ထိုင်းပြည်သူတွေအတွက် နှစ်သစ်လက်ဆောင်ဖြစ်တယ်လို့ လွှတ်တော်အမတ်တစ်ဦးက ညွန်းဆိုခဲ့ပါတယ်

ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာအတွက် တရားဝင်အသုံးပြုခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ထိုင်းလွှတ်တော်က ဆေးဘက်ဆိုင်ရာအတွက် ဆေးခြောက်ကို တရားဝင်သုံးခွင့်ပြုတဲ့ ဥပဒေပြင်ဆင်ချက်အား မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။ လွှတ်တော်အမတ်တစ်ဦးက ယခုကဲ့သို့ ခွင့်ပြုပေးလိုက်ခြင်းဟာ ထိုင်းပြည်သူတွေအတွက် နှစ်သစ်လက်ဆောင်အဖြစ် ညွှန်းဆိုခဲ့ပါတယ်။

(Photo: Reuters)

ဆေးခြောက်ကို အပန်းဖြေရန်အတွက် အသုံးပြုခြင်းကိုမူ တရားမဝင်ဘဲ ဥပဒေနဲ့ဆန့်ကျင်မှုအဖြစ် ဆက်လက် သတ်မှတ်ထားကြောင်းလည်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း ဆေးခြောက်ကို တားမြစ်ပိတ်ပင်ခြင်းမပြုမီအထိ တိုင်းရင်းဆေးတစ်မျိုးအဖြစ် သုံးစွဲခဲ့ကြတယ်လို့ BBC သတင်းက ပြောပါတယ်။



အရှေ့တောင်အာရှဟာ ဆေးခြောက်သုံးစွဲမှု သို့မဟုတ် လက်ဝယ်ပိုင်ဆိုင်မှုကို ပြစ်ဒဏ်ချမှတ်ရာမှာ ကမ္ဘာ့ အပြင်းထန်ဆုံး ပြစ်ဒဏ်များချမှတ်လေ့ရှိတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ ထိုင်းနိုင်ငံက အရှေ့တောင်အာရှမှာ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာသုံးစွဲမှုအတွက် တရားဝင်ခွင့်ပြုပေးတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။

(Infographic: APPG/CNN)

ထိုင်းစစ်တပ်အစိုးရက ခန့်အပ်ထားတဲ့ လွှတ်တော်က ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာအတွက် သုံးစွဲခွင့်ပြုရန် ၁၉၇၉ ခုနှစ် မူးယစ်ဆေးဝါအက်ဥပဒေပြင်ဆင်ရန် အင်္ဂါနေ့ (ဒီဇင်ဘာ ၂၅ ရက်) မှာ မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ပါတယ်။ လွှတ်တော်က အတည်ပြုပြီးနောက် ဥပဒေဖြစ်လာရန် နှစ်သစ်ကူးအားလပ်ရက်များ မတိုင်မီ ဆက်လက် ဆောင်ရွက်သွားမယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။

အစိုးရသတင်းဌာနက ထုတ်ပြန်ဖော်ပြချိန်မှာ ပြင်ဆင်ချက်ဟာ ဥပဒေဖြစ်လာမယ်လို့ Bangkok Post က ပြောထားပါတယ်။ "ဒါက လွှတ်တော်ကနေ အစိုးရနဲ့ ထိုင်းပြည်သူတွေကိုပေးတဲ့ နှစ်သစ်လက်ဆောင်တစ်ခုပေါ့ဗျာ" လို့ ဥပဒေမူကြမ်းကော်မတီဥက္ကဋ္ဌ SomchaiSawangkarn က ပြောခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က