သင်္ဘောသား ၁၂ ဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေဖြစ်ပါတယ်။

တောင်ကိုရီးယား ဆိပ်ကမ်းတစ်ခုမှာ ရေနံတင်သင်္ဘောတစ်စီးပေါ် ကြီးမားတဲ့ ပေါက်ကွဲမီးလောင်မှုဖြစ်ပွားခဲ့ပြီး အနီးအနားရှိ အခြား သင်္ဘောတစ်စီးသို့ပါ မီးကူးစက်သွားခဲ့ကာ သင်္ဘောသား ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(Photo: Reuters)

Ulsan ဆိပ်ကမ်းမှာ တန်ချိန် ၂၅,၀၀၀ ရှိ Stolt Groenland ေရနံတင်သင်္ဘောပေါ် ယနေ့ (စက်တင်ဘာ ၂၈ ရက်) ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၅၀ မိနစ်ဝန်းကျင်က ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ကြီးမားတဲ့ မီးလုံးကြီးနဲ့ ထူထပ်တဲ့ မီးခိုးလုံးကြီး သင်္ဘောအပေါ်ဘက်ကို ထိုးထွက်လာတာ တွေ့ခဲ့ရပါတယ်။



မီးသတ်သမားတွေက သင်္ဘောမီးလောင်မှုကို ထိန်းချုပ်နိုင်ရန် အသည်းအသန်း ကြိုးပမ်းခဲ့ရပြီး ရေနံတင်သင်္ဘောဘေး သင်္ဘောတစ်စီးပေါ်ကနေ ရေဖြန်းပက်ခဲ့ကြပါတယ်။ ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့တဲ့ Cayman ကျွန်းစု အလံလွှင့်ထားတဲ့ ရေနံတင်သင်္ဘောပေါ်မှ လူ ၂၅ ဦးလုံးနဲ့ မီးကူးစက်သွားခဲ့တဲ့ အခြား သင်္ဘောပေါ်မှ လူ ၂၁ ဦးတို့ကို ကယ်တင်နိုင်ခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

(Photo: Reuters)

ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်းလည်း ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ရေနံတင်သင်္ဘော ပေါက်ကွဲမီးလောင်မှုအတွင်း လူ ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်း မီးသတ်ဌာနတာဝန်ရှိသူတွေက AFP သတင်းဌာနကို ပြောပါတယ်။ ဒဏ်ရာရသူတွေအနက် မီးလောင်ဒဏ်ရာ တတိယအဆင့် ပြင်းထန်စွာရခဲ့သူတစ်ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရခဲ့သူ ကိုးဦးဟာ တောင်ကိုရီးယားနိုင်ငံမှဖြစ်ပြီး အခြားသူတွေကတော့ မည်သည့်နိုင်ငံသားတွေဖြစ်ကြောင်း မသိရသေးပါဘူး။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က