loading...

loading...

loading...

အမေရိကန်နဲ့ တာလီဘန်တို့က အာဖဂန်စစ်ပွဲ အဆုံးသတ်ရေးဦးတည်တဲ့ သဘောတူညီမှု လက်မှတ်ထိုးထားကြပါတယ်။
Ko John

သမ္မတဒေါ်နယ်ထရန့်က ၎င်းနဲ့ တာလီဘန်စစ်သွေးအုပ်စု ခေါင်းဆောင်တစ်ဦးတို့ အလွန်ကောင်းမွန်တဲ့ ဖုန်းဆက်သွယ်ပြောဆိုမှုရှိခဲ့ကြောင်း ထုတ်ဖော်ပြောခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ အမေရိကန်စစ်တပ်က တာလီဘန်တိုက်ခိုက်ရေးသမားတွေကို လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ BBC သတင်းက ဖော်ပြပါတယ်။

(Photo: John Moore/AP)

အမေရိကန်စစ်တပ်ရဲ့ ယနေ့ (မတ်လ ၄ ရက်) လေကြောင်းတိုက်ခိုက်မှုဟာ တာလီဘန်အုပ်စုနဲ့ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်လာပါတယ်။ အမေရိကန်နဲ့ တာလီဘန်တို့က ၁၈ နှစ်ကြာ ဖြစ်ပွားနေခဲ့တဲ့ အာဖဂန်နစ္စတန်စစ်ပွဲ အဆုံးသတ်ရေးဦးတည်တဲ့ သဘောတူညီမှုကို ဖေဖေါ်ဝါရီ ၂၉ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

တာလီဘန်အုပ်စု တိုက်ခိုက်ရေးသမားတွေက ဟဲလ်မန်းပြည်နယ်အတွင်း အာဖဂန်တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့မှုကို တုံ့ပြန်မှုအဖြစ် ယနေ့ လေကြောင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်တပ်ဖွဲ့ ပြောခွင့်ရအမျိုးသားက ပြောပါတယ်။

(Photo: AFP)

တာလီဘန်အုပ်စုဘက်က‌တော့ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ခြင်း မရှိသေးပါဘူး။ အမေရိကန်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရမှု အခြေအနေကိုလည်း အတိအကျ မသိရသေးကြောင်း BBC က ပြောပါတယ်။

ဖေဖေါ်ဝါရီ ၂၉ ရက်နေ့က အမေရိကန်နဲ့ တာလီဘန်တို့ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီမှုအရ လာမယ့် မတ်လ ၁၀ ရက်နေ့မှာ အာဖဂန်နအစိုးရလက်အောက်ရှိ အကျဥ်းထောင်များမှာ ဖမ်းဆီးထားတဲ့ တာလီဘန်တိုက်ခိုက်ရေးသမား ၅,၀၀၀ နဲ့ တာလီဘန်တို့ ထိန်းသိမ်းထားတဲ့ အာဖဂန်တပ်ဖွဲ့ဝင် ၁,၀၀၀ ကို အပြန်အလှန် လွှတ်ပေးရန်အချက်လည်း ပါဝင်ခဲ့ပါတယ်။

(Photo: AFP)

သို့သော် အာဖဂန်သမ္မတ အက်ရှ်ရက်ဖ်ဂါနီက ၎င်းရဲ့အစိုးရအနေနဲ့ တာလီဘန်အကျဥ်းသားတွေကို လွှတ်ပေးမယ်လို့ ကတိမပေးကြောင်း ပြောခဲ့ပါတယ်။ အာဖဂန်သမ္မတက ထိုသို့ပြောကြားခဲ့ပြီး‌နောက် တာလီဘန်အုပ်စု တိုက်ခိုက်ရေးသမားတွေက အာဖဂန်တပ်ဖွဲ့တွေကို တိုက်ခိုက်မှုတွေ ပြန်လည်စတင်မယ်လို့ ပြောဆိုထားခဲ့ပါတယ်။ စစ်သွေးကြွတွေအနေနဲ့ ဖေဖေါ်ဝါရီ ၂၉ ရက် သဘောတူညီမှုကို လိုက်နာထိန်းသိမ်းပါက အမေရိကန်နဲ့ NATO မဟာမိတ်တို့က ၁၄ လအတွင်း အာဖဂန်မှ တပ်ဖွဲ့များအားလုံးကို ရုပ်သိမ်းသွားမယ်လို့လည်း သိရပါတယ်။


loading...

က္က