နိုင်ဂျီးယားနိုင်ငံ လာဂို့စ်လေဆိပ်မှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်ပါ။

နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့မှ ထွက်ခွာပျံသန်းမယ့် ခရီးသည်လေယာဉ်တစ်စီးရဲ့ တောင်ပံပေါ်ကို အမျိုးသားတစ်ဦး တွယ်တက်ခဲ့မှုကြောင့် လေယာဉ်ခရီးစဉ် နှောင့်နှေးခဲ့ရပါတယ်။

(လေယာဉ်တောင်ပံပေါ်မှာတွေ့ရသည့် အမျိုးသား) (Photo: One Mile at a Time)

သောကြာနေ့ (ဇူလိုင် ၁၉ ရက်) က လာဂို့စ်လေဆိပ်မှာ လေဆိပ်ပြေးလမ်းသို့ ဦးတည်ထွက်ခွာနေတဲ့ လေယာဉ်တောင်ပံပေါ်သို့ အမျိုးသားတစ်ဦး တက်ရောက်နေခဲ့တာကို ခရီးသည်တွေက သတိပြုမိသွားခဲ့ပါတယ်။ One Mile at a Time ဝက်ဘ်ဆိုက်မှာ ဖော်ပြထားမှုအရ Azman Air လေကြောင်းလိုင်း လေယာဉ်ဟာ လာဂို့စ်မြို့မှ ပို့တ်ဟာကော့တ်မြို့သို့ ပျံသန်းရန်ပြင်ဆင်နေစဉ် ဆိုင်းငံ့ခဲ့ရပါတယ်။

လေယာဉ်ခိုးစီးရန် ကြိုးပမ်းခဲ့တဲ့ ထိုအမျိုးသားက Boeig 737 လေယာဉ်တောင်ပံပေါ်ကို တွယ်တက်ရောက်ရှိနေခဲ့ပြီး ၎င်းရဲ့ ခရီးဆောင်အိတ်ကိုလည်း လေယာဉ်အင်ဂျင်တစ်ခုထဲမှာ ထည့်ထားခဲ့တယ်လို့ဆိုပါတယ်။ အွန်လိုင်းမှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုအရ လေယာဉ်တောင်ပံပေါ်မှာ ရောက်ရှိနေပြီး လေးဘက်ထောက်သွားနေတဲ့ အမျိုးသားနဲ့ လေယာဉ်ပေါ်မှာ ခရီးသည် အပြည့်နီးပါး တွေ့ရပါတယ်။

(လာဂို့စ်လေဆိပ်) (Photo: Getty Images)

လေယာဉ်တောင်ပံပေါ်မှာ အမျိုးသားတစ်ဦးကိုတွေ့ရကြောင်း ခရီးသည်တွေက လေယာဉ်မယ်တွေကို ပြောခဲ့ရာမှ ၎င်းတို့က လေယာဉ်မှူးထံ အကြောင်းကြားပြီး ပြေးလမ်းသို့ဦးတည်သွားနေတဲ့ လေယာဉ်ကို ရပ်နားခဲ့ရပါတယ်။ ထို့နောက် အဆိုပါ အမျိုးသားကို ဖမ်းဆီးလိုက်ပြီး လေယာဉ်ခရီးစဉ် ပြန်လည်ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်လေဆိပ်ဟာ ယခင်ကတည်းက ကုန်တင်လေယာဉ်များမှ ပစ္စည်းခိုးယူမှုများ အပါအဝင် လုံခြုံရေးပြဿနာများရှိခဲ့ကြောင်း Business Insider သတင်းက ပြောပါတယ်။


Share

Loading Next Article...
က္က