မိုးသည်းထန်စွာသွန်းခဲ့ပြီးနောက် ရေထိန်းနံရံပျက်စီးမှု ဖြစ်ပေါ်ခဲ့ပါတယ်။

အင်္ဂလန်အလယ်ပိုင်းရှိ ရေလှောင်တမံတစ်ခု ကျိုးပေါက်နေမှုကြောင့် ရေလှောင်တမံအောက်ဘက်ရှိ မြို့တစ်မြို့မှ လူဦးရေ ၁,၅၀၀ ခန့်ကို ဘေးလွတ်ရာသို့ ယနေ့ (သြဂုတ် ၂ ရက်) ရွှေ့ပြောင်းထားခဲ့ရပါတယ်။

(Photo: Tom Maddick/SWNS)

Whaley Bridge မြို့ငယ်ရဲ့ အထက်ဘက်ရှိ Toddbrook ရေလှောင်တမံဟာ မိုးသည်းထန်စွာသွန်းခဲ့ပြီးနောက် ရေများလျှံကျကာ ရေထိန်းနံရံ ပျက်စီးမှုဖြစ်ပေါ်ခဲ့ကာ မြို့ခံတွေရဲ့ အသက်အိုးအိမ်အတွက် အန္တရာယ်ရှိနေပါတယ်။ ထိုမြို့မှာ နေထိုင်ကြတဲ့ မြို့ခံ ၅,၀၀၀ ခန့်ကို အိမ်မွေးတိရစ္ဆာန်နဲ့ လိုအပ်တဲ့ဆေးဝါးများ ၎င်းတို့နဲ့အတူ ယူဆောင်ပြီး မြို့မှထွက်ခွာကြရန် ရဲတပ်ဖွဲ့က ညွန်ကြားထားပါတယ်။ ယမန်နေ့ (သြဂုတ် ၁ ရက်) မွန်းလွဲပိုင်းမှစပြီး ရေလှောင်တမံရဲ့ ရေထိန်းနံရံ ပျက်စီးမှုတွေ ဖြစ်ပေါ်လာခဲ့ကာ ရေဂါလံ သန်း ၃၀၀ လျှံထွက်သွားခဲ့ကြောင်း BBC သတင်းက ပြောပါတယ်။


(Photo: PA)

ရလှောင်တမံရဲ့ ပျက်စီးနေတဲ့ ရေထိန်းနံရံနေရာသို့ ဗြိတိန်တော်ဝင်လေတပ် Royal Air Force (RAF) ရဟတ်ယာဉ်ဖြင့် ကျောက်အိတ်တန်ချိန် ၄၀၀ ချထားခဲ့တယ်လို့ ဆိုပါတယ်။ ရေထိန်းနံရံ လုံးဝပျက်စီးပြီး ပွင့်ထွက်မှု မဖြစ်စေရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်တွေက ရေစုပ်စက်များဖြင့် ရေလှာင်တမံတွင်းမှ ရေတွေကိုစုပ်ထုတ်နေခဲ့ပါတယ်။ ရေလှောင်တမံရဲ့ အခြေအနေဟာ အတိမ်းအစောင်းမခံတဲ့ အခြေအနေဖြစ်နေကြောင်း တူးမြောင်းနဲ့မြစ်ချောင်း ထိန်းသိမ်းစောင့်ရှောက်မှုဌာနမှ အကြီးအကဲ ဂျူလီရှာမန်းက ပြောပါတယ်။

(Photo: Chris Wilman/Twitter)

Toddbrook ရဲ့ ရေမျက်နှာပြင်ဟာ ယမန်နေ့ ညလုံးပေါက်မှာ ရှစ်လက်မခန့် လျှော့ကျသွားခဲ့ကြောင်းလည်း သူမက ဆိုပါတယ်။ ရေလှောင်တမံ ကျိူးပေါက်နေမှုကြောင့် ရေလှောင်တမံ အောက်ဘက်တည့်တည့်ရှိ နေရာဒေသတွေမှာ အသက်ဘေးအန္တရာယ်ရှိတဲ့ ရေကြီးမှုဖြစ်ပေါ်နိုင်ကြောင်း ဗြိတိန်အစိုးရက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

(Photo: AFP/Getty Images)

ရလှောင်တမံ ကျိုးပေါက်မှုအန္တရာယ်ကြုံရနိုင်တဲ့ Whaley Bridge မြို့ငယ်ဟာ မန်ချက်စတာမြို့မှ ၁၆ မိုင်အကွာ ဒါဘီရှိုင်းယားကောင်တီအတွင်း တည်ရှိကြောင်းသိရပါတယ်။ "ကျွန်မ Whaley Bridge မှာ နေလာခဲ့တာ ၄၅ နှစ်ရှိပါပြီ၊ ရေလှောင်တမံကနေ အခုလို ရေလျှံထွက်တာမျိုး မမြင်ခဲ့ဖူးပါဘူး၊ ဒီလို ရေလှောင်တမံကျိုးပေါက်တာကနေ ကျွန်မတို့ အန္တရာယ်ရှိနိုင်တယ်လို့လည်း မတွေးခဲ့မိပါဘူး" လို့ မြို့ခံဖြစ်သူ ကာရိုလင်းဝှစ်တလေက ပြောခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က