မီးလောင်မှုကြောင့် လူနေတိုက်ခန်းတွဲအောက်ကို ဆင်းပြေးကြသူတွေကို ဓားဖြင့်ထိုးခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ၎င်းရဲ့တိုက်ခန်းကို ကိုယ်တိုင်မီးရှို့ပြီးနောက် မီးလောင်မှုမှလွတ်မြောက်နိုင်ရန် ထွက်ပြေးကြတဲ့ အခြား တိုက်ခန်းနေသူတွေကို ဓားဖြင့်ထိုးသတ်ခဲ့သူ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

(Photo: Reuters)

အသက် ၄၂ နှစ်အရွယ် အဆိုပါ အမျိုးသားက ယနေ့ (ဧပြီ ၁၇ ရက်) အာရုဏ်မတက်မီအချိန်က ဆိုးလ်မြို့အရှေ့တောင်ဘက် Jinju မြို့ရှိ ၎င်းရဲ့တိုက်ခန်းကို မီးရှို့ခဲ့ပါတယ်။ ထို့နောက် မီးလောင်မှုကြောင့် လူနေတိုက်ခန်းတွဲအောက်ကို ဆင်းပြေးခဲ့ကြတဲ့ အခြား တိုက်ခန်းနေသူတွေကို ဓားဖြင့်ထိုးခဲ့တာဖြစ်ပါတယ်။



ဓားဖြင့်ထိုးမှုကြောင့် လူငါးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။ ဓားထိုးခံရပြီး သေဆုံးခဲ့သူတွေအနက် အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ပါဝင်ခဲ့ပြီး အခြား လူ ၁၃ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

(တိုက်ခန်းကိုမီးရှို့ပြီး လူတွေကို ဓားဖြင့်ထိုးခဲ့သူ) (Photo: news.sbs.co.kr)

အမည်မဖော်တဲ့ တိုက်ခန်းနေသူတစ်ဦးက Yonhap သတင်းဌာနကို ပြောခဲ့ရာမှာတော့ ၎င်းဟာ မီးလောင်မှုအချက်ပေးသံ ကြားရပြီးနောက် အောက်ကိုဆင်းပြေးရန် တိုက်ခန်းအပြင်ကို ထွက်ခဲ့သေးပေမဲ့ လျှောက်လမ်းမှာ သွေးတွေကို မြင်ခဲ့ရပြီးနောက် တိုက်ခန်းထဲကို ပြန်ဝင်နေခဲ့တယ်လို့ သိရပါတယ်။

(Photo: AFP)

"သူ့လက်နှစ်ဖက်လုံးမှာ ဓားကိုင်ထားတယ်လို့ အော်ဟစ်ပြောဆိုသံတွေ ကြားခဲ့ရတယ်" လို့ အိမ်နီးချင်းတစ်ဦးက ပြောပါတယ်။ တိုက်ခန်းကိုမီးရှို့ပြီး လူတွေကို ဓားဖြင့်ထိုးသူအား အခင်းဖြစ်နေရာမှာပင် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဆိုပါ အမျိုးသားဟာ လုပ်အားခ ရရှိမယ့်ရက် နောက်ကျနေခဲ့တာကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က