ဆင်အသေကောင် စုစုပေါင်း ၃၃၀ တွေ့ခဲ့ရပါတယ်။

ဘော့ဆွာနာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်လအတွင်း ဆင်အကောင်ရေ ရာနဲ့ချီ မကြုံစဖူး သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ပဟေဠိဖြစ်နေကြတယ်လို့ ဆိုပါတယ်။

(Photo: The Guardian)

အာဖရိကတောင်ပိုင်းရှိ ဘော့ဆွာနာနိုင်ငံ Okavango မြစ်ဝကျွန်းပေါ်ဒေသမှာ မေလဆန်းမှစပြီး ဆင်အသေကောင် ၃၃၀ ကို တွေ့ရှိခဲ့ရကြောင်း ဒေါက်တာ Niall McCann က ပြောပါတယ်။ ဆင်အများအပြား သေဆုံးနေရတဲ့ အကြောင်းရင်းကို မည်သူမျှ မသိနိုင်သေးဘဲ ဓာတ်ခွဲနမူနာများ စစ်ဆေးမှုအဖြေရရှိရန်လည်း ရက်သတ္တပတ်များ ကြာမြင့်မှာဖြစ်ကြောင်း ဘော့ဆွာနာအစိုးရက ဆိုပါတယ်။ ဘော့ဆွာနာနိုင်ငံမှာ အာဖရိကရဲ့ လျော့နည်းကျဆင်းနေတဲ့ ဆင်အကောင်ရေ သုံးပုံတစ်ပုံ ကျက်စားနေထိုင်ကြတယ်လို့ သိရပါတယ်။



(Photo: BBC)

တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးသမားတွေက ဆင်သေတွေကို မေလအစောပိုင်းမှာ ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပြီး အစိုးရထံ အကြောင်းကြားခဲ့ကြတယ်လို့ ဗြိတိန်အခြေစိုက် National Park Rescue အဖွဲ့အစည်းမှ ဒေါက်တာ Niall McCann က BBC သတင်းဌာနကို ပြောပါတယ်။ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးသမားတွေက Okavango မြစ်ဝကျွန်းပေါ်ဒေသပေါ်မှ လေယာဥ်ဖြင့်ပျံသန်းခဲ့စဥ် ဆင်သေတွေကို တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

(Photo: BBC)

"သုံးနာရီကြာ ပျံသန်းခဲ့ကြစဥ်အတွင်း ဆင်အသေကောင် ၁၆၉ ကောင် သူတို့ တွေ့ခဲ့ကြတယ်၊ သုံးနာရီကြာ လေယာဥ်ပျံသန်းမှုမှာ ဆင်အသေကောင် ဒီလောက်အများအပြားကို မြင်တွေ့ရပြီး ရေတွက်လို့ရတာက သာမန်ထက် ထူးခြားနေပါတယ်" လို့ ဒေါက်တာ Niall McCann က ပြောခဲ့ပါတယ်။

တစ်လအကြာမှာ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေအရ ဆင်အသေကောင် စုစုပေါင်း ၃၃၀ ဖြစ်လာခဲ့တယ်" လို့ ဒေါက်တာ Niall McCann က ဖြည့်စွက် ပြောခဲ့ပါတယ်။ "မိုးခေါင်ခြောက်သွေ့မှုနဲ့ ဆက်နွယ်နေတာမျိုး မဟုတ်ဘဲ ဖြစ်ရပ်တစ်ခုတည်းမှာ ဒီလောက်များပြားတဲ့ ဆင်တွေ သေနေခဲ့တာက လုံးဝကို မကြုံဖူးတဲ့အဖြစ်ပါပဲ" လို့လည်း ၎င်းကဆိုပါတယ်။ 

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က