ထိုအမျိုးသားကို နိုဝင်ဘာ ၁၆ ရက်နေ့က တရားရုံးမှာ စွဲချက်တင်ခဲ့ပါတယ်။

ဩစတြေးလျ အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက် အပြင်းအထန် လောင်ကျွမ်းခဲ့တဲ့ တောမီးဟာ အမျိုးသားတစ်ဦးက ၎င်းရဲ့ဆေးခြောက်စိုက်ခင်းကို ကာကွယ်ရန် တမင်ရည်ရွယ် မီးရှို့ခဲ့ရာမှ စတင်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။

(Photo: Brett Hemmings/Getty Images)

သီတင်းတစ်ပတ်ကြာမျှ တောမီးလောင်မှုအတွင်း လူလေးဦး သေဆုံးခဲ့ပြီး နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။ တောမီးဟာ မြေဧက ၂.၅ သန်းကျော်မှာ ကူးစက်လောင်ကျွမ်းခဲ့တာလည်း ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ အသက် ၅၁ နှစ်အရွယ် အမျိုးသားဟာ တောမီးလောင်မှုတွေ အပြင်းထန်ဆုံးဖြစ်ပွားခဲ့တဲ့ New South Wales ပြည်နယ် Ebor ကျေးရွာမှာ ၎င်းရဲ့ ဆေးခြောက်စိုက်ခင်းကို ကာကွယ်ရန်အတွက် မီးရှို့ခဲ့ကြောင်း သိရပါတယ်။ ထိုအမျိုးသားကို နိုဝင်ဘာ ၁၆ ရက်နေ့က တရားရုံးမှာ စွဲချက်တင်ခဲ့တယ်လို့ ဆိုပါတယ်။



(Photo: AAP Image)

တမင်ရည်ရွယ် မီးရှို့ခဲ့ရာမှ မီးကူးစက်လောင်မှုကို ထိုအမျိုးသားက ငြှိမ်းသတ်ရန် မကြိုးပမ်းခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ Ebor ကျေးရွာ တောမီးဟာ မြေဧက ၂၄,၇၁၀ မှာ ကူးစက်လောင်ကျွမ်းသွားခဲ့ပါတယ်။ New South Wales နဲ့ အိမ်နီးချင်း Queesland ပြည်နယ်တွေမှာ အပြင်းအထန် လောင်ကျွမ်းခဲ့တဲ့ တောမီးလောင်မှုအချို့ဟာ တမင်ရည်ရွယ် မီးရှို့သူတွေကြောင့်ဖြစ်ကြောင်း ဩစတြေးလျ အာဏာပိုင်တွေက ကောက်ချက်ချထားပါတယ်။

(Photo: AFP)

အများပြည်သူအနေနဲ့ ထိုသို့ မီးရှို့ခဲ့သူကို သိရှိပါက နောက်ထပ် ဖမ်ဆီးနိုင်ရေးအတွက် သတင်းပေးကြရန်လည်း အာဏာပိုင်တွေက တိုက်တွန်းထားကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။ တနင်္ဂနွေနေ့ (နိုဝင်ဘာ ၁၇ ရက်) အထိ New South Wales နဲ့ Queensland ပြည်နယ်တွေမှာ တောမီးလောင်မှု ၁၃၀ ဖြစ်ပွားနေခဲ့တယ်လို့ သိရပါတယ်။ ဩစတြေးလမှာ တောမီးလောင်မှုတွေ နှစ်စဥ် ဖြစ်ပွားလေ့ရှိပြီး ရာသီဥတုပြောင်းလဲမှုကြောင့် မီးလောင်မှုဟာ ပိုမိုးပြင်းထန်လာကြောင်း သိပ္ပံပညာရှင်တွေက သုံးသပ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က