အမေရိကန်စစ်တပ်အရာရှိတွေက ဗုံးတစ်မျိုးမျိုး ပေါက်ကွဲခဲ့ခြင်း ဖြစ်နိုင်တယ်လို့ ထင်မြင်ကြပါတယ်။

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆိပ်ကမ်းဧရိယာမှာ ယမန်နေ့ (ဩဂုတ် ၄ ရက်) က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြီးဟာ တိုက်ခိုက်မှုတစ်ခု ဖြစ်နိုင်ဖွယ်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပါတယ်။

(Photo: Mikhail Alaeddin/Sputnik)

ဘေရွတ်မှာဖြစ်ပွားခဲ့တဲ့ ကြီးမားတဲ့ ပေါက်ကွဲမှုဟာ မတော်တဆဖြစ်ရပ်တစ်ခု မဟုတ်ခဲ့ကြောင်း ထင်မြင်ယူထားတဲ့ အမေရိကန်စစ်တပ်မှ ဗိုလ်ချုပ်ကြီးတွေကို ကိုးကားပြီး သမ္မတထရန့်က ပြောခဲ့တာလည်းဖြစ်ပါတယ်။ ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီကျော်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြီးနှစ်ခုဟာ ဆိပ်ကမ်းကုန်လှောင်ရုံမှာ သိုလှောင်ထားပြီး တန်ချိန်ထောင်နဲ့ချီရှိတဲ့ အမိုနီယံနိုက်ထရိတ် (ammonium nitrate) ကြောင့် ဖြစ်ပွားခဲ့တယ်လို့ လက်ဘနွန် ပြည်ထဲရေးဝန်ကြီး Mohammed Fahmi က ပြောကြားမှု အပါအဝင် သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့ပါတယ်။



(Photo: Reuters)

သို့သော် အမေရိကန်ကတော့ ထိုသို့ ယုံကြည်ထားခြင်း မရှိဘဲ တိုက်ခိုက်မှုတစ်ခုဖြစ်ပြီး ဗုံးတစ်မျိုးမျိုး ပေါက်ကွဲခဲ့ခြင်း ဖြစ်နိုင်တယ်လို့ ထင်မြင်ထားကြောင်း သိရပါတယ်။ ဘေရွတ်ဆိပ်ကမ်းမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြီးနှစ်ခုကြောင့် နောက်ဆုံးသတင်းတွေအရ လူ ၁၅၈ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၆,၀၀၀ ဒဏ်ရာရခဲ့ပါတယ်။

လက်ဘနွန်အစိုးရ တာဝန်ရှိသူတွေရဲ့ အဆိုအရ ပေါက်ကွဲမှုကြီးတွေဖြစ်ပြီးနောက် လူ ၁၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုကြီးတွေကြောင့် အနီးအနားရှိ အဆောက်အအုံများ ငလျင်လှုပ်သကဲ့သို့ တုန်ခါမှုဖြစ်သွားခဲ့ပြီး ဝရန်တာများ ပြိုကျသွားမှု အပါအဝင် အကြီးအကျယ် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆက်တွဲသတင်းအရ ပေါက်ကွဲကြီးဖြစ်ပွားခဲတဲ့ ဘေရွတ်ဆိပ်ကမ်းမှ တာဝန်ရှိသူတွေကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေကြောင်း လက်ဘနွန်အစိုးရက ပြောပါတယ်။

(Photo: AP)

ပေါက်ကွဲမှုကြောင့် လက်ဘနွန်ဝန်ကြီးချုပ် Hassan Diab ရဲ့ ရုံးခန်းမှာလည်း ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ အွန်လိုင်းမှာပျံ့နှံ့နေတဲ့ ဗီဒီယိုမှတ်တမ်းအရ ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာကနေ ကြီးမားတဲ့ မှိုပွင့်ပုံစံ မီးခိုးလုံးကြီး ထွက်‌ပေါ်နေခဲ့ပြီး အဆောက်အအုံများ ပျက်စီးနေတာ တွေ့ရပါတယ်။

ဘေရွတ်မှာဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေဟာ ၎င်းတိုနဲ့ မသက်ဆိုင်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောခဲ့ပါတယ်။ ထို့အတူ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာ စစ်သွေးကြွအုပ်စုကလည်း ၎င်းတို့ရဲ့ ဒုံးကျည်ပစ်ခတ်မှုကြောင့် မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

.

Share

Loading Next Article...
က္က