စံချိန်စံညွှန်းမမီခြင်း သို့မဟုတ် ချွတ်ယွင်းချက်ရှိခြင်းတို့ တွေ့ရတယ်လို့ ဆိုပါတယ်။
Ko John

ဥရောပနိုင်ငံအချို့က တရုတ်နိုင်ငံထုတ် COVID-19 ဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေးအတွက် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေကို အသုံးပြုရန် လက်မခံဘဲ ပယ်ချခဲ့ကြတယ်လို့ ဆိုပါတယ်။

(Photo: Juan Carlos Cárdenas/AFP/Getty)

ထောင်နဲ့ချီတဲ့ တရုတ်နိုင်ငံထုတ် ဗိုင်းရပ်စ်စစ်ဆေးကိရိယာတွေနဲ့ ဆေးဘက်ဆိုင်ရာ mask များမှာ စံချိန်စံညွှန်းမမီခြင်း သို့မဟုတ် ချွတ်ယွင်းချက်ရှိခြင်းတို့ တွေ့ရတယ်လို့ စပိန်၊ တူရကီနဲ့ နယ်သာလန်နိုင်ငံတို့မှ အာဏာပိုင်တွေက ပြောပါတယ်။ လက်ရှိအချိန်အထိ ဥရောပမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ သိန်းနဲ့ချီ စစ်ဆေးတွေ့ရှိထားပြီး အဆိုးရွားဆုံး ဖြစ်ပွားနေခဲ့တဲ့ အီတလီမှာ လူ ၁၀,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။



နယ်သာလန်နိုင်ငံမှာ စနေနေ့ (မတ် ၂၈ ရက်) က တရုတ်ထုတ် mask အရေအတွက် ၆၀၀,၀၀၀ ကို ပြန်လည်သိမ်းဆည်းခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။ အဆိုပါ mask တွေဟာ တရုတ်ကုမ္ပဏီတစ်ခုထံမှ မတ်လ ၂၁ ရက်နေ့မှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဗိုင်းရပ်စ်တိုက်ဖျက်ရေး ဆောင်ရွက်နေကြတဲ့ ဆေးဘက်ဝန်ထမ်းအဖွဲ့များထံ ဖြန့်ဝေခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

(Photo: Picture Alliance/DPA/K.J. Hildenbrand)

နယ်သာလန်တာဝန်ရှိသူတွေရဲ့ အဆိုအရ တရုတ်ကုမ္ပဏီထံမှ mask တွေဟာ အရည်အသွေး အသိအမှတ်ပြုလက်မှတ် ရရှိထားပေမဲ့ တပ်ဆင်အသုံးပြုရာမှာ အဆင်ပြေမှုမရှိဘဲ ၎င်းတို့ရဲ့ စစ်ထုတ်အလွှာတွေကလည်း စံချိန်စံညွှန်းနဲ့အညီ လုပ်ဆောင်နိုင်စွမ်းမရှိကြောင်း သိရပါတယ်။

"ရောက်ရှိပြီးသားထဲက ကျန်တဲ့ mask တွေ ချက်ချင်း သိမ်းထားလိုက်ပြီး ဖြန့်ဝေမှု မလုပ်တော့ပါဘူး၊ အခု ဒီဟာတွေကို မသုံးတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်" လို့ နယ်သာလန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ စပိန်အစိုးရဟာလည်း တရုတ်ကုမ္ပဏီတစ်ခုထံမှ မှာယူခဲ့တဲ့ ဗိုင်းရပ်စ်စစ်ဆေးရေး ကိရိယာတွေမှာ အလားတူ ပြဿာနများ တွေ့ကြုံနေရပါတယ်။

(Photo: Getty Images)

တရုတ်ကုမ္ပဏီထံမှ အရေအတွက် သိန်းနဲ့ချီတဲ့ ဗိုင်းရပ်စ်စစ်ဆေးရေးကိရိယာတွေ ဝယ်ယူခဲ့ကြောင်း၊ သို့သော် စစ်ဆေးရေးကိရိယာ ၆၀,၀၀၀ နီးပါးက သံသယလူနာတစ်ဦးထံမှာ ဗိုင်းရပ်စ်ရှိ မရှိ မှန်ကန်တိကျစွာ စစ်ဆေးမပေးနိုင်ခဲ့ကြောင်း စပိန်အစိုးရက ကြေညာပါတယ်။

အဆိုပါ ဗိုင်းရပ်စ်စစ်ဆေးရေး ကိရိယာတွေ ရောင်းချခဲ့တဲ့ Shenzhen Bioeasy Biotechnology ကုမ္ပဏီဟာ တရုတ်ဆေးဘက်ဆိုင်ရာအာဏာပိုင်များထံမှ တရားဝင်လိုင်စင်မရှိဘူးလို့ တရုတ်နိုင်ငံရှိ စပိန်သံရုံးက Twitter မှာ ပြောထားပါတယ်။ တရုတ်အစိုးရနဲ့ Alibaba ကုမ္ပဏီတို့က ပေးပို့လှူဒါန်းမှုတွေမှာတော့ Shenzhen Bioeasy Biotechnology ရဲ့ ပစ္စည်းကိရိယာများ မပါဝင်ကြောင်း စပိန်သံရုံးက ရှင်းပြခဲ့ပါတယ်။

(Photo: Reuters)

တူရကီနိုင်ငံကလည်း တရုတ်ကုမ္ပဏီများထံမှ မှာယူခဲ့တဲ့ ဗိုင်းရပ်စ်စစ်ဆေးကိရိယာအချို့ဟာ မှန်ကန်တိကျမှု မရှိကြောင်း တွေ့ခဲ့ရတယ်လို့ ကြေညာခဲ့ပါတယ်။ သို့သော် တရုတ်နိုင်ငံထုတ် ဗိုင်းရပ်စ်စစ်ဆေးကိရိယာ ၃၅၀,၀၀၀ ခန့်ကတော့ စစ်ဆေးမှု ကောင်းစွာလုပ်ဆောင်နိုင်ကြောင်း တူရကီက ပြောပါတယ်။ ယခုကိစ္စနဲ့ပတ်သက်ပြီး တရုတ်အစိုးရကတော့ ၎င်းတို့ထံမှာ အခြေစိုက်ထုတ်လုပ်တဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေရဲ့ အရည်အသွေးအပေါ် စိုးရိမ်ပူပန်မှုရာမှာ နိုင်ငံရေးသဘောမပါရန် နိုင်ငံများကို တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

Source: BBC, SCMP, DW


ဆက်စပ်အကြောင်းအရာများ


Author


က္က