၂၀၁၉ ခုနှစ်မှာ စူပါမွန်းဖြစ်စဉ်ကို သုံးကြိမ် ကြုံတွေ့ရမှာပါ။

၂၀၁၉ ခုနှစ်ရဲ့ အကြီးဆုံး စူပါမွန်းကို စင်ကာပူနိုင်ငံကနေ မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ယနေ့ (ဖေဖေါ်ဝါရီ ၁၉ ရက်) ညပိုင်းက စင်ကာပူမှာ ရှိနေသူတွေဟာ ယခုနှစ်ရဲ့ အကြီးဆုံး လမင်းကြီးကို မြင်တွေ့ခွင့်ရခဲ့ကြတယ်လို့ CNA သတင်းက ဖော်ပြထားပါတယ်။

(Photo: Joyce)

လပြည့်စဉ်မှာ လ,ဟာ ကမ္ဘာနဲ့ အနီးဆုံးနေရာကို ရောက်ရှိချိန်နဲ့တိုက်ဆိုင်ပြီး ပုံမှန် လပြည့်ညထက် လကို ပိုမိုကြီးမားစွာ မြင်တွေ့ရခြင်းကြောင့် စူပါမွန်း (supermoon) လို့ သတ်မှတ်ခေါ်ဝေါ်ကြောင်း Science Centre Singapore က ပြောပါတယ်။

"စင်ကာပူစံတော်ချိန် ည ၇ နာရီခွဲမှာ စူပါမွန်းကို အကောင်းဆုံး မြင်တွေ့ရပါမယ်၊ ဒီနှစ်ရဲ့ စူပါမွန်းကို ကိုယ်တိုင်မြင်တွေ့ရဖို့ ကောင်းကင်မှာမြင်ကွင်းရှင်းနေဖို့လိုပြီး ရာသီဥတုကောင်းဖို့ ဆုတောင်းကြပါ" လို့ Science Center Singapore က Facebook မှာ ရေးထားပါတယ်။

(Photo: Irana Pantow)

စူပါမွန်းကို မြင်တွေ့နိုင်ရန် စင်ကာပူအရှေ့ဘက် ကောင်းကင်ယံကို ယနေ့ညမှာ စောင့်ကြည့်ကြရန်လည်း အဆိုပါအဖွဲ့က အကြံပြုထားပါတယ်။ ယနေ့ညမှာ မြင်တွေ့ရတဲ့ စူပါမွန်းဟာ ၂၀၁၉ ခုနှစ်ရဲ့ အကြီးမားဆုံးနဲ့ အတောက်ပဆုံး စူပါမွန်းဖြစ်တယ်လို့ ဆိုပါတယ်။ စူပါမွန်းဖြစ်စဉ်ဟာ ၁၅ ရက်ကြာ တရုတ်နှစ်သစ်ကူး နောက်ဆုံးကျင်းပရက်နဲ့လည်း တိုက်ဆိုင်နေတယ်လို့ CNA က ပြောပါတယ်။

(Photo: A Kannan)

စင်ကာပူမှာရှိနေသူတွေက စူပါမွန်းပုံရိပ်တွေကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေ ဆိုရှယ်မီဒီယာမှာ လွှင့်တင်ထားကြတာလည်း တွေ့ရပါတယ်။၂၀၁၉ ခုနှစ်အတွင်း စူပါမွန်းဖြစ်စဉ်ကို သုံးကြိမ်မြင်တွေ့ရမှာဖြစ်ပြီး ယခုတစ်ကြိမ်ဟာ ဒုတိယအကြိမ်ဖြစ်ကာ လကို အကြီးဆုံးအဖြစ် မြင်တွေ့ရတာလည်း ဖြစ်ပါတယ်။ ယခုနှစ်ရဲ့ ပထမဆုံး စူပါမွန်းဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်မှာ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးအကြိမ် စူပါမွန်းဖြစ်စဉ်ကိုတော့ လာမယ့် မတ်လ ၂၁ ရက်မှာ မြင်တွေ့ရမယ်လို့လည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က