Lockdown အစီအမံတွေကို သတိထား ဖြေလျှော့မှုတွေ စတင်လုပ်ဆောင်ခဲ့ရာ ကူးစက်မှုနှုန်း ပြန်မြင့်တက်လာပါတယ်။
Ko John

ဂျာမနီနိုင်ငံမှာ COVID-19 တိုက်ဖျက်ရေး lockdown အစီအမံတွေကို သတိထား ဖြေလျှော့မှုတွေ စတင်လုပ်ဆောင်ခဲ့ရာ ကူးစက်မှုများ ပြန်လည် သိသာလာခဲ့ကြောင်း ကျန်မာရေးတာဝန်ရှိ အဖွဲ့အစည်းရဲ့ တရားဝင် အချက်အလက်တွေက ဆိုပါတယ်။

(Photo: Reuters)

ဂျာမန် ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်း Robert Koch Institute (RKI) က အနီးကပ် စောင့်ကြည့်ခဲ့မှုအရ ကူးစက်မှုနှုန်းဟာ ၁.၀ ဝန်းကျင် ပြန်ဖြစ်လာကြောင်း သိရပါတယ်။ လူတစ်ဦးမှ နောက်ထပ် လူတစ်ဦးကို ကူးစက်မှုဖြစ်ပွားခြင်းကို ကူးစက်မှုနှုန်း ၁.၀ လို့ သတ်မှတ်ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။

သက်ဆိုင်ရာ ဝန်ကြီးတွေနဲ့ ရောဂါပိုးမွှားဗေဒပညာရှင်တွေက ကူးစက်မှုနှုန်းကို ၁.၀ အောက်ဖြစ်စေရန် အရေးတကြီး အားထုတ်လုပ်ဆောင်ခဲ့ကြပါတယ်။ ဂျာမနီမှာ အဓိပတိ အန်ဂျလာမာကယ်လ်က ပြည်နယ်တွေကို COVID-19 တိုက်ဖျက်ရေး ၎င်းတို့ရဲ့ lockdown အစီအမံများ အလွန်လျင်မြန်စွာ ဖြေလျှော့ပေးခြင်းအပေါ် ကန့်ကွက်သတိပေးခဲ့ပြီးနောက် မီဒီယာနဲ့ နိုင်ငံရေး နယ်ပယ်မှာ အချေအတင် ငြင်းခုန်မှုတွေလည်း ရက်အတန်ကြာ ပေါ်ပေါက်နေခဲ့ပါတယ်။

(Photo: AFP)

ဂျာမနီမှာ ဧပြီလလယ်မှစပြီး ဗိုင်းရပ်စ်ကူးစက်မှုနှုန်းဟာ ၀.၇ အထိ ကျဆင်းသွားခဲ့ရာမှာ lockdown အစီအမံများ ဖြေလျှော့ပေးခဲ့ရာ ၁.၀ အထိ ပြန်လည် မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ထိုအတောအတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းကလည်း ဂျာမနီမှာ တစ်ရက်ထက်တစ်ရက် မြင့်တက်လာခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

ဧပြီ ၁၈ ရက်နေ့က ဂျာမနီမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းဟာ ၃.၈ ဖြစ်လာခဲ့ကြောင်း RKI ကိန်းဂဏန်းတွေက ဖော်ပြထားပါတယ်။ သို့သော် ထိုသေဆုံးမှုနှုန်းဟာ ပြင်သစ်ကဲ့သို့ အိမ်နီးချင်း နိုင်ငံတွေထက် လျော့နည်းခဲ့ပါတယ်။ ဂျာမနီမှာ ယနေ့ (ဧပြီ ၂၉ ရက်) မနက်အစောပိုင်းအထိ စာရင်းတွေအရ COVID-19 ကူးစက်ခံရသူ ၁၅၉,၀၃၈ ဦးနဲ့ သေဆုံးသူ ၆,၁၆၁ ဦးရှိပြီး ပြန်လည်သက်သာလာသူ အရေအတွက် ၁၁၇,၄၀၀ ဦးဖြစ်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က