COVID-19 ကူးစက်ဖြစ်ပွားမှုကို တုံ့ပြန်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ဝန်ကြီးတွေကို အပြောင်းအလဲပြုလုပ်ရန် သို့မဟုတ် အစိုးရဌာနတွေကိုပင် ဖျက်သိမ်းပစ်ရန် အသင့်ရှိကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ၎င်းရဲ့အစိုးရအဖွဲ့ကို ပြောကြားလိုက်ပါတယ်။

(Photo: Reuters)

သမ္မတဂျိုကိုဝီက ဇွန် ၁၈ ရက်နေ့ အစိုးရအဖွဲ့ အစည်းအဝေးအတွင်း ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဗီဒီယိုမှတ်တမ်းကို သမ္မတရုံးက ယမန်နေ့ (ဇွန် ၂၈ ရက်) မှာ ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။ "ကျွန်တော်တို့ထဲက အများအပြားက ပုံမှန်အတိုင်းပဲ လုပ်နေကြတယ်၊ အဲဒါက ကျွန်တော် သည်းမခံနိုင်ဘဲ ဒေါသဖြစ်ရတဲ့ဟာပဲ၊ ခင်ဗျားတို့မှာ ခံစားမှုတွေ မရှိကြဘူးလား? ဒါက ကပ်ဆိုက်နေတဲ့ ကာလတစ်ခုပဲ" လို့ ဂျိုကိုဝီက ဗီဒီယိုထဲမှာ ပြောထားပါတယ်။



"ကျွန်တော်တို့ရဲ့ ပြည်သူ ၂၆၇ သန်းအတွက်၊ ကျွန်တော်တို့ရဲ့ နိုင်ငံအတွက် သာမန်မဟုတ်တဲ့ စီမံဆောင်ရွက်မှု ကျွန်တော် လုပ်သွားမယ်၊ အဲဒါက အစိုးရဌာနတွေကို ဖျက်သိမ်းပစ်တာ ဖြစ်နိုင်တယ်၊ ဝန်ကြီးတွေ အပြောင်းအလဲလုပ်တာ ဖြစ်နိုင်တယ်၊ ကျွန်တော် အကုန်လုံးကို စဥ်းစားနေတယ်၊ တစ်ယယ်လို့ လိုအပ်တယ်ဆိုရင် နောက်ထပ် အရေးပေါ် စည်းမျဥ်းစည်းကမ်းတွေည်း ထပ်ထုတ်နိုင်တယ်" လို့ သမ္မတဂျိုကိုဝီက ပြောခဲ့ပါတယ်။

ကျွန်တော်တို့ထဲက အများအပြားက ပုံမှန်အတိုင်းပဲ လုပ်နေကြတယ်၊ အဲဒါက ကျွန်တော် သည်းမခံနိုင်ဘဲ ဒေါသဖြစ်ရတဲ့ဟာပဲ၊ ခင်ဗျားတို့မှာ ခံစားမှုတွေ မရှိကြဘူးလား? ဒါက ကပ်ဆိုက်နေတဲ့ ကာလတစ်ခုပဲ

(Photo: Reuters)

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးထိခိုက်နေမှုကို ရင်ဆိုင်ရာမှာလည်း ၎င်းရဲ့ ဝန်ကြီးတွေအနေနဲ့ အစိုးရအသုံးစရိတ် သုံးစွဲမှုနှေးကွေးကြောင်း ဂျိုကိုဝီက မကျေမနပ် ပြောဆိုခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ ယခုလအတွင်း အသွားအလာ ကန့်သတ်ချက်တွေ ဖြေလျှော့ခဲ့ပြီး စီးပွားရေးလုပ်ငန်းအချို့ကို ပြန်ဖွင့်ပေးခဲ့ပေမဲ့ COVID-19 ကူးစက်မှုတွေကတော့ ဆက်လက် မြင့်တက်နေပါတယ်။

စနေနေ့ (ဇွန် ၂၇ ရက်) ကလည်း ကူးစက်ခံရသူ နောက်ထပ် ၁,၃၈၅ ဦး တိုးလာခဲ့ပြီး နေ့အလိုက် ကူးစက်မှုအများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ဇွန် ၂၈ ရက်နေ့အထိ ကိန်းဂဏန်းတွေအရ အင်ဒိုနီးရှားမှာ COVID-19 ကူးစက်ခံရသူ ၅၄,၀၁၀ ဦး၊ သေဆုံးသူ ၂,၇၅၄ ဦးရှိခဲ့ပြီး အရှေ့တောင်အာရှ နိုင်ငံတွေအနက် ကူးစက်မှုနဲ့သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

(Photo: Reuters)

သမ္မတဂျိုကိုဝီ အစိုးရက COVID-19 နဲ့ ပတ်သက်ပြီး အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံနီးပါး အသုံးပြုသွားမယ်လို့ ကတိပြုထားကြောင်း သိရပါတယ်။ COVID-19 ကပ်ရောဂါကြောင့် အရှေ့တောင်အာရှရဲ့ စီးပွားရေးအင်အား အကြီးဆုံး အင်ဒိုနီးရှားနိုင်ငံဟာ ယခုနှစ်မှာ စီးပွားရေးကျဆင်းမှု ကြုံတွေ့နိုင်ပြီး လူဦးရေ သန်းနဲ့ချီ ဆင်းရဲမွဲတေမှု ဖြစ်လာနိုင်ကြောင်း အစိုးရတာဝန်ရှိသူတွေက သုံးသပ်ပြောကြားကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က