ဂျပန်အနောက်ပိုင်း တိုကူရှီမာစီရင်စုကို ယနေ့ ဒေသစံတော်ချိန် ည ၉ နာရီဝန်းကျင်မှာ စတင်ဝင်ရောက်ခဲ့ပါတယ်။
Ko John

ဇူလိုင်လအတွင်းက ရေကြီးမှုတွေကြောင့် လူအများအပြား သေဆုံးခဲ့တဲ့ ဂျပန်နိုင်ငံအနောက်ပိုင်းကို အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း ယနေ့ (သြဂုတ် ၂၃ ရက်) ဝင်ရောက်တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးထားပါတယ်။

Typhoon-Cimaron-path-update-Is-typhoon-strengthening-1006794.jpg

Photo: Getty Images



တိုင်ဖွန်းမုန်တိုင်း စီမာရွန် (Cimaron) က ဂျပန်အနောက်ပိုင်း တိုကူရှီမာစီရင်စုကို ယနေ့ ဒေသစံတော်ချိန် ည ၉ နာရီဝန်းကျင်မှာ စတင်ဝင်ရောက်ခဲ့ပြီး ဂျပန်ပင်လယ်ပြင်ကို သောကြာနေ့ (သြဂုတ် ၂၄ ရက်) မနက်ပိုင်းမှာ မရောက်ရှိမီ ကုန်းတွင်းပိုင်းတစ်လျှောက် ဖြတ်သန်းတိုက်ခတ်သွားမယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။ တိုင်ဖွန်းမုန်တိုင်း ဖြတ်သန်းတိုက်ခတ်မှုအတွက် သတိရှိရှိနေပြီး လိုအပ်တဲ့ စီမံဆောင်ရွက်မှုမှန်သမျှ လုပ်ဆောင်ကြရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက ယနေ့ အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ မုန်တိုင်းတိုက်မှုနဲ့ပတ်သက်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

2018-08-23_231103.jpg

Map: AccuWeather



ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတွေအနေနဲ့ မုန်တိုင်းတိုက်ခတ်မှုအတွက် ရွှေ့ပြောင်းရန်ညွှန်ကြားချက်ထုတ်ပြန်မှုနဲ့ အခြား လိုအပ်တဲ့ စီစဉ်ဆောင်ရွက်မှုတွေကို တုံ့ဆိုင်းမှုမရှိဘဲ လုပ်ဆောင်ကြရန်လည်း ဝန်ကြီးချုပ်အဘေးက တိုက်တွန်းထားပါတယ်။ တိုင်ဖွန်းမုန်တိုင်း စီမာရွန်ဟာ ယနေ့ ဒေသစံတော်ချိန် ည ၈ နာရီအချိန် တိုင်းတာမှုအရ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၁၂၃ မိုင်အထိဖြင့် တိုက်ခတ်နေပြီး ဂျပန်အနောက်ပိုင်းဒေသတွေမှာ လေပြင်းများတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း သိရပါတယ်။

japan-flood-10.jpg

ဂျပန်အနောက်ပိုင်းမှာ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့စဉ် (Photo: AP)



မုန်တိုင်းတိုက်မှုကြောင့် ဂျပန်အနောက်ပိုင်းဒေသမှာ ရထားခရီးစဉ်အချို့နဲ့ ပြည်တွင်းလေကြောင်းခရီးစဉ် ၂၆၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။ တိုင်ဖွန်းစီမာရွန် ဝင်ရောက်တိုက်ခတ်တဲ့ ဂျပန်အနောက်ပိုင်းမှာ ဇူလိုင်လအတွင်း စံချိန်တင် မိုးသည်းထန်ခဲ့ပြီး ရေကြီးမှုတွေကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဂျပန်နိုင်ငံတောင်းပိုင်းမှာလည်း ယခု သီတင်းပတ်အစောပိုင်းက တိုင်ဖွန်းမုန်တိုင်း ဆိုးလစ် ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး ကျူရှူးကျွန်းမကြီးမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

တိုင်ဖွန်းမုန်တိုင်း ဆိုးလစ်က ဂျပန်တောင်ပိုင်းမှာ တိုက်ခတ်ခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း ဂျေဂျူကျွန်းကို ယမန်နေ့ (သြဂုတ် ၂၂ ရက်) ညပိုင်းမှာ စတင်ဝင်ရောက်ခဲ့ကာ ဆိုးလ်မြို့ကို သြဂုတ် ၂၃ ရက် မနက်ပိုင်းမှာ ဖြတ်သန်းသွားမယ်လို့ ခန့်မှန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က