်ကွက်တိုင်းကို အဝင်အထွက်ပိတ်ပြီး lockdown လုပ်ထားပါမယ်" လို့ မိုဒီက ပြောပါတယ်။ လာမယ့် မေလလယ်အရောက်မှာ အိန္ဒိယလူဦးရေ တစ်သန်းကျော်အထိ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ကြောင်း ကျန်းမာရေးဆိုင်ရာ သုတေသီတွေက သတိပေးထားပါတယ်။


(lockdown လုပ်ထားတဲ့ အီတလီမြင်ကွင်းတစ်ခု) (Photo: BBC)


ဥရ

ာပမှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ အဆိုးရွားဆုံး ဖြစ်ပွားနေခဲ့တဲ့ အီတလီမှာလည်း မတ်လ ၂၁ ရက်နေ့ကတည်းက တစ်နိုင်ငံလုံးကို အသွားအလာများ ပိတ်ပင်ကန့်သတ်ထားပါတယ်။ နောက်ထပ် ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ စပိန်မှာလည်း ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသိသာသာ မြင့်တက်နေပြီး အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။


မတ်လ ၂၅ ရက်အထိ စာရင်းတွေအရ အီတလီနဲ့ စပိန်ဟာ COVID-19 ကြောင့် သေဆုံးမှုအများဆုံးနိုင်ငံတွေအဖြစ် အစဥ်လိုက်ရပ်တည်နေပြီး ဗိုင်းရပ်စ်စတင်တွေ့ရှိရာ တရုတ်နိုင်ငံထက် သေဆုံးသူဦးရေ ပိုများလာခဲ့ပါတယ်။ မတ်လ ၂၆ ရက် မနက်အစောပိုင်းအထိ ဗိုင်းရပ်စ်ကြောင့် အီတလီမှာ ၇,၅၀၃ ဦး၊ စပိန်မှာ ၃,၄၃၄ ဦး သေဆုံးခဲ့ပြီး တရုတ်မှာ သေဆုံးဦးရေ ၃,၂၈၁ ဦးရှိခဲ့ကြောင်း သိရပါတယ်။


(ဗြိတိန်လွှတ်တော်အနီး မတ်လ ၂၄ ရက် မြင်ကွင်း) (Photo: Justin Talis/AFP)


ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်နေတဲ့ ဗြိတိန်နိုင်ငံမှာလည်း အစိုးရက သီတင်းသုံးပတ်ကြာ အသွားအလာ ပိတ်ပင်ကန့်သတ်ပြီး lockdown လုပ်ထားပါတယ်။ အမေရိကန်မှာ လူဦးရေ သန်း ၁၃၀ နီးပါး သို့မဟုတ် နိုင်ငံလူဦးရေ ၄၀ ရာခိုင်နှုန်းကို အသွားအလာ ပိတ်ပင်ကန်သတ်ပြီး lockdown လုပ်ထားမယ်လို့ ဆိုပါတယ်။

မတ်လ ၂၆ ရက် မနက်အစောပိုင်းအထိ ကမ္ဘာတစ်ဝှမ်း လူ ၂၀,၀၀ ကျော် သေဆုံးခဲ့တဲ့ COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် နိုင်ငံအသီးသီးက လူများ သွားလာလှုပ်ရှားမှုတွေကို တစ်စိတ်တစ်ပိုင်း ပိတ်ပင်ကန့်သတ်ခြင်း၊ လုံးဝ ပိတ်ပင်ကန့်သတ်ပြီး lockdown လုပ်ခြင်း၊ မရှိမဖြစ် မဟုတ်တဲ့ လုပ်ငန်းများ ပိတ်ထားခြင်း၊ ကျောင်းများပိတ်ထားခြင်းနဲ့ အရေးပေါ်အခြေအနေ ကြေညာခြင်းကဲ့သို့ စီမံဆောင်ရွက်ချက်တွေ လုပ်ဆောင်နေကြပါတယ်။


(နယူးယောခ့်မြို့မှ အသွားအလာရှင်းနေတဲ့ မြင်ကွင်းတစ်ခု) (Photo: John Minchillo)


ထိုအတောအတွင်း တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသိသာသာ လျော့ကျလာခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်မှု ဗဟိုချက်နေရာဖြစ်ခဲ့တဲ့ ဟူဘေးပြည်နယ်ရှိ လူဦးရေ သန်း ၅၀ ကို လနဲ့ချီကြာတဲ့အထိ lockdown လုပ်ထားခဲ့ရာမှ ယခုအခါ ပိတ်ပင်ကန့်သတ်မှုတွေ စတင်ဖြေလျှော့ပေးနေပြီ ဖြစ်ပါတယ်။ မတ်လ ၂၆ ရက် မနက်အစောပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၄၄၆,၉၁၉ ဦး၊ သေဆုံးသူ ၂၀,၄၆၂ ဦးနဲ့ ပြန်လည်သက်သာလာသူ ၁၁၁,၈၉၅ ဦးရှိကြောင်း သိရပါတယ်။

Sou

rce: AFP

Share

Loading Next Article...
က္က