ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ ၂၈ ခုက ကာကွယ်ဆေးအရေအတွက် မကြုံစဖူး အမြောက်အမြား ထုတ်လုပ်နိုင်တယ်လို့ UNICEF က ပြောပါတယ်။
Ko John

COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး နိုင်ငံ ၁၀ နိုင်ငံရှိ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ ၂၈ ခုက လာမယ့် နှစ်နှစ်အတွင်း ကာကွယ်ဆေးအရေအတွက် မကြုံစဖူး အမြောက်အမြား ထုတ်လုပ်နိုင်တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF - United Nations Chindren's Fund) က ကြာသပတေးနေ့ (စက်တင်ဘာ ၃ ရက်) မှာ ပြောပါတယ်။

(Photo: Reuters)

ကမ္ဘာတစ်ဝန်းမှာ COVID-19 ကာကွယ်ဆေးရရှိရန်နဲ့ ဖြန့်ဖြူးရန် ဆောင်ရွက်မှုတွေကို UNICEF က ဦးဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဦးဆောင်စီစဥ်တဲ့ COVAX ခေါ် ကမ္ဘာတစ်ဝန်း COVID-19 ကာကွယ်ဆေး သာတူညီမျှရရှိရေး ခွဲဝေးပေးမှု အစီအစဥ်မှာ UNICEF က ပါဝင်ဆောင်ရွက်နေပါတယ်။

ချမ်းသာကြွယ်ဝတဲ့ ကမ္ဘာ့နိုင်ငံ ၇၆ နိုင်ငံက COVAX အစီအစဥ်မှာ ပူးပေါင်းပါဝင်ရန် ကတိပြုထားတယ်လို့ ဆိုပါတယ်။ UNICE ရဲ့ အဆိုအရ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ ၂၈ ခုက ၂၀၂၃ ခုနှစ်အထိ ၎င်းတို့ရဲ့ နှစ်စဥ် COVID-19 ကာကွယ်ဆေးထုတ်လုပ်မယ့် အစီအစဥ်တွေကို မျှဝေးပေးပို့ထားကြောင်း သိရပါတယ်။

(Photo: Hindustan Times)

သို့သော် ကာကွယ်ဆေးဖြန့်ဖြူးမှု အလားအလာဟာ စမ်းသပ်မှုများ အောင်မြင်ခြင်း၊ ကြိုတင်ဝယ်ယူထားခြင်း၊ ငွေကြေးထောက်ပံ့မှု သေချာခြင်းနဲ့ ခွင့်ပြုချက်ရရှိပြီး မှတ်ပုံတင်ခြင်းတို့ကဲသို့ အကြောင်းအရာတွေပေါ်မှာ များစွာမူတည်နေကြောင်း ဆေးဝါးကုမ္ပဏီတွေက ဆိုပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာ့လူဦးရေ ၈၇၃,၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်တဲ့ COVID-19 ကပ်ရောဂါ အဆုံးသတ်ရန် ဘေးအန္တရာယ်ကင်းပြီး ထိရောက်မှုရှိတဲ့ ကာကွယ်ဆေးတွေက မရှိမဖြစ် လိုအပ်တယ်လို့ ယူဆထားပါတယ်။

COVAX အစီအစဥ်မှာ ပါဝင်ဆောင်ရွက်နေတဲ့ UNICEF က တစ်ကမ္ဘာလုံးမှာ ကာကွယ်ဆေးဝယ်ယူမှု အများဆုံးအဖွဲ့အစည်း ဖြစ်ပါတယ်။ UNICEF က နိုင်ငံပေါင်း ၁၀၀ နီးပါးရဲ့ ကိုယ်စား ပုံမှန်ထိုးနှံရန်နဲ့ ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ထိုးနှံရန်အတွက် ကာကွယ်ဆေးအရေအတွက် ၂ ဘီလီယံကို နှစ်စဥ် ဝယ်ယူနေကြောင်း Reuters သတင်းက ဖော်ပြပါတယ်။


Author


က္က