မီနူးထဲမှာ ဖော်ပြတဲ့ ဈေးနှုန်းနဲ့ ပေးချေရတဲ့ ဈေးနှုန်းကလည်း ကွဲပြားနေတယ်လို့ သိရပါတယ်။
Mi Thawdar Aung

ထိုင်းနိုင်ငံ၊ ဟွာဟင်း ကမ်းခြေက ပင်လယ်စာ စားသောက်ဆိုင်ဟာ သာမန်ထက် ဈေးတင်ရောင်းနေတာကို အာဏာပိုင်တွေ စုံစမ်း သိရှိခဲ့ကြတာဖြစ်ပါတယ်။ ပါကွီးလို့ အမည်ရတဲ့ ပင်လယ်စာကမ်းခြေဆိုင်ဟာ ဒီဖြစ်ရပ်ကြောင့် ကုန်သွယ်ရေးဝန်ကြီးဌာန ခရိုင်ရုံးကို ဒဏ်ကြေးငွေ ဘတ် ၁၀၀၀ ပေးဆောင်ခဲ့ရတယ်လို့ Bangkok Post သတင်းစာက ဖော်ပြပါတယ်။

ဓာတ်ပုံ : Chaiwat Satyaem 

အဆိုပါစားသောက်ဆိုင်ဟာ ဈေးနှုန်းကြီးမြင့်စွာ ရောင်းချနေကြောင်း ခရီးသွားတစ်ဦးက ဒီအကြောင်းကို လူမှုကွန်ရက်ဖေ့စ်ဘွတ်မှာ တင်ခဲ့ရာကတစ်ဆင့် အာဏာပိုင်တွေက စုံစမ်းခဲ့ကြတာဖြစ်ပါတယ်။ အစားအသောက်တွေ မှာစားမယ်ဆိုရင် ခေတ္တနေစရာ နေရာပေးမယ်လို့ ပြောခဲ့တာကြောင့် ဧည့်သည်အမျိုးသမီးက အစားအသောက်တွေ မှာယူခဲ့တယ်လို့ သိရပါတယ်။

တစ်နာရီခန့် တည်းခိုပြီးချိန်မှာတော့ ဧည့်သည်ဟာ အုန်းရေနှစ်ခွက်အတွက် ဘတ် ၂၄၀၊ ပင်လယ်စာသုတ် နှစ်ပွဲအတွက် ဘတ် ၅၀၀ အပြင်အခြားသော ပင်လယ်စာတွေအတွက် ငွေကြေး အတော်အသင့် ရှင်းခဲ့ရတယ်လို့ ဖွင့်ဟထားပါတယ်။ အဓိက အချက်ကတော့ မီနူးထဲမှာ ရေခဲတစ်ပွဲ ၂၀ လို့ ရေးထားပေမယ့် သူမဟာ ပိုက်ဆံရှင်းချိန်မှာ ရေခဲနှစ်ပွဲအတွက် ဘတ် ၆၀ ပေးခဲ့ရတာဖြစ်ပါတယ်။


ဓာတ်ပုံ : Chaiwat Satyaem 

ဧည့်သည်အမျိုးသမီးနဲ့ သူမရဲ့ မိသားစု ဆိုင်ကို ရောက်လာချိန်မှာ ဆိုင်ရှင်နဲ့ ဝန်ထမ်းတွေက အနားယူဖို့အတွက် နေရာယူမယ်ဆိုရင် လာရောက်တဲ့လူအရေအတွက်နဲ့ ညီမျှတဲ့ အစားအသောက်တွေကို မှာယူရမယ်လို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် ဧည့်သည်အမျိုးသမီးက လူအရေအတွက်နဲ့ စားသောက်ပွဲ အညီအမျှ မှာယူခြင်းမပြုပဲ တစ်ရက်တာ နားခိုဖို့အတွက် ဘတ် ၁၀၀ ထပ်ပေးဖို့ အစီအစဉ်ကို သဘောတူခဲ့တယ်လို့ ဆိုင်ရှင်တွေက ရှင်းပြကြပါတယ်။

ဒီပြစ်ဒဏ်ဟာ သက်သေခိုင်လုံရင် ဘတ် တစ်သောင်းလောက်အထိ ဒဏ်ကြေးဆောင်ရနိုင်ပေမယ့် ဆိုင်ရှင်တွေဟာ ရေခဲဈေးနှုန်းပေါ်မှာသာ ထင်ထင်ရှားရှားငွေကြေးပိုတောင်းခဲ့တာဖြစ်တဲ့အပြင် ဒီဖြစ်ရပ်က သူတို့ပထမဆုံးအကြိမ်လည်းဖြစ်လို့ ဒဏ်ငွေတစ်ထောင်သာဆောင်ဖို့ ကုန်သွယ်ရေးအရာရှိတွေက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က