လမ်းကြောင်းမှား ခုတ်မောင်းသွားခဲ့ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြေးဆွဲနေတဲ့ မောင်းသူမဲ့ရထားတစ်စင်း လမ်းကြောင်းမှား ခုတ်မောင်းသွားခဲ့ပြီးနောက် ရထားတွဲရပ်တန့်ရန် နေရာမှာတပ်ဆင်ထားတဲ့ သံလမ်းအတားအဆီးကို ဝင်တိုက်ခဲ့မှုကြောင့် ခရီးသည် ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (ဇွန် ၂ ရက်) ပြောပါတယ်။

(မောင်းသူမဲ့ရထား မတော်တဆမှုဖြစ်ခဲ့သည့် ဘူတာရုံမြင်ကွင်း) (Photo: Kyodo)

မောင်းသူမဲ့ရထား မတော်တဆမှုကြောင့် ခရီးသည်များ ဒဏ်ရာရမှုဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြပါတယ်။ ဒဏ်ရာရသူတွေဟာ ဒဏ်ရာပြင်းထန်ပုံရပေမဲ့ အသက်အန္တရာယ် စိုးရိမ်ရမှုမရှိကြောင်းလည်း သိရပါတယ်။



တွဲငါးတွဲပါတဲ့ မောင်းသူမဲ့ရထားဟာ စနေနေ့ (ဇွန် ၁ ရက်) ညပိုင်းက ၆၅ ပေကျော်ခန့် လမ်းကြောင်းမှား ခုတ်မောင်းသွားခဲ့ပြီးနောက် Shin-Sugita ဘူတာရုံမှာ ရထားတွဲများရပ်တန့်ရန် သံလမ်းပေါ်တပ်ဆင်ထားတဲ့ အတားအဆီးကို ဝင်တိုက်ခဲ့မိကြောင်း ရထားကုမ္ပဏီဥက္ကဋ္ဌ အကီဟီတို မီကာမီက ယမန်နေ့ညသန်းခေါင်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

(ဂျပန် မောင်းသူမဲ့ရထားတစ်စင်း) (Photo: soranews24)

ယိုကိုဟားမား ဆိပ်ကမ်းမြို့မှာရှိတဲ့ အဆိုပါ ဘူတာရုံဟာ မောင်းသူမဲ့ရထားလိုင်း Kanazawa Seaside Line ရဲ့ ရထားလမ်းဆုံး နောက်ဆုံး ဘူတာရုံလည်းဖြစ်ပါတယ်။ ယခု မတော်တဆမှုဖြစ်ပြီးနောက် မောင်းသူမဲ့ရထား ပြေးဆွဲမှုကို ရပ်နားထားပြီး မည်သည့်အချိန်မှာ ဝန်ဆောင်မှုများ ပြန်လည်စတင်မယ်လို့ မသေချာသေးကြောင်း မီကာမီက ပြောပါတယ်။

ကမ္ဘာ့နိုင်ငံအချို့မှာ မောင်းသူမဲ့ကားတွေကို လမ်းမတွေပေါ်မှာ လတ်တလော စမ်းသပ်မောင်းနှင်မှုတွေ လုပ်ဆောင်နေကြပေမဲ့ ဂျပန်မှာတော့ အလိုအလျောက်စနစ်ဖြင့် မောင်းသူမဲ့ရထားတွေကို ယခင်ကတည်းက အသုံးပြုလာခဲ့ကြကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က