စီစဉ်သူတွေ ပြောဆိုမှုအတိုင်း အတည်ပြုနိုင်ပါက ဟောင်ကောင်သမိုင်းမှာ အကြီးဆုံးဆန္ဒပြပွဲ ဖြစ်ပါတယ်။

အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ဟောင်ကောင်မှာ တနင်္ဂနွေနေ့ (ဇွန် ၁၆ ရက်) က နောက်တစ်ကြိမ် အကြီးအကျယ် ကန့်ကွက်ဆန္ဒပြခဲ့ကြရာ လူဦးရေနှစ်သန်းနီးပါအထိ ပါဝင်ခဲ့ကြောင်း စီစဉ်သူတွေက ပြောပါတယ်။

(Photo: AFP)

စီစဉ်သူတွေ ပြောဆိုမှုအတိုင်း အတည်ပြုနိုင်ခဲ့ပါက ယခု ဆန္ဒပြပွဲဟာ ဟောင်ကောင်သမိုင်းမှာ အကြီးဆုံးလည်း ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဆန္ဒပြမှုအရှိန်အမြင့်ဆုံးဖြစ်ချိန်မှာ လူဦးရေ ၃၃၈,၀၀၀ ရှိလာခဲ့တယ်လို့ ပြောပါတယ်။ ဟောင်ကောင်ရဲတပ်ဖွဲ့က နိုင်ငံရေးဆိုင်ရာ ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး လူဦးရေဖော်ပြရာမှာ ယခင်ကလည်း လျော့နည်းဖော်ပြခဲ့ဖူးတယ်လို့ ဆိုပါတယ်။



ဟောင်ကောင်အာဏာပိုင်တွေက တရားခံလွှဲပြောင်ရေး ဥပဒေမူကြမ်းကို ဆိုင်းငံ့လိုက်ကြောင်း စနေနေ့ (ဇွန် ၁၅ ရက်) မှာ ကြေညာခဲ့ပေမဲ့လည်း ဇွန် ၁၆ ရက်မှာ စီစဉ်ထားတဲ့အတိုင်း အကြီးအကျယ် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

(ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်) (Photo: Getty Images)

လူဦးရေစံချိန်တင်ပမာဏ ပါဝင်ခဲ့ကြတဲ့ ဆန္ဒပြမှုတွေ ထပ်မံပေါ်ပေါက်လာခဲ့ပြီးနောက် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို တင်သွင်းခဲ့မှုကြောင့် ကန့်ကွက်ဆန္ဒပြမှု အဓိကရုဏ်းတွေ ဖြစ်ပေါ်စေခဲ့မှုအတွက် တောင်းပန်ခဲ့ကြောင်းလည်း သိရပါတယ်။ သို့သော် ကာရီလမ်က ရာထူးမှ နှုတ်ထွက်ရန် ငြင်းဆန်ခဲ့တယ်လို့ဆိုပါတယ်။

ဟောင်ကောင်အပေါ် တရုတ်အစိုးရရဲ့ သြဇာလွှမ်းမိုးမှု မြ့င်တက်လာမှုကို စိုးရိမ်ပူပန်ကြတဲ့ ဆန္ဒပြသူအများအပြားက ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်လာရခြင်းအတွက် အုပ်ချုပ်ရေးမှူး ကာရီလမ်ကို ရာထူးမှနှုတ်ထွက်ရန် တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ဆိုင်းငံ့ထားခြင်းမဟုတ်ဘဲ ဖျက်သိမ်းပစ်ရန်လည်း ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရပါတယ်။

(Photo: AFP)

ဇွန် ၁၆ ရက် ဆန္ဒပြပွဲဟာ တရားခံလွှဲပြောင်ရေး ဥပဒမူကြမ်းကို ပထမဆုံးအကြိမ် အကြီးအကျယ် ဆန္ဒပြခဲ့ကြတဲ့ ဇွန် ၉ ရက် ဆန္ဒပြပွဲထက် နှစ်ဆအထိ လူဦးရေးပိုများခဲ့ကြောင်း စီစဉ်သူတွေက ပြောပါတယ်။ ဟောင်ကောင်မှာ အကြီးမားဆုံး ဆန္ဒပြပွဲကတော့ ၁၉၈၉ ခုနှစ်က တရုတ်ပြည်မကြီးမှာ ဖြစ်ပွားခဲ့တဲ့ တိန်အန်မင်အရေးအခင်း ဆန္ဒပြသူတွေကို ထောက်ခံခဲ့တဲ့ ဆန္ဒပြပွဲကြီးဖြစ်ခဲ့ပြီး ထိုစဉ်က လူဦးရေ ၁.၅ သန်း ပါဝင်ခဲ့ကြကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

ဟောင်ကောင် လတ်တလော ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုများအတွင်း အဆောက်အအုံတစ်ခုမှ ပြုတ်ကျမှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂၂ ဦး အပါအဝင် လူ ၈၀ ထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ေဟာင်ကောင်အာဏာပိုင်တွေက ပြစ်မှုကျူးလွန်တဲ့ တရားခံနဲ့ သံသယရှိသူတွေကို တရုတ်အပါအဝင် အခြားနိုင်ငံများသို့ လွှဲပြောင်းပေးနိုင်တဲ့ ဥပဒေတစ်ရပ်ကို ပြဌာန်းရန်ပြင်ခဲ့ကြတာ ဖြစ်ပါတယ်။

(Photo: AP)

ဟောင်ကောင်ဟာ ယခင်က တရုတ်ပြည်မကြီး အပါအဝင် အခြားနိုင်ငံများနဲ့ တရားခံလွှဲပြောင်းရေးဆိုင်ရာ သဘောတူညီချက် မရှိခဲ့ပါဘူး။ ဟောင်ကောင်အစိုးရက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ဥပဒေပြုကောင်စီ (ဟောင်ကောင်လွှတ်တော်) မှာ တင်သွင်းခဲ့ပြီးနောက်ပိုင်း ဒေါသတကြီး တုံ့ပြန်မှုတွေ ထွက်ပေါ်လာခဲ့ပြီး ဆန္ဒပြမှုတွေ အကြီးအကျယ် ပေါ်ပေါက်လာခဲ့တာလည်း ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က