လွှတ်တော်မှာ LDP ပါတီက လွှမ်းမိုးထားရာ ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတဲ့ ဆူဂါက ဝန်ကြီးချုပ်ဖြစ်လာမှာပါ။

အများစုက ကြိုတင်ခန့်မှန်းထားခဲ့တဲ့အတိုင်း ဂျပန်နိုင်ငံမှာ အာဏာရပါတီ လက်ရှိအစိုးရအဖွဲ့ အတွင်းရေးမှူး ယိုရှီဟီဒီဆူဂါကို ပါတီခေါင်းဆောင်အဖြစ် ယ‌နေ့ (စက်တင်ဘာ ၁၄ ရက်) ရွေးချယ်တင်မြှောက်လိုက်ပြီဖြစ်ရာ ၎င်းဟာ ရာထူးမှ နုတ်ထွက်သွားတဲ့ ရှင်ဇိုအဘေးနေရာကို အစားထိုးရန် ဝန်ကြီးချုပ်သစ်ဖြစ်လာရေး သေချာသွားခဲ့ပါတယ်။

(LDP ပါတီခေါင်းဆောင်ဖြစ်လာတဲ့ ဆူဂါ) (Photo: NY Times)

အာဏာရ Liberal Democratic Party (LDP) ပါတီမှာ မဲခွဲရွေးချယ်မှုအရ ဆူဂါက မဲအရေအတွက် စုစုပေါင်း ၅၃၄ မဲအနက် ထောက်ခံမဲ ၃၇၇ မဲရရှိပြီး ပါတီခေါင်းဆောင် ရွေးကောက်ပွဲမှာ အလွယ်တကူ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ဘက်များဖြစ်ကြတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂီရူအိုင်ရှီဘာနဲ့ LDP ပါတီ မူဝါဒရေးရာဆိုင်ရာ အကြီးအကဲ ဖူမီအိုကီရှီဒါတို့ကတော့ ဆူဂါထက် မဲအရေအတွက် များစွာလျော့နည်း ကွာဟခဲ့တယ်လို့ ဆိုပါတယ်။



ဂျပန်လွှတ်တော်မှာ LDP ပါတီက လွှမ်းမိုးထားခြင်းဖြစ်ရာ ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတဲ့ ဆူဂါဟာ ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၁၆ ရက်) မှာ ကျင်းပပြုလုပ်သွားမယ့် ဝန်ကြီးချုပ်သစ် မဲခွဲရွေးချယ်မှုမှာလည်း အနိုင်ရရှိပြီး ဝန်ကြီးချုပ်သစ်ဖြစ်လာရန် သေချာနေပါတယ်။ 

(ဂျပန်ဝန်ကြီးချုပ်သစ်ဖြစ်လာရန် သေချာနေတဲ့ ဆူဂါ) (Photo: Reuters)

ဂျပန်ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခံရသူဟာ အဘေးရဲ့ လက်ရှိဝန်ကြီးချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ တာဝန်ယူသွားမယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ်ဖြစ်သူ အဘေးဟာ နှစ်ကာလရှည်ကြာ ခံစားနေခဲ့ရတဲ့ အူလမ်းကြောင်းဆိုင်ရာ ulcerative colitis ရောဂါကြောင့် ရာထူးမှ နုတ်ထွက်ကြောင်း ဩဂုတ် ၂၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ 

ယိုရှီဟီဒါဆူဂါဆိုတာ ဘယ်သူလဲ?

ဩဇာကြီးမားတဲ့ အစိုးရရဲ့ အကြံပေးပုဂ္ဂိုလ်နဲ့ ပြောခွင့်ရအမျိုးသားလည်းဖြစ်တဲ့ အသက် ၇၁ နှစ်အရွယ် ဆူဂါဟာ အဘေးရဲ့ မူဝါဒတွေကို ဆက်လက်ဆောင်ရွက်ပြီး နိုင်ငံတည်ငြိမ်ရေး လုပ်ဆောင်နိုင်မယ့်သူအဖြစ် အများက ရှုမြင်ထားကြပါတယ်။ ဆူဂါဟာ ရာထူးမှ နုတ်ထွက်သွားတဲ့ ဂျပန်ဝန်ကြီးချုပ်အဘေးရဲ့ ကာလရှည်ကြာ လက်ထောက်တစ်ဦးအဖြစ်လည်း ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။


(ရှင်ဇိုအဘေးနဲ့ ဆူဂါ) (Photo: Yuya Shino/Reuters)

Nippon TV သတင်းဌာကတော့ ဆူဂါဟာ "အဘေးနိုမစ် (Abenomics)" လို့ သုံးနှုန်းခေါ်ဝေါ်ကြတဲ့ ကမ္ဘာ့တတိယ စီးပွားရေးအင်အားအကြီးဆုံး ဂျပန်နိုင်ငံရဲ့ စီးပွားရေး တိုးတက်ကောင်းမွန်ရေး အဘေးရဲ့ မူဝါဒများကို ဆက်လက် ဆောင်ရွက်သွားရန် ကတိပြုသွားလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။

ထို့အတူ ရောဂါကူးစက်မှုထိန်းချုပ်ရေး အစီအမံတွေနဲ့ စီးပွားရေးလုပ်ကိုင်နိုင်မှု နှစ်ခုလုံးကို အလေးထားတဲ့ ဂျပန်အစိုးရရဲ့ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး တုံ့ပြန်ဆောင်ရွက်မှုကိုလည်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ Nippon TV သတင်းက ဖော်ပြပါတယ်။ ဂျပန်ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခံရသူဟာ အဘေးရဲ့ လက်ရှိဝန်ကြီးချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ တာဝန်ယူသွားမယ်လို့ သိရပါတယ်။

(ဂျပန်ဟာ ကပ်ရောဂါကြုံနေရပြီး စီးပွားရေကျဆင်းခဲ့ပါတယ်) (Photo: Getty Images)

ဝါရင့် နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဆူဂါဟာ စတော်ဘယ်ရီစိုက်ပျိုးတဲ့ တောင်သူလယ်သမားတွေရဲ့ သားတစ်ဦးဖြစ်ပြီး ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ဂျပန်အစိုးရအဖွဲ့မှာ အတွင်းရေးမှူးအဖြစ် အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲအထိ ကြိုး အစိုးရကို ဦးဆောင်သွားမယ့်သူအဖြစ် ခန့်မှန်းထားခဲ့ကြပါတယ်။

ဆူဂါဟာ လက်ရှိ အစိုးရကို ကျန်းမာရေးကြောင့် ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်သွားတဲ့ ရှင်ဇိုအဘေး မပါဝင်ဘဲ ဆက်လက် ဦဆောင်သွားနိုင်သူလို့ ယူဆထားကြတာကြောင့် အဘေးနဲ့ အခြား အာဏာရ Liberal Democratic Party (LDP) ပါတီခေါင်းဆောင်ပိုင်းက ၎င်းကို ထောက်ခံကြကြောင်း တိုကျိုမြို့ရှိ Sophia တက္ကသိုလ်မှ ပါမောက္ခ ဌာနမှူး Koichi Nakano က BBC သတင်းဌာနကို ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က